ထွက်မြောက် 15:2 - Garrad Bible2 ထာ ဝ ရ ဘု ရား သည် ငါ့ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ ငါ့ ကို ကယ် ဆယ် ရာ အ ကြောင်း ဖြစ် တော် မူ၏။ ထို ဘု ရား သည် ငါ့ ဘု ရား ဖြစ် တော် မူ၍ ထော မ နာ ပြု ပါ မည်။ ငါ့ အ ဘ၏ ဘုရား သ ခင် ဖြစ် တော် မူ၍ ဂုဏ် တော် ကို ချီး မြှောက် ပါ မည်။ အခန်းကိုကြည့်ပါ။Common Language Bible2 ထာဝရဘုရားသည်ငါ၏ခွန်အားကြီးသော အကာအကွယ်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည်ကိုယ်တော်အားထောမနာပြုပါမည်။ ကိုယ်တော်သည်ငါ့အဖ၏ဘုရားသခင် ဖြစ်တော်မူ၍ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ကူးရင့်သီဆိုပါမည်။ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင်ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။ အခန်းကိုကြည့်ပါ။ |
ငါ၏ ကျွန် ရင်း ဖြစ် သ ဖြင့်၊ ယာ ကုပ် အ မျိုး အ နွယ် များ ကို ထူ မ ခွင့်၊ ဣ သ ရေ လ လူ အ ကျန် အ ကြွင်း တို့ ကို ပြန် ဆောင် ခွင့် များ သည်၊ သာ မ ည ဖြစ် သေး သည် နှင့် မြေ ကြီး အ စွန် အ ဖျား တိုင် အောင်၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း အ လို့ ငှာ၊ လူ မျိုး ခြား တို့ ရှေ့ အ လင်း သ ဖွယ်၊ သင့် ကို ငါ ခန့် ထား ဦး မည် ဟု မိန့် တော် မူ ၏။
ငါ သည် ထို တစ် စု ကို မီး တွင် ချ ၍၊ ငွေ ကို ချွတ် သ ကဲ့ သို့ ချွတ် လျက်၊ ရွှေ ကို လှော် သ ကဲ့ သို့ လှော် သ ဖြင့်၊ နာ မ တော် အား ပ ဌ နာ ပြု သော ထို သူ တို့ ကို နား ညောင်း၍၊ ငါ့ လူ မျိုး တော် ဟု ခေါ် တွင် မည့် အ လျောက်၊ သူ တို့ က လည်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ဘု ရား သခင် ပေ တည်း ဟု ဝန် ခံ ကြ ရ လ တ္တံ့ ဟူ ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ထို သူ တို့ သည် ဘု ရား သ ခင့် ကျွန် တော် ရင်း မော ရှေ၏ ဧ ချင်း ကို လည်း ကောင်း၊ သိုး ငယ် တော်၏ ဧ ချင်း ကို လည်း ကောင်း၊ သီ ဆို လျက် အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ အ မှု တော် များ သည် ထူး ဆန်း ကြီး မြတ် လှ ပါ၏။ အို လူ အ မျိုး မျိုး တို့၏ ဘု ရင် မင်း မြတ်၊ နည်း လမ်း တော် များ သည် ဖြောင့် မတ် မှန် ကန် လှ ပေ ၏။