Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 40:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ထိုအခါ မိုးတိမ်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို​ဖုံးလွှမ်း​၍ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ဖြင့်​ပြည့်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို မိုး​တိမ်​တိုက်​လွှမ်း​၍​ထာ​ဝ​ရ​ဘု​ရား ၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် တဲ​တော်​တွင်း​၌​ထွန်း​တောက်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ထို အ ခါ တွေ့ ဆုံ ရာ တဲ တော် ကို တိမ် တိုက် လွှမ်း မိုး ၍ စံ ရာ တော် သည် ထာ ဝ ရ ဘုရား ၏ ဘုန်း တော် နှင့် ပြည့် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ထို​အ​ခါ မိုး​တိမ်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​လွှမ်း​မိုး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တဲ​တော်​ကို​ဖြည့်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 40:34
28 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ခဲ့​သည့်​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ​သည် အိမ်​တော်​နှင့် မ​စံမြန်း​၊ တဲ​တော်​နှင့်​သာ​စံမြန်း​လှည့်လည်​ခဲ့​ပြီ​။


တံပိုးမှုတ်​သူ​များ​နှင့် သီချင်းဆို​သူ​များ​သည် စည်းဝါးညီညီ​တစ်သံတည်း​ဖြင့် ထာဝရဘုရား​ထံ ဂုဏ်တော်​ချီးမွမ်း​သီဆို​ကြ​၏​။ တံပိုးသံ​၊ လင်းကွင်းသံ စသော​တူရိယာသံ​များ​နှင့်တကွ ထာဝရဘုရား​ထံ “​ကိုယ်တော်​ကောင်းမြတ်​တော်မူ​၏​။ မေတ္တာကရုဏာ​တော် အစဉ်အမြဲ​တည်​၏​”​ဟု အသံ​ကို​လွှင့်​၍ ချီးမွမ်းသီဆို​ကြ​သောအခါ ထာဝရဘုရား​၏​အိမ်​တော်​တစ်ခုလုံး မိုးတိမ်​များ​ဖုံးလွှမ်း​သွား​လေ​၏​။


ထိုသို့ ထာဝရဘုရား​အိမ်​တော်​ကို ထာဝရဘုရား​၏​ဘုန်းအသရေ​တော် ဖုံးလွှမ်း​သဖြင့် ယဇ်ပုရောဟိတ်​တို့​ပင် ထာဝရဘုရား​၏​အိမ်​တော်​ထဲသို့ ဝင်​၍​မ​ရ​ချေ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​ကိန်းဝပ်​ရာ​အိမ်​တော်​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တည်ရှိ​ရာ​အရပ်​တို့​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။


မိုးသောက်ချိန်​ရောက်​သောအခါ ထာဝရဘုရား​သည် အီဂျစ်​တပ်​ကို မီး​တိုင်​၊ မိုးတိမ်​တိုင်​ထဲမှ ငုံ့ကြည့်​တော်မူ​၍ အီဂျစ်​တပ်​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​တော်မူ​၏​။


အာရုန်​သည် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ဆင့်ဆို​စဉ် သူ​တို့​သည် တောကန္တာရ​ဘက်​သို့​လှည့်ကြည့်​သောအခါ မိုးတိမ်​ထဲ၌ ထာဝရဘုရား​၏​ဘုန်းအသရေ​တော် ထင်ရှား​နေ​သည်​ကို​မြင်​ရ​ကြ​လေ​၏​။


သူ​တို့​အလယ်​၌ ငါ​ကိန်းဝပ်​ဖို့​ရန် သူ​တို့​သည် ငါ့​အဖို့ သန့်ရှင်းရာဌာန​ကို​လုပ်​ကြ​စေ​။


ငါ​သည် ထို​နေရာ​၌ အစ္စရေး​အမျိုးသား​တို့​နှင့်​တွေ့ဆုံ​မည်​။ ထို​နေရာ​သည် ငါ​၏​ဘုန်းအသရေ​အားဖြင့် သန့်ရှင်း​လိမ့်မည်​။


မောရှေ​သည် တဲ​တော်​ထဲသို့​ဝင်သွား​သောအခါ မိုးတိမ်​တိုင်​သည်​ဆင်းလာ​၍ တဲ​တော်​အဝင်ဝ​၌ တည်​နေ​၏​။ ထို့နောက် ထာဝရဘုရား​သည် မောရှေ​နှင့်​စကားပြော​တော်မူ​၏​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


ထို​ကြွေးကြော်​သံ​ကြောင့် တံခါး​တိုင်​တို့​သည်​ခါယမ်း​၍ အိမ်​တော်​သည် မီးခိုး​နှင့်​ပြည့်​လေ​၏​။


ထာဝရဘုရား​၏​ဘုန်း​တော်​သည် ခေရုဗိမ်​အထက်​မှ အိမ်​တော်​တံခါးခုံ​သို့ ရွေ့သွား​လျှင် အိမ်​တော်​တစ်ခုလုံး မိုးတိမ်​များ​လွှမ်းခြုံ​သွား​၏​။ ဝင်း​တစ်ခုလုံး​သည်​လည်း ထာဝရဘုရား​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ထွန်းတောက်​လေ​၏​။


“​ငါ​သည် ကရုဏာ​တော်​ပလ္လင်​အထက်​တွင် မိုးတိမ်​အားဖြင့်​ထင်ရှား​မည်​ဖြစ်၍ သင်​၏​အစ်ကို​အာရုန်​မ​သေ​ရ​မည့်​အကြောင်း သေတ္တာ​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်​ရှေ့​၊ ကန့်လန့်ကာ​အတွင်း​ဘက်​ရှိ သန့်ရှင်းရာဌာန​ထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာ​ခြင်း​မ​ပြု​ရန် သူ့​အား​ပြော​လော့​။


‘ငါ​သည် လူမျိုး​အပေါင်း​တို့​ကို ကြောက်ရွံ့တုန်လှုပ်​စေ​မည်​။ လူမျိုး​အပေါင်း​တို့​သည် သူ​တို့​၏​အဖိုးတန်​ရတနာ​တို့​ကို ယူဆောင်​လာ​ကြ​လိမ့်မည်​။ ဤ​အိမ်​တော်​ကို​လည်း ဘုန်းအသရေ​တော်​နှင့် ငါ​ပြည့်​စေ​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။


‘ဤ​အိမ်​တော်​၏​ဘုန်းအသရေ​သည် ယခင်​အိမ်​တော်​ထက် သာ၍​ကြီးမြတ်​လိမ့်မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။ ‘ဤ​အရပ်​၌​လည်း ငြိမ်သက်​ခြင်း​ကို ငါ​ပေး​မည်’​ဟူ၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။


မောရှေ​သည် ထာဝရဘုရား​နှင့်​စကားပြော​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ သက်သေခံချက်​သေတ္တာ​တော်​ပေါ်ရှိ ကရုဏာ​တော်​ပလ္လင်​အထက် ခေရုဗိမ်​နှစ်​ပါး​အကြား​မှ သူ့​အား ပြော​သော​စကားသံ​ကို ကြား​ရ​၏​။ ထာဝရဘုရား​သည် သူ​နှင့်​စကားပြော​တော်မူ​၏​။


သူ​တို့​သည် အစ္စရေး​အမျိုးသား​များ​ဖြစ်​ကြ​ပြီး သားသမီး​အရာ​ဖြစ်စေ၊ ဘုန်း​အသရေ​ဖြစ်စေ၊ ပဋိညာဉ်​များ​ဖြစ်စေ၊ ပညတ်​တရား​ပေးအပ်​ခြင်း​ဖြစ်စေ၊ ဝတ်ပြု​ခြင်း​ဖြစ်စေ၊ ကတိ​တော်​များ​ဖြစ်စေ ထို​သူ​တို့​နှင့်ဆိုင်​၏။


ဗိမာန်​တော်​သည် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်​တန်ခိုး​တော်​တို့​မှ​ထွက်ပေါ်​သော အခိုးအငွေ့​များ​နှင့်​ပြည့်​သဖြင့် ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​၏​ဘေးဒဏ်​ခုနစ်​မျိုး​မပြီးမချင်း မည်သူမျှ ဗိမာန်​တော်​ထဲသို့​မ​ဝင်​နိုင်​ချေ။


ထို့နောက် ပလ္လင်​တော်​မှ​ကျယ်လောင်​သော​အသံ​က “ကြည့်ရှု​လော့။ ဘုရားသခင်​စံရာ​တဲ​တော်​သည် လူ​တို့​တွင်​ရှိ​၍ ကိုယ်တော်​သည် သူ​တို့​နှင့်အတူ​စံမြန်း​တော်မူ​မည်။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​ကိုယ်တော်​တိုင် သူ​တို့​နှင့်အတူ​ရှိ​၍ သူ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ