Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဇ​ရ 4:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထိုအခါ ထို​ပြည်သား​တို့​သည် ယုဒ​အမျိုးသား​တို့​ကို စိတ်အားလျော့​စေ​၍ အိမ်​တော်​တည်ဆောက်​ရာ​တွင် အနှောင့်အယှက်​ပေး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို​အ​ခါ​ထို​ပြည်​တွင်​နေ​ထိုင်​လာ​ခဲ့​ကြ​သူ​များ​သည် တည်​ဆောက်​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို စိတ်​ပျက်​အား​လျော့​၍​အ​ထ​မ​မြောက်​စေ​ရန် အ​စိုး​ရ​အ​ရာ​ရှိ​တို့​အား​တံ​စိုး​လက်​ဆောင်​ပေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4-5 ထို့ ကြောင့်၊ ပြည် နေ သူ တို့ သည် တည် ဆောက် သော ယု ဒ လူ မျိုး တို့ လက် လျော့၍ အ ထ မ မြောက် စေ ခြင်း ငှာ၊ ပေ ရ သိ ဘု ရင် ကုရု မင်း လက် ထက် မှ ဒါ ရိ မင်း လက် ထက် တိုင် အောင်၊ ရှေ့ ဆောင် ကိုယ် စား လှယ် ငှား လျက် နှောင့် ရှက် ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​အ​ခါ ပြည်​သား​တို့​သည် ယု​ဒ​အ​မျိုး​တို့​ကို လက်​အား​လျော့​စေ၍၊ တည်​ဆောက်​ခြင်း​အ​မှု​ကို နှောင့်​ယှက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 4:4
11 ပူးပေါင်းရင်းမြစ်များ  

အာဗနာ​သည် ဟေဗြုန်​မြို့​၌​သေဆုံး​သွား​ပြီ​ဖြစ်​ကြောင်း​ကို ရှောလု​မင်းကြီး​၏​သား ကြား​သောအခါ စိတ်ပျက်အားလျော့​သွား​လေ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ထိတ်လန့်​ကြ​လေ​၏​။


သူ​တို့​သည် ပြည်သား​တို့​ကို​ကြောက်ရွံ့​လျက်​နှင့်​ပင် ယဇ်ပလ္လင်​ကို မူလ​နေရာ​၌ တည်ဆောက်​ကြ​၏​။ ထို့နောက် နံနက်အချိန်​၊ နေဝင်ချိန်​တို့​၌ ထာဝရဘုရား​အဖို့ မီးရှို့ရာယဇ်​များ​ကို ပူဇော်​ကြ​၏​။


ပါးရှား​ဘုရင်​ကုရု​မင်းကြီး​စိုးစံ​သော​အချိန်​မှစ၍ ပါးရှား​ဘုရင်​ဒါရိ​မင်းကြီး​စိုးစံ​သည့်​အချိန်​အထိ အကြံပေး​အရာရှိ​တို့​ကို ငှားရမ်း​၍ ယုဒ​လူမျိုး​တို့​၏​အစီအစဉ်​ပျက်​အောင် ဖျက်ဆီး​ကြ​၏​။


ရန်သူ​တို့​က​လည်း “​သူ​တို့​မ​သိ​လိုက်​ချိန်​မှာ သူ​တို့​ထဲ​သို့​ဝင်​၍ သူ​တို့​ကို​သတ်ပစ်​မည်​။ သူ​တို့​အလုပ်​ကို ရပ်တန့်​စေ​မည်​”​ဟု ဆို​ကြ​၏​။


သူ့​ညီအစ်ကို​များ​၊ ရှမာရိ​စစ်သည်​များ​ရှေ့​တွင် “​ချည့်နဲ့​နေ​သော​ဂျူး​လူမျိုး​များ​က မည်သို့​ပြု​ကြ​မည်နည်း​။ ကိုယ့်ဘာသာ မြို့ရိုး​ပြန်တည်ဆောက်​ကြ​မည်လော​။ ယဇ်ပူဇော်​ကြ​မည်လော​။ တစ်နေ့ချင်း​အပြီး လုပ်​နိုင်​မည်လော​။ မီး​လောင်ကျွမ်း​ထား​သော​ကျောက်တုံး​များ​ကို အမှိုက်ပုံ​ထဲမှ​ထုတ်​၍ ပြန်လည်​အသက်သွင်း​မည်လော​”​ဟု ဆို​လေ​၏​။


သူ​တို့​က ငါ​တို့​ကို ခြိမ်းခြောက်​ပြီး “​သူ​တို့​အလုပ်​ကို လက်စ​မ​သတ်​နိုင်​ဘဲ အားလျော့​သွား​လိမ့်မည်​”​ဟု ဆို​ကြ​၏​။ အို အဖ​၊ အကျွန်ုပ်​ကို ခွန်အား​ပေး​တော်မူ​ပါ​။


ထိုအခါ မှူးမတ်​တို့​က ရှင်ဘုရင်​အား “​ဤ​သူ သေ​သင့်​ပါ​၏​။ သူ​ပြော​သော​စကား​အားဖြင့် ဤ​မြို့​၌​ကျန်ခဲ့​သော စစ်သည်​တို့​နှင့်​လူ​အပေါင်း​တို့​ကို စိတ်အားလျော့​စေ​ပါ​ပြီ​။ သူ​သည် ဤ​လူမျိုး​ငြိမ်းချမ်း​ဖို့​ထက် ဘေးအန္တရာယ်​ပြု​ဖို့​ကို​သာ ရှာကြံ​ပါ​ပြီ​”​ဟု လျှောက်​ကြ​၏​။


ပါးရှား​နိုင်ငံ​စောင့်​မင်း​သည် နှစ်ဆယ့်​တစ်​ရက်​တိုင်တိုင် ငါ့​ကို​ဆီးတား​နှောင့်ယှက်​ခဲ့​၏​။ ငါ့​ကို ပါးရှား​ဘုရင်​တို့​ထံ၌ ထားခဲ့​သောကြောင့် အထွတ်အမြတ်​မင်းစု​ထဲမှ​တစ်ပါး​ဖြစ်​သော​မိက္ခေလ​သည် ငါ့​ကို လာရောက်​ကူညီ​ခဲ့​ရ​၏​။


ထို​သူ​က​လည်း “​သင့်​ထံသို့ အဘယ်ကြောင့် ငါ​ရောက်လာ​ရ​သည်​ကို သင်​သိ​သလော​။ ယခု ငါ​သည် ပါးရှား​နိုင်ငံ​စောင့်​မင်း​နှင့် စစ်တိုက်​ရန် ပြန်သွား​ရ​မည်​။ ငါ​ထွက်သွား​ပြီးနောက် ဂရိ​နိုင်ငံ​စောင့်​မင်း ရောက်လာ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ