ခေနာနာ၏သားဇေဒကိသည် သံဦးချိုများကိုပြုလုပ်ပြီး အာဟပ်မင်းကြီးအား “ ‘မင်းကြီးသည် ဤသံဦးချိုများဖြင့် ဆီးရီးယားလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဝှေ့ယမ်းတိုက်ခိုက်ရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆို၏။
ဇာခရိ 1:19 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား “ဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် သူက “ဤချိုများကား ယုဒလူမျိုး၊ အစ္စရေးလူမျိုးနှင့် ဂျေရုဆလင်မြို့တို့ကို ကွဲလွင့်စေသောချိုများဖြစ်သည်”ဟု ငါ့အား ပြောပြ၏။ Common Language Bible ငါသည်မိမိနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်အားထိုဦးချိုများ၏ အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်း၍ကြည့်၏။ ထိုကောင်းကင်တမန်က``ထိုဦးချိုတို့သည် ယုဒပြည်သား၊ ဣသရေလပြည်သားနှင့် ယေရုရှလင်မြို့သားတို့အားကွဲလွင့်စေခဲ့ သူကမ္ဘာတန်ခိုးရှင်များကိုသရုပ်ဆောင်ပါ သည်'' ဟုဆို၏။ Garrad Bible ငါ နှင့် မြွက် ဆို သော စေ တ မန် တော် အား၊ ဤ အ ရာ ကား၊ မည် သို့ ပါ နည်း ဟု မေး လျှင်၊ ယေ ရု ရှ လင် မြို့ မှ စ၍၊ ဣ သ ရေ လ နှင့် ယု ဒ လူ မျိုး တို့ ကို၊ ကွဲ လွင့် စေ သော ဦး ချို များ တည်း ဟု ပြန် ဆို လေ ၏။ Judson Bible ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အားလည်း၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင်မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော၏။ |
ခေနာနာ၏သားဇေဒကိသည် သံဦးချိုများကိုပြုလုပ်ပြီး အာဟပ်မင်းကြီးအား “ ‘မင်းကြီးသည် ဤသံဦးချိုများဖြင့် ဆီးရီးယားလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဝှေ့ယမ်းတိုက်ခိုက်ရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆို၏။
သုံ့ပန်းအဖြစ်ပါသွားသူတို့၏သားမြေးများသည် ထာဝရဘုရားအဖို့ ဗိမာန်တော်တည်ဆောက်ကြောင်းကို ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးတို့၏ရန်သူတို့ ကြားသိရလျှင်
ထိုအခါ ထိုပြည်သားတို့သည် ယုဒအမျိုးသားတို့ကို စိတ်အားလျော့စေ၍ အိမ်တော်တည်ဆောက်ရာတွင် အနှောင့်အယှက်ပေးကြ၏။
အာတဇေရဇ်မင်းကြီးလက်ထက်၌လည်း ဗိရှလံ၊ မိသရေဒတ်၊ တဗေလတို့နှင့် ကျန်အပေါင်းပါတို့သည် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးထံသို့ စာရေးသားပေးပို့ကြ၏။ ထိုစာကို အာရမိတ်ဘာသာသို့ ဘာသာပြန်ဆို ရေးသားပေးလိုက်၏။
ထိုစဉ်က ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းကိုအုပ်ချုပ်ရသူ ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည် လာ၍ “မည်သူ၏အမိန့်ဖြင့် ဤအိမ်တော်ကို ပြန်လည်တည်ဆောက်ပြီး ဤမြို့ရိုးကို လက်စသတ်ရသနည်း”ဟု မေးမြန်းကြ၏။
ဝါကြွားသောသူတို့အား ‘မဝါကြွားကြနှင့်’ ဟူ၍လည်းကောင်း၊ ဆိုးယုတ်သောသူတို့အား ‘ချိုမထောင်ကြနှင့်။
အထက်ကောင်းကင်ထိတိုင်အောင် သင်တို့ချိုမထောင်ကြနှင့်။ မောက်မာစွာမပြောဆိုကြနှင့်’ ဟူ၍လည်းကောင်း ငါမိန့်ဆို၏။”
မောဘပြည်ဦးချိုသည် ချိုးဖြတ်ခံရပြီ။ သူ၏လက်ရုံးသည် ကျိုးလေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။
ထို့ကြောင့် ငါသည် အနားတွင်ရပ်နေသောသူတစ်ဦးထံသွားပြီး ဤအဖြစ်အပျက်အလုံးစုံနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်အမှန်ကို မေးကြည့်လျှင် ထိုသူက ဤအဖြစ်အပျက်အလုံးစုံ၏အနက်အဓိပ္ပာယ်ကို ငါ့အား ဖော်ပြမည်ဟု ဆို၏။
“ငါတို့အင်အားဖြင့် ကာနိမ်မြို့ကို ငါတို့သိမ်းယူနိုင်ပြီ”ဟု ဆိုလျက် လောဒေဗာမြို့တွင် သင်တို့ဝမ်းမြောက်ကြ၏။
အဖိနှိပ်ခံရသောသူတို့ကို ကွယ်ရာ၌ ဝါးမျိုရသည်ကို အားရနှစ်သက်၍ အကျွန်ုပ်တို့ကိုကွဲလွင့်သွားအောင် လေပွေသဖွယ်တိုက်ခိုက်လာသောသူ၏စစ်သည်တို့ဦးခေါင်းကို သူ၏လှံဖြင့်ပင် ထိုးဖောက်တော်မူ၏။
ထိုအခါ ငါကလည်း “ဤသူတို့သည် မည်သည့်အတွက် လာကြသနည်း”ဟု မေးလျှောက်လျှင် ကိုယ်တော်က “ဤချိုများသည် ယုဒလူမျိုးတစ်ယောက်မျှ ခေါင်းမဖော်ဝံ့အောင် ကွဲလွင့်စေသောချိုများ ဖြစ်၏။ ဤသူတို့မူကား ချိုထောင်၍ ယုဒလူမျိုးကိုကွဲလွင့်စေသောလူမျိုးခြားတို့ ကြောက်ရွံ့တုန်လှုပ်သွားအောင် သူတို့၏ချိုများကို ချိုးပစ်ရန် ရောက်လာခြင်းဖြစ်သည်”ဟု ပြန်ဖြေ၏။
ငါကလည်း “သခင်၊ အကျွန်ုပ်မြင်ရသောဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် ငါနှင့်စကားပြောနေသောကောင်းကင်တမန်က “ဤအရာများ မည်သို့ဆိုလိုသည်ကို သင့်အား ငါပြမည်”ဟု မိန့်ဆိုပြီးလျှင်
ထိုအခါ ငါက “အဘယ်အရပ်သို့ သွားမည်နည်း”ဟု မေးလျှင် သူက “ဂျေရုဆလင်မြို့၏အလျားအနံမည်မျှရှိသည်ကို သိနိုင်ရန် သွား၍တိုင်းမည်”ဟု ငါ့အား ဖြေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏ဘိုးဘေးတို့အား အမျက်ထွက်ခဲ့စဉ်အခါက သင်တို့အပေါ်သို့ ဘေးဆိုးကို ကျရောက်စေမည်ဟု ငါကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း စိတ်ပြောင်းလဲမည်မဟုတ်။