၃ ရာ 2:32 - မြန်မာ့စံမီသမ္မာကျမ်း32 သူသည် သူ့ထက်ပို၍ဖြောင့်မတ်မှန်ကန်သူနှစ်ဦးဖြစ်သော အစ္စရေးစစ်သူကြီး နေရ၏သားအာဗနာနှင့် ယုဒစစ်သူကြီး ယေသာ၏သားအာမသတို့ကို ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး မသိဘဲ ဓားနှင့်သတ်ခဲ့၏။ ဤသို့ လူအသက်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ့ခေါင်းပေါ်သို့ ရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible32 ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible32 ကိုယ့် ထက် ဖြောင့် မတ် ကောင်း မွန် သူ၊ ဣ သ ရေ ဗိုလ် ချုပ်၊ နေ ရ သား အာ ဗ နာ နှင့် ယု ဒ ဗိုလ် ချုပ်၊ ယေ သာ့ သား အာ မ သ တို့ ကို ခ မည်း တော် ဒါ ဝိဒ် မင်း ခွင့် မ ပြု ဘဲ ဓား ဖြင့် သတ် ခဲ့ သည့် အ တွက် ချင့် အ သွေး ကို ချင့် ဦး ထိပ် ထက် ထာ ဝ ရ ဘု ရား ရောက် စေ တော် မူ မည်။ အခန်းကိုကြည့်ပါ။Judson Bible32 သူသည် မိမိထက်သာ၍ ဖြောင့်မတ်ကောင်းမြတ်သောသူ၊ ဣသရေလဗိုလ်ချုပ် နေရ၏သားအာဗနာနှင့် ယုဒဗိုလ်ချုပ် ယေသာ၏သားအာမသကို ငါ့ခမည်းတော်ဒါဝိဒ်မသိဘဲတိုက်၍ ဓားနှင့်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ယခု ဇေရုယာ၏သားယွာဘသည် ငါ့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း၊ အစ္စရေးစစ်သူကြီးနှစ်ဦးဖြစ်သော နေရ၏သားအာဗနာနှင့် ယေသာ၏သားအာမသတို့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း သင်သိ၏။ သူသည် တိုင်းပြည်အေးချမ်းချိန်တွင်ပင် ထိုသူတို့ကို တိုက်ခိုက်သတ်ဖြတ်ပြီး သူ့ခါးမှခါးဝတ်တန်ဆာ၊ သူ့ခြေမှခြေနင်းတို့ကို စစ်သွေးစွန်းစေခဲ့၏။
သို့ဖြစ်၍ အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် မိဖုရားဝါရှတိသည် အာရွှေရုမင်းကြီးရှေ့တော်သို့မည်သည့်အခါမျှ အခစားမဝင်ရဟု ရာဇအမိန့်ထုတ်ပြန်တော်မူပါ။ သူ့အရိုက်အရာကို သူ့ထက်သာသောအခြားသူတစ်ယောက်အား အရှင်မင်းကြီးလွှဲပေးတော်မူပါ။ ဤအမိန့်ကိုပယ်ဖျက်၍မရအောင် ပါးရှားပြည်နှင့်မေဒိပြည်တို့၏ဥပဒေတွင် ရေးမှတ်စေတော်မူပါ။