Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 68:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငါ​တို့​၏​ဘုရားသခင်​သည် ကယ်တင်​တော်မူ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ သေ​ခြင်း​မှ​လွတ်မြောက်​ခွင့်​သည်​လည်း ဘုရားရှင်​ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ငါ​တို့​၏​ဘု​ရား​သည်​ကယ်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ကား​ထာ​ဝ​ရ​ဘု​ရား၊ ငါ​တို့​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​သော ငါ​တို့​၏​ဘု​ရား​ရှင်​ဖြစ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ဘု ရား သ ခင် သည်၊ ငါ တို့ ကို ကယ် လွှတ် သော ဘု ရား ဖြစ် တော် မူ၏။ ယေ ဟော ဝါ အ ရှင် ဘု ရား သည်၊ သေ ဘေး မှ ကယ် လွှတ် ခွင့် ကို ပိုင် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ကယ်​တင်​နိုင်​သော​ဘု​ရား​ဖြစ်​တော်​မူ၏။ ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သေ​ခြင်း​သို့ ရောက်​သော​လမ်း​ကို​လည်း အ​စိုး​ပိုင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 68:20
17 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​ကယ်နုတ်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ အသက်​၏​အလင်း​ထဲတွင် လျှောက်လှမ်း​နိုင်​ရန် အကျွန်ုပ်​၏​ခြေ​ကို ခလုတ်တိုက်​ခြင်း​နှင့် ကင်း​စေ​တော်မူ​သည်​မ​ဟုတ်​လော​။


ထာဝရဘုရား​သည် ငါ​၏​အစွမ်းသတ္တိ​၊ ငါ​ကျူးဧရာ​တေးသီချင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​၏​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​အား ငါ​ချီးမွမ်း​မည်​။ ငါ့​အဖ​၏​ဘုရား​ဖြစ်​တော်မူ​သော​ကိုယ်တော်​အား ငါ​ချီးမြှောက်​မည်​။


သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့် ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။


ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ယုံကြည်ကိုးစား​မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ခွန်အား​၊ ငါ​၏​တေးသီချင်း​၊ ငါ့​ကို ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​”​ဟု ဆို​လိမ့်မည်​။


ယုဒ​အမျိုးအနွယ်​ကို​မူကား ငါ​သနားစုံမက်​မည်​။ သူ​တို့​ကို လေး​၊ ဓား​၊ စစ်မက်​၊ မြင်း​၊ မြင်းစီးသူရဲ​တို့​ဖြင့် ကယ်တင်​မည်​မ​ဟုတ်​။ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကိုယ်တိုင် သူ​တို့​ကို​ကယ်တင်​မည်​”​ဟု မိန့်​တော်မူ​၏​။


ကယ်တင်​ခြင်း​သည် ဂျူး​လူမျိုး​တို့​ထဲမှ​ဖြစ်​ပေါ်လာ​သည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။


ခမည်းတော်​သည် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​၍ အသက်ရှင်​စေ​တော်မူ​သကဲ့သို့ သား​တော်​သည်​လည်း မိမိ​အလိုရှိ​သော​သူ​တို့​ကို အသက်ရှင်​စေ​၏။


ငါ​သာလျှင် ဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် အသက်​ကို​သေ​စေ​နိုင်​၏​၊ ရှင်​စေ​နိုင်​၏​။ ငါ​သည် ဒဏ်ရာရ​စေ​နိုင်​၏​၊ ပျောက်ကင်း​စေ​နိုင်​၏​။ မည်သူ​မျှ ငါ့​လက်​မှ မ​လွတ်မြောက်​နိုင်​။


အသက်ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့သော် ကြည့်ရှု​လော့။ ငါ​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။


ထို့နောက် ကောင်းကင်​တမန်​တစ်​ပါး​သည် အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​၏​သော့​နှင့် ကြီးမား​သော​သံကြိုး​တို့​ကို မိမိ​လက်​၌​ကိုင်​ထား​လျက် ကောင်းကင်​မှ​ဆင်းသက်​လာ​သည်​ကို ငါ​မြင်​ရ​၏။


ထာဝရဘုရား​သည် အသက်​ကို​သေ​စေ​နိုင်​၏​။ အသက်​ကို ရှင်​စေ​နိုင်​၏​။ မရဏာနိုင်ငံ​သို့ ကျ​စေ​နိုင်​၏​။ မရဏာနိုင်ငံ​မှ​လည်း ထုတ်ဆောင်​ပေး​နိုင်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ