ယေဇကျေလ 18:18 - မြန်မာ့စံမီသမ္မာကျမ်း18 သူ၏ဖခင်သည် ညီအစ်ကိုတို့ကို ရက်ရက်စက်စက်နှိပ်စက်၍ သူတို့၏ဥစ္စာကို မတရားလုယူပြီး မိမိလူမျိုးတို့တွင် မကောင်းသောအမှုကိုပြုကျင့်သောကြောင့် ကြည့်ရှုလော့။ သူသည် မိမိအပြစ်အတွက်သေရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible18 သူ၏ဖခင်မူကားလိမ်လည်လှည့်စား၍သူ တစ်ပါးတို့၏ဥစ္စာကိုအနိုင်အထက်လုယူ လျက် အစဉ်ပင်လူအပေါင်းအားဆိုးညစ်စွာ ပြုကျင့်သဖြင့်မိမိ၏အပြစ်များကြောင့် သေရ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 အ ဖ မှာ မူ၊ ဆွေ မျိုး သား ချင်း ကို၊ နှိပ် စက် ညှဉ်း ပန်း လု ယက် ယူ ငင် လျက်၊ ကိုယ့် လူ့ ဘောင် တွင် မ ကောင်း မှု ကို ပြု ကျင့် သည့် အ တွက်၊ ကိုယ့် ဒု စ ရိုက် ကြောင့် သေ ဒဏ် ခံ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible18 အဘမူကား၊ မိမိညီအစ်ကိုကို အထပ်ထပ်ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတို့တွင် မကောင်းသောအမှုကို ပြုသောအပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။ အခန်းကိုကြည့်ပါ။ |
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။