| ဆာလံ 7:16 - Common Language Bible16 သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်းမှုကြောင့်အပြစ်ဒဏ်ခံရကြ၏။ မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာရကြ၏။အခန်းကိုကြည့်ပါ။ Garrad Bible16 မ ကောင်း သော အ ကြံ သည်၊ ကိုယ့် ဦး ခေါင်း ပေါ် သို့ ပြန် ရောက်၍၊ ကြမ်း ကြုတ် ခြင်း သည်၊ ကိုယ့် ထိပ် ပေါ် သို့ သင့် ရောက် လိမ့် မည်။အခန်းကိုကြည့်ပါ။ Judson Bible16 မိမိမကောင်းသော အကြံအစည်သည် မိမိခေါင်းပေါ်မှာပြန်ရောက်၍၊ မိမိကြမ်းတမ်းသောအမှုသည် မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ်၏။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း16 သူဖန်တီးသောအခက်အခဲပြဿနာသည် သူ့ခေါင်းပေါ်ပြန်ရောက်၍ သူ၏ရက်စက်ကြမ်းကြုတ်မှုသည် သူ၏ဦးခေါင်းထိပ်ပေါ်ကျလိမ့်မည်။အခန်းကိုကြည့်ပါ။ | 
ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
ကိုယ်တော်သည်သင်နှင့်တကွဣသရေလ နိုင်ငံကို ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်။ နက်ဖြန်ခါသင် နှင့်သင်၏သားတို့သည်ငါရှိရာအရပ်သို့ ရောက်ရှိလာကြလိမ့်မည်။ ထိုနောက်ထာဝရ ဘုရားသည်ဣသရေလတပ်မတော်ကို လည်း ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်'' ဟုဆို၏။
ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော' ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်' ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့'' ဟုမိန့်မှာတော်မူ၏။