သူဖန်တီးသောအခက်အခဲပြဿနာသည် သူ့ခေါင်းပေါ်ပြန်ရောက်၍ သူ၏ရက်စက်ကြမ်းကြုတ်မှုသည် သူ၏ဦးခေါင်းထိပ်ပေါ်ကျလိမ့်မည်။
သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်းမှုကြောင့်အပြစ်ဒဏ်ခံရကြ၏။ မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာရကြ၏။
မ ကောင်း သော အ ကြံ သည်၊ ကိုယ့် ဦး ခေါင်း ပေါ် သို့ ပြန် ရောက်၍၊ ကြမ်း ကြုတ် ခြင်း သည်၊ ကိုယ့် ထိပ် ပေါ် သို့ သင့် ရောက် လိမ့် မည်။
မိမိမကောင်းသော အကြံအစည်သည် မိမိခေါင်းပေါ်မှာပြန်ရောက်၍၊ မိမိကြမ်းတမ်းသောအမှုသည် မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ်၏။
သူသည် သူ့ထက်ပို၍ဖြောင့်မတ်မှန်ကန်သူနှစ်ဦးဖြစ်သော အစ္စရေးစစ်သူကြီး နေရ၏သားအာဗနာနှင့် ယုဒစစ်သူကြီး ယေသာ၏သားအာမသတို့ကို ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး မသိဘဲ ဓားနှင့်သတ်ခဲ့၏။ ဤသို့ လူအသက်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ့ခေါင်းပေါ်သို့ ရောက်စေတော်မူမည်။
သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
သို့သော် ထိုသတင်း ဘုရင့်ထံပေါက်ကြားသောအခါ ရှင်ဘုရင်က ဂျူးလူမျိုးတို့အား ဖျက်ဆီးရန်ကြံစည်သော ဟာမန်၏ယုတ်မာသောအကြံအစည်ကို သူ့ခေါင်းပေါ်ပြန်ရောက်စေမည်ဟူ၍လည်းကောင်း၊ သူနှင့်သူ့သားများကို သစ်တိုင်၌ ဆွဲထားရမည်ဟူ၍လည်းကောင်း အမိန့်စာထုတ်ပြန်၏။
ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
အကျွန်ုပ်သည် ထိုကျော့ကွင်းတို့ကို ကျော်လွန်သွားသောအခါ ဆိုးယုတ်သောသူတို့သည် မိမိတို့ထောင်ထားသော ကျော့ကွင်းထဲသို့ အတူတကွကျကြပါစေသော။
ပျက်စီးဆုံးပါးခြင်းသည် ထိုသို့သောသူအပေါ် အမှတ်မထင်ကျရောက်ပါစေသော။ သူလျှို့ဝှက်စွာထောင်ထားသောပိုက်ကွန်၌ သူကိုယ်တိုင်ပြန်မိ၍ ထိုပျက်စီးဆုံးပါးခြင်းထဲသို့ပင် ကျရောက်ပါစေသော။
ကြည့်လော့။ အပြစ်ဒုစရိုက်ပြုသောသူတို့သည် လဲကျသွားကြပြီ။ သူတို့သည် တွန်းချခံရ၍ ပြန်မထနိုင်ကြပါ။
သူသည် မိမိအိပ်ရာပေါ်၌ပင် အပြစ်ဒုစရိုက်ကိုကြံစည်တတ်၏။ မကောင်းသောလမ်းသို့အမြဲလိုက်၍ မကောင်းမှုကို စွန့်ပယ်ခြင်းမရှိ။”
အို ဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်သည် သီချင်းဆို၍ သီဆိုချီးမွမ်းပါမည်။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
မတရားသောအကျိုးစီးပွားကို တပ်မက်သောသူတိုင်း၏လမ်းတို့သည် ထိုကဲ့သို့ဖြစ်ကြ၏။ ထိုသို့သောအကျိုးစီးပွားသည် ၎င်းကိုပိုင်ဆိုင်သောသူတို့၏အသက်ကို နုတ်ယူတတ်၏။
တွင်းတူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။ ကျောက်တုံးကိုလှိမ့်သောသူသည် သူ့အပေါ်သို့ ထိုကျောက်တုံး ပြန်လိမ့်လာလိမ့်မည်။
တွင်းကိုတူးသောသူသည် ထိုတွင်းထဲသို့ ကျတတ်၏။ တံတိုင်းကိုဖြိုဖျက်သောသူသည်လည်း မြွေကိုက်ခံရတတ်၏။
ရှောလုမင်းကြီး မကောင်းကြံစည်နေသည်ကို ဒါဝိဒ်သိလျှင် ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ်ကို ယူခဲ့ပါ”ဟု မှာလိုက်၏။
တစ်ဖန် ဒါဝိဒ်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ထာဝရဘုရားသည် သူ့ကို အမှန်ပင် ဒဏ်ခတ်တော်မူလိမ့်မည်။ သို့မဟုတ် သူသေရမည့်နေ့ ရောက်လျှင်လည်း ရောက်လာလိမ့်မည်။ စစ်သွားတိုက်၍ သူကျဆုံးလျှင်လည်း ကျဆုံးလိမ့်မည်။
ထာဝရဘုရားသည် သင်နှင့်အစ္စရေးလူမျိုးတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်တော်မူမည်။ မနက်ဖြန်နေ့တွင် သင်နှင့် သင့်သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် အစ္စရေးစစ်သည်တို့ကိုလည်း ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်တော်မူမည်”ဟု သူ့အား ဆို၏။