Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 1:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 မတရား​သော​အကျိုး​စီးပွား​ကို တပ်မက်​သော​သူ​တိုင်း​၏​လမ်း​တို့​သည် ထိုကဲ့သို့​ဖြစ်​ကြ​၏​။ ထိုသို့သော​အကျိုးစီးပွား​သည် ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​တို့​၏​အသက်​ကို နုတ်ယူ​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 လော ဘ ကြီး သူ ရှိ သ မျှ တို့၏ နည်း လမ်း များ မှာ၊ ထို သို့ ဖြစ် လျက် ရ သော ဥ စ္စာ သည်၊ ဥ စ္စာ ရှင် တို့၏ အ သက် ကို သတ် တတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 မ​တ​ရား​သော​စီး​ပွား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ထို​သို့​သော​အ​ကျိုး​ကို​ခံ​ရ၍၊ ထို​စီး​ပွား​သည် မိ​မိ​အ​ရှင်၏​အ​သက်​ကို သတ်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 1:19
21 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် မြေ​အသီးအနှံ​ကို အဖိုးအခ​မ​ပေး​ဘဲ စားသုံး​၍ မြေရှင်​၏​အသက်​ကို ဆုံးရှုံး​စေ​ခဲ့​လျှင်​လည်းကောင်း


သူ​ဖန်တီး​သော​အခက်အခဲ​ပြဿနာ​သည် သူ့​ခေါင်း​ပေါ်​ပြန်ရောက်​၍ သူ​၏​ရက်စက်ကြမ်းကြုတ်မှု​သည် သူ​၏​ဦးခေါင်းထိပ်​ပေါ်​ကျ​လိမ့်မည်​။


ဉာဏ်ပညာ​သည် လမ်း​ပေါ်၌​ကြွေးကြော်​၍ လမ်းဆုံ​များ​၌ မိမိ​အသံ​ကို​လွှင့်​တတ်​၏​။


မတရား​သော​အကျိုး​စီးပွား​ကို​တပ်မက်​သော​သူ​သည် မိမိ​အိမ်သူအိမ်သား​တို့​ကို ဒုက္ခပေး​တတ်​၏​။ တံစိုးလက်ဆောင်​ကို​မုန်း​သော​သူ​မူကား အသက်ရှင်​ရ​လိမ့်မည်​။


သူခိုး​နှင့်​ဝေစုခွဲဝေ​သော​သူ​သည် မိမိ​အသက်​ကို​မုန်း​သော​သူ​ဖြစ်​၏​။ သူ​သည် ကျိန်​ခြင်း​ကို​ကြား​သော်လည်း မည်သည့်​အရာ​ကို​မျှ ထုတ်ဖော်​ပြောဆို​ခြင်း​မ​ရှိ​။


နေ​အောက်​တွင် ငါ​တွေ့မြင်​ရ​သည့် ဆိုးရွား​၍​ငြီးငွေ့ဖွယ်​ကောင်း​သော​အမှု​တစ်​ခု​ရှိ​၏​။ ထို​အမှု​မှာ ဓနဥစ္စာ​သည် ၎င်း​ကို​ထိန်းသိမ်း​ထား​သော​ပိုင်ရှင်​အား ဒုက္ခပေး​ခြင်း​ပင်​ဖြစ်​၏​။


ဘေးအန္တရာယ်​မှ​လွတ်မြောက်​ရန် မိမိ​အသိုက်​ကို မြင့်သောနေရာ​၌​ဆောက်​သော​သူ​၊ မတရား​အကျိုးစီးပွား​ကို မိမိ​အိမ်​အဖို့​ရှာ​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။


သူ​သည် သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ​မ​ဟုတ်​ဘဲ ညင်သာ​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို​မ​တပ်မက်​သော​သူ၊


အကျွန်ုပ်​သည် တိုက်ယူ​သော​ပစ္စည်း​ထဲ၌ လှပ​သော​ရှိနာ​ပြည်သား​ဝတ်လုံ​တစ်​ထည်​၊ ငွေ​ရှယ်ကယ်​နှစ်ရာ​နှင့် အလေးချိန်​ရှယ်ကယ်​ငါးဆယ်​ရှိ​သော​ရွှေချောင်း​တစ်​ချောင်း​ကို တွေ့​သောအခါ တပ်မက်​စိတ်​ဝင်​၍ ယူ​မိ​ပါ​ပြီ​။ အကျွန်ုပ်​၏​တဲ​အတွင်း မြေ​အောက်​၌​ဝှက်ထား​လျက်​ရှိ​ပါ​၏​။ ငွေ​သည် အောက်ဆုံး​၌ ရှိ​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။


ယောရှု​က “​သင်​သည် ငါ​တို့​ကို အဘယ်ကြောင့်​ဒုက္ခပေး​သနည်း​။ ယခု ထာဝရဘုရား​သည် သင့်​ကို​ပြန်​၍​ဒုက္ခပေး​တော်မူ​မည်​”​ဟု ဆို​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​က​လည်း သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ကြ​လေ​၏​။ ဤသို့ဖြင့် သူ​တို့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ပြီးနောက် မီး​ရှို့​ပစ်​ကြ​၏​။


သူ​တို့​သည် လောဘ​စိတ်​ဖြင့် လုပ်ကြံ​ဖန်တီး​သော​စကား​များ​ကို​ပြောဆို​လျက် သင်​တို့​အပေါ် အမြတ်ထုတ်​ကြ​လိမ့်မည်။ သူ​တို့​ခံရ​မည့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် ရှေးယခင်​က​ပင် ဖင့်နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်စီး​ခြင်း​သည်​လည်း ငိုက်မျဉ်း​ခြင်း​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ