ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
ထွက်မြောက် 15:2 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။ Common Language Bible ထာဝရဘုရားသည်ငါ၏ခွန်အားကြီးသော အကာအကွယ်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည်ကိုယ်တော်အားထောမနာပြုပါမည်။ ကိုယ်တော်သည်ငါ့အဖ၏ဘုရားသခင် ဖြစ်တော်မူ၍ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ကူးရင့်သီဆိုပါမည်။ Garrad Bible ထာ ဝ ရ ဘု ရား သည် ငါ့ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ ငါ့ ကို ကယ် ဆယ် ရာ အ ကြောင်း ဖြစ် တော် မူ၏။ ထို ဘု ရား သည် ငါ့ ဘု ရား ဖြစ် တော် မူ၍ ထော မ နာ ပြု ပါ မည်။ ငါ့ အ ဘ၏ ဘုရား သ ခင် ဖြစ် တော် မူ၍ ဂုဏ် တော် ကို ချီး မြှောက် ပါ မည်။ Judson Bible ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင်ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။ |
ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချို၊ ငါ၏ခံတပ်၊ ငါ၏မှီခိုရာ၊ ရက်စက်ကြမ်းကြုတ်မှုတို့မှ ငါ့ကိုကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။
ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ၏ကယ်တင်ရာကျောက်ဆောင်ဖြစ်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။”
ကိုယ်တော်၏လူမျိုးတော်အစ္စရေးကို ကိုယ်တော့်အဖို့ ထာဝရပိုင်ဆိုင်ရာလူမျိုးတော်အဖြစ် တည်စေတော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့၏ဘုရားသခင် ဖြစ်တော်မူပါပြီ။
“ငါ့အစေအပါးဒါဝိဒ်ထံသွား၍ ဆင့်ဆိုလော့။ ထာဝရဘုရားက ‘သင်သည် ငါစံမြန်းတော်မူရာအဖို့ အိမ်တော်ကို တည်ဆောက်မည်လော။
ကိုယ်တော်အဖို့ မြင့်မြတ်သောအိမ်တော်၊ ကိုယ်တော် အစဉ်အမြဲကိန်းဝပ်တော်မူရာနေရာကို အကျွန်ုပ်တည်ဆောက်ပါပြီ”ဟု မြွက်ဆို၏။
အကယ်စင်စစ် ဘုရားသခင်သည် ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။
အကျွန်ုပ်၏ချီးမွမ်းရာဖြစ်တော်မူသော ဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။
ထာဝရဘုရားသည် ငါ၏ခွန်အားနှင့်တေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၍ အကျွန်ုပ်ကိုကယ်တင်သောအရှင် ဖြစ်တော်မူသောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၍ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။
အကျွန်ုပ်အတွက် ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူသော အို ဘုရားရှင်ထာဝရဘုရား၊ စစ်တိုက်ရသောနေ့တွင် ကိုယ်တော်သည် အကျွန်ုပ်၏ဦးခေါင်းကို အုပ်မိုးကွယ်ကာပေးတော်မူ၏။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
အကျွန်ုပ်သည် မွေးဖွားလာသည်နှင့် လက်တော်ထဲသို့ရောက်ပါ၏။ အမိဝမ်းထဲ၌ရှိခဲ့စဉ်ကပင် ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။
သို့သော် ကိုယ်တော်သည် သန့်ရှင်းသောအရှင်ဖြစ်တော်မူပြီး အစ္စရေးလူမျိုး၏ချီးမွမ်းခြင်း၌ စိုးစံတော်မူ၏။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
ထာဝရဘုရားသည် မိမိလူမျိုးတော်၏ အစွမ်းသတ္တိဖြစ်တော်မူ၏။ ကိုယ်တော်သည် မိမိဘိသိက်ပေးထားသောသူအတွက် ကယ်တင်ခြင်းရဲတိုက်ဖြစ်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဆွဲတင်တော်မူပြီး အကျွန်ုပ်၏ရန်သူတို့အား အကျွန်ုပ်ကြောင့် ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူသောကြောင့် ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။
ထာဝရဘုရားကြီးမြတ်တော်မူကြောင်းကို ငါနှင့်အတူဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်ကို အတူတကွချီးမြှောက်ကြစို့။
အကြောင်းမူကား ဤဘုရားသခင်သည် ကာလအစဉ်အဆက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့သေဆုံးသည့်တိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလိမ့်မည်။
အို အကျွန်ုပ်၏အစွမ်းသတ္တိ၊ ကိုယ်တော်ကို အကျွန်ုပ်သီဆိုချီးမွမ်းပါမည်။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်၏ခိုကိုးရာဖြစ်တော်မူ၏။ အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်ဖြစ်တော်မူ၏။
ငါတို့၏ဘုရားသခင်သည် ကယ်တင်တော်မူသောဘုရားဖြစ်တော်မူ၏။ သေခြင်းမှလွတ်မြောက်ခွင့်သည်လည်း ဘုရားရှင်ထာဝရဘုရားထံတော်မှလာ၏။
ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြလော့။ ကိုယ်တော်သည် သန့်ရှင်းတော်မူ၏။
ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်၌ ရှိခိုးကိုးကွယ်ကြလော့။ အကြောင်းမူကား ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။
မောရှေကလည်း “မကြောက်ကြနှင့်။ ယနေ့ သင်တို့အတွက် ပြုတော်မူမည့် ထာဝရဘုရား၏ကယ်တင်ခြင်းကို ရပ်၍ကြည့်ကြလော့။ ယနေ့ သင်တို့မြင်နေရသောအီဂျစ်လူမျိုးတို့ကို မည်သည့်အခါမျှ မြင်ရတော့မည်မဟုတ်။
တစ်ဖန် ဘုရားသခင်က “ငါသည် သင့်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့် မိမိမျက်နှာကို ဖုံးကွယ်ထားလေ၏။
ထိုအခါ သင်သည် ဖာရောမင်းကြီးအား ‘ထာဝရဘုရားက အစ္စရေးလူမျိုးသည် ငါ့သား၊ ငါ၏သားဦးဖြစ်၏။
ထိုအခါ မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုဖုံးလွှမ်း၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။
ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်သောအမှုကိုပြုတော်မူပြီ။ ရှေးအကြံအစည်တော်တို့ကို မြဲမြံသောသစ္စာနှင့်ပြုတော်မူပြီ။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအားဖြင့် ထာဝရတည်သောကယ်တင်ခြင်းကိုရရှိမည်။ သင်တို့သည် ကာလအစဉ်အဆက် အရှက်ကွဲရမည်မဟုတ်။ အသရေပျက်ရမည်မဟုတ်။
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ကောင်းကင်ဘုံသည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ ငါ့အတွက် အိမ်ကို အဘယ်မှာဆောက်မည်နည်း။ ငါကိန်းဝပ်ရာအရပ်ကား အဘယ်မှာနည်း”ဟု မိန့်တော်မူ၏။
အကယ်စင်စစ် တောင်ကြီး၊ တောင်ငယ်များပေါ်မှ ဆူညံသောအသံသည် လှည့်ဖြားခြင်းသာဖြစ်၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်ရန်နှင့် ကိုယ်တော်ဘိသိက်ပေးထားသောသူကိုကယ်တင်ရန် ကြွလာတော်မူပြီ။ အိမ်ကို အုတ်မြစ်မှအမိုးတိုင်အောင်လှန်ပစ်သကဲ့သို့ ဆိုးယုတ်သောအမျိုးအနွယ်၏အကြီးအမှူးကို ချေမှုန်းတော်မူ၏။ (စေလာ)
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား လူမျိုးခြားတို့အတွက်ပေါ်ထွန်းသောအလင်းကိုလည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော် အစ္စရေးလူမျိုးအတွက်ဘုန်းအသရေဖြစ်သော လူအပေါင်းတို့ရှေ့၌ပြင်ဆင်ထားသည့် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးကိုလည်းကောင်း အကျွန်ုပ်၏မျက်စိဖြင့် မြင်ရပါပြီ”ဟု ဆိုလေ၏။
ကယ်တင်ခြင်းသည် ဂျူးလူမျိုးတို့ထဲမှဖြစ်ပေါ်လာသည်ဖြစ်၍ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။
ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။
ဆိုလိုသည်မှာ ဘုရားသခင်သည် လောကီသားတို့ကျူးလွန်သောအပြစ်များကို သူတို့အပေါ်သင့်ရောက်စေတော်မမူဘဲ သူတို့ကို ခရစ်တော်၌ မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူပြီး ပြန်လည်သင့်မြတ်ခြင်းတရားကို ငါတို့၌အပ်ထားတော်မူ၏။
သင်တို့သည်လည်း ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူရာအဖြစ်သို့ ထိုသခင်၌ အတူတကွတည်ဆောက်ခြင်းခံရကြ၏။
သင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသောအမှုကြီးများကို သင့်အတွက်ပြုတော်မူသောအရှင်သည် သင်ချီးမွမ်းရာ သင်၏ဘုရားသခင်ဖြစ်တော်မူ၏။
နှုတ်ရှိသမျှတို့သည်လည်း ယေရှုခရစ်တော်သည်အရှင်သခင်ဖြစ်ကြောင်းဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အကြောင်းတည်း။
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။
ထို့နောက် ကောင်းကင်ရှိ များစွာသောလူထုပရိသတ်တို့၏ကျယ်လောင်သည့်အသံကဲ့သို့သောအသံကို ငါကြားရ၏။ သူတို့က “ဟာလေလုယာ။ ကယ်တင်ခြင်း၊ ဘုန်းအသရေတော်နှင့် တန်ခိုးတော်တို့သည် ငါတို့ဘုရားသခင်နှင့်ဆိုင်တော်မူ၏။
ကိရှုန်မြစ်၊ ရှေးကတည်းကရှိခဲ့သောမြစ်ဖြစ်သည့်ကိရှုန်မြစ်သည် သူတို့ကို တိုက်ချသွားပြီ။ အို ငါ့ဝိညာဉ်၊ ခွန်အားအပြည့်နှင့်ချီတက်လော့။