Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဇ​ရ 4:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 သုံ့ပန်း​အဖြစ်​ပါသွား​သူ​တို့​၏​သားမြေး​များ​သည် ထာဝရဘုရား​အဖို့ ဗိမာန်တော်​တည်ဆောက်​ကြောင်း​ကို ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​တို့​၏​ရန်သူ​တို့ ကြားသိ​ရ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း ယု​ဒ​အ​နွယ်​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​၏​ရန်​သူ​များ​ကြား​သိ​ကြ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ယု ဒ၊ ဗင်္ယာ မိန် အ နွယ် သား တို့၏ ရန် သူ တို့ သည်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ ဗိမာန် တော် ကို၊ သုံ့ ဘမ်း ခံ ရ သူ တို့ တည် ဆောက် ကြောင်း ကြား သိ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အ​မျိုး​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဗိ​မာန်​တော်​ကို တည်​ကြ​သည်​ဟု ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး၏ ရန်​သူ​တို့​သည် ကြား​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 4:1
14 ပူးပေါင်းရင်းမြစ်များ  

စုစုပေါင်း​ရွှေ​ငွေ​အသုံးအဆောင် ငါး​ထောင်​လေး​ရာ ရှိ​၏​။ ဘေဘီလုံ​မြို့​မှ ဂျေရုဆလင်​မြို့​သို့ သုံ့ပန်း​တို့ ပြန်လာ​ကြ​သောအခါ ရှေရှဗာဇာ​သည် ထို​အသုံးအဆောင်​ရှိသမျှ​ကို​ပါ ယူဆောင်​လာ​ခဲ့​၏​။


သုံ့ပန်း​သားမြေး​တို့​မူကား ဝန်ခံ​ကြ​၏​။ ယဇ်ပုရောဟိတ်​ဧဇရ​သည်​လည်း အိမ်ထောင်စု​အကြီးအမှူး​တို့​ကို ဘိုးဘေး​တို့​မျိုးနွယ်​အလိုက် အားလုံး​ကို​နာမည်​နှင့်တကွ သီးခြားခွဲထား​ပြီးလျှင် ဒသမ​လ​၊ တစ်​ရက်​နေ့​၌ အမှု​ကို​စစ်ဆေး​ရန် စုဝေး​ကြ​၏​။


ထို့နောက် သုံ့ပန်း​သားမြေး​အားလုံး ဂျေရုဆလင်​မြို့​၌​စုဝေး​ရ​မည်​၊


ထို့ကြောင့် ဝမ်းမြောက်​စွာ​ကြွေးကြော်​သံ​လော​၊ အော်ဟစ်​ငိုကြွေး​သံ​လော မည်သူ​မျှ​ခွဲခြား​၍ မ​ရ​နိုင်​ဖြစ်​လေ​၏​။ လူအုပ်ကြီး​၏​ဆူညံ​စွာ​အော်ဟစ်​ကြွေးကြော်​သံ​ကြီး​မှာ အဝေး​မှပင် ကြား​ရ​လေ​၏​။


အစ္စရေး​အမျိုးသား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​သား​များ​နှင့် ပြန်လာ​သော​သုံ့ပန်း​သားမြေး​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ဆက်ကပ်​ပွဲ​ကို ဝမ်းမြောက်​စွာ​ကျင်းပ​ကြ​၏​။


သူ​သည် ပထမ​လ​၊ တစ်​ရက်​နေ့​တွင် ဘေဘီလုံ​မြို့​မှ စတင်​ထွက်ခွာ​လာ​၏​။ ဘုရားသခင်​သည် သူ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် ပဉ္စမ​လ​၊ တစ်​ရက်​နေ့​တွင် ဂျေရုဆလင်​မြို့​သို့ ပြန်​ရောက်လာ​၏​။


ဤသို့ဖြင့် ဒံယေလ​ကို အထံ​တော်​သို့ ခေါ်ဆောင်​လာ​ရာ ရှင်ဘုရင်​က ဒံယေလ​အား “​သင်​သည် ငါ့​ခမည်းတော် ယုဒ​ပြည်​မှ​ခေါ်ဆောင်​လာ​သော​ယုဒ​သုံ့ပန်း ဒံယေလ​လော​။


ထို့ကြောင့် ဂျေရုဆလင်​မြို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ရန် အမိန့်​ထုတ်ပြန်​သည့်​နေ့​မှစ၍ ဘိသိက်ခံ​မင်း​တစ်ပါး​ပေါ်ထွန်း​မည့်​နေ့​အထိ ခုနစ်​သီတင်း​နှင့် ခြောက်ဆယ့်​နှစ်​သီတင်း​ကြာ​လိမ့်မည်​ဟု သိ​နားလည်​လော့​။ ခဲယဉ်း​သော​ကာလ​များ​၌​ပင် ထို​မြို့​၏​လမ်း​နှင့်​ကျုံး​တို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ကြ​လိမ့်မည်​။


အကြောင်းမူကား ထိရောက်​မှု​ရှိ​သော​အမှု​တော်​လုပ်ငန်း​အတွက် ကြီးမား​သော​တံခါး​သည် ငါ့​အတွက်​ပွင့်​လျက်​ရှိ​၍ ဆန့်ကျင်​သော​သူ​လည်း များစွာ​ရှိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ