ဇာခရိ 1:19 - Common Language Bible19 ငါသည်မိမိနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်အားထိုဦးချိုများ၏ အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်း၍ကြည့်၏။ ထိုကောင်းကင်တမန်က``ထိုဦးချိုတို့သည် ယုဒပြည်သား၊ ဣသရေလပြည်သားနှင့် ယေရုရှလင်မြို့သားတို့အားကွဲလွင့်စေခဲ့ သူကမ္ဘာတန်ခိုးရှင်များကိုသရုပ်ဆောင်ပါ သည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible19 ငါ နှင့် မြွက် ဆို သော စေ တ မန် တော် အား၊ ဤ အ ရာ ကား၊ မည် သို့ ပါ နည်း ဟု မေး လျှင်၊ ယေ ရု ရှ လင် မြို့ မှ စ၍၊ ဣ သ ရေ လ နှင့် ယု ဒ လူ မျိုး တို့ ကို၊ ကွဲ လွင့် စေ သော ဦး ချို များ တည်း ဟု ပြန် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible19 ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အားလည်း၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင်မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ထို့ကြောင့် ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား “ဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် သူက “ဤချိုများကား ယုဒလူမျိုး၊ အစ္စရေးလူမျိုးနှင့် ဂျေရုဆလင်မြို့တို့ကို ကွဲလွင့်စေသောချိုများဖြစ်သည်”ဟု ငါ့အား ပြောပြ၏။ အခန်းကိုကြည့်ပါ။ |
ထိုကောင်းကင်တမန်သည် မိုးကောင်းကင် သို့လက်နှစ်ဖက်ကိုမြှောက်ချီကာ ကာလ အစဉ်အသက်ရှင်တော်မူသောဘုရားအား တိုင်တည်၍ကျိန်ဆိုသည်မှာ``သုံးနှစ်ခွဲမျှ ကြာလိမ့်ဦးမည်။ ဘုရားသခင်၏လူမျိုး တော်ခံရသောညှင်းဆဲနှိပ်စက်မှုများ ပြီးဆုံးချိန်၌ ဤအမှုအရာအပေါင်း တို့သည်လည်းပြီးဆုံးသွားလိမ့်မည်'' ဟု မြွက်ဆိုသည်ကိုငါကြားရ၏။
ငါကလည်း``ဤသူတို့သည်အဘယ်မှုကို ပြုရန်ရောက်ရှိလာကြပါသနည်း'' ဟုမေး လျှောက်လေလျှင်၊ ကိုယ်တော်က``သူတို့သည်ယုဒအမျိုးသား တို့အားကွဲလွင့်စေ၍အကုန်အစင်ဖျက်ဆီး ချေမှုန်းခဲ့သည့်လူမျိုးတို့အား တုန်လှုပ်ချောက် ချားစေ၍ဖြိုခွင်းနှိမ်နင်းရန်ရောက်ရှိလာ ခြင်းဖြစ်၏'' ဟုမိန့်တော်မူ၏။