ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းက ဘ၀မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ရဲရင့်စွာ ကျော်လွှားနိုင်ဖို့ ခွန်အားပေးပါတယ်။ ကျွန်တော်တို့ ဘ၀ခရီးမှာ အခက်အခဲတွေ၊ ဒုက္ခတွေ အများကြီးနဲ့ ရင်ဆိုင်ရပါတယ်။ အဲဒီအထဲက တချို့က သိပ်မခက်ခဲပေမယ့် တချို့ကျတော့ တကယ်ကို ခက်ခဲကြမ်းတမ်းပါတယ်။ လူအများစုက ကိုယ့်ဘ၀က မပြည့်စုံဘူးလို့ ခံစားရလို့ ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့ မဝံ့မရဲ ဖြစ်တတ်ကြပါတယ်။ “အပြစ်က ကျွန်တော်တို့ကို ဘုရားသခင်ရဲ့မေတ္တာနဲ့ ဝေးကွာစေတယ်” လို့ ပြောကြပေမယ့် ပြောင်းပြန်ပြောရင် ပိုကောင်းပါတယ်။ “ဘုရားသခင်ရဲ့ မေတ္တာက ကျွန်တော်တို့ကို အပြစ်ကနေ ဝေးကွာစေတယ်” ပါ။ ဒါကြောင့် ယုံကြည်စိတ်ချစွာနဲ့ ဘုရားသခင်ထံ ချဉ်းကပ်ပါ။
ယေရှုကို လက်ခံပြီးရင် အားလုံးအဆင်ပြေသွားပြီလို့ ထင်တတ်ကြပါတယ်။ တစ်နည်းနဲ့တော့ မှန်ပါတယ်။ အရေးကြီးဆုံးအရာဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ထာဝရအသက်တာက အဆင်ပြေသွားပါပြီ။ ယေရှုနဲ့အတူ ထာဝရနေရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့က ဒီကမ္ဘာမှာ ရှိနေသေးတယ်။ ဒီကမ္ဘာက အခက်အခဲတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘုရားသခင်နဲ့အတူ အချိန်ပေးပြီး နေ့တိုင်း ဆုတောင်းမယ်ဆိုရင် ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ငြိမ်းချမ်းမှုနဲ့ အပန်းဖြေမှုကို ရရှိပါတယ်။ ကိုယ့်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဘုရားသခင်ထံ ပို့ဆောင်လိုက်ပါ။
ဘုရားသခင်ကို ယုံကြည်တိုင်း ဘ၀မှာ အခက်အခဲတွေ၊ မသေချာမရေရာတွေ မရှိတော့ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို ရဲရင့်စွာ ယုံကြည်ခြင်းနဲ့ ရင်ဆိုင်နိုင်အောင် ကူညီပေးပါတယ်။ ဘုရားသခင်ကို ယုံကြည်သူတိုင်း ဘုရားသခင်က ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူးဆိုတာ၊ ကျွန်တော်တို့ ခံနိုင်ရည်ရှိတာထက် ပိုတဲ့ အခက်အခဲတွေကို ဘုရားသခင်က ခွင့်မပြုဘူးဆိုတာ သိပါတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး စိတ်ငြိမ်းချမ်းပါစေ။ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပိုမိုခိုင်မာစေမယ့် ကျမ်းစာအချက်အလက်တွေကိုလည်း ရှာဖွေလို့ရပါတယ်။
မု ချ အား ဖြင့် အ ကျိုး ခံ စား ရ လျက်၊ စောင့် မျှော် ရာ လည်း မ ပျက် ဘဲ တည် လိမ့် မည်။
ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။
ငါ မှာ မူ၊ ထာ ဝ ရ ဘု ရား ကို မျှော် ကြည့် လျက်၊ ငါ့ ကို ကယ် တင် သော ဘု ရား သ ခင် အား စောင့် မျှော် မည်။ ငါ့ ဘု ရား သ ခင် နား ညောင်း တော် မူ လိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို ကျွန် တော် စောင့် မျှော် လျက် နေ ပါ ပြီ။
ထာဝရအသက်ဟူသည်မှာ ဘုရားမှန်တစ်ဆူတည်းဖြစ်သောကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူလိုက်သော ယေရှုခရစ်ကိုလည်းကောင်း၊ သိကျွမ်းခြင်းတည်း။
အ ပြစ် တ ရား ပေး သော အ ခ သည် သေ ခြင်း ဖြစ်၏။ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် ကား ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု ၌ ထာ ဝ ရ အ သက် ပင် တည်း။
ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။
သို့ ဖြစ်၍ အို အ ရှင် ဘု ရား၊ အ ကျွန်ုပ် သည် မည် သည့် အ ရာ ကို စောင့် စား နေ ရ ပါ သ နည်း။ ကိုယ် တော်၌ သာ လျှင် မျှော် လင့် ခြင်း ရှိ ပါ၏။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။
အ ကျွန်ုပ် တို့ ကို ကယ် တင် ပိုင် ရှင်၊ မြေ ကြီး အ စွန်း နှင့် သ မု ဒ္ဒ ရာ အ ဖျား ရှိ ရှိ သ မျှ တို့ ၏ ကိုး စား ဖွယ် အ ရှင်၊ အို ဘု ရား သ ခင်၊ ကြောက် မက် ဖွယ် ဓ မ္မ မှု များ ဖြင့်၊ အ ကျွန်ုပ် တို့ အား တုံ့ ပြန် တော် မူ ပါ ၏။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
ထို သူ တို့ ကား ထာ ဝ ရ ပြစ် ဒဏ် ခံ ရာ သို့ လည်း ကောင်း၊ သူ တော် ကောင်း တို့ ကား ထာ ဝ ရ အ သက် ရှင် ရာ သို့ လည်း ကောင်း သွား ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။
ယေရှုက ငါသည် မဂ်လမ်း၊ သမ္မာတရား၊ ဇီဝအသက်ဖြစ်၏။ ငါ့အားဖြင့်မှတစ်ပါး မည်သူမျှခမည်းတော်ထံမရောက်နိုင်။
သားတော်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သားတော်အားမလိုက်မနာသူမူကား ထာဝရအသက်ကိုတွေ့မြင်ခွင့်မရဘဲ ဘုရားသခင့်အမျက်တော်ဒဏ်တည်သူဖြစ်သတည်း။
ထို အ ရှင် အား ဖြင့် လည်း ယ ခု ငါ တို့ တည် နေ ရာ ကျေး ဇူး တော် သို့ ယုံ ကြည် ခြင်း ကြောင့် တိုး ဝင် ခွင့် ရ သည့် ပြင် ဘု ရား သ ခင့် ဘုန်း တော် ကို မျှော် လင့် လျက် ရွှင် လန်း ရ ကြ၏။
ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊
ထာ ဝ ရ ဘု ရား သည်၊ အ ကျွန်ုပ်၏ ဝေ ပုံ ဖြစ် တော် မူ သည် ဟု အောက် မေ့ သည့် အ တိုင်း၊ ကိုယ် တော် ကို စောင့် မျှော် ပါ၏။
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။
မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
ထာ ဝ ရ အ သက် ကို ဝင် စား ရ သည့် တိုင် အောင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ က ရု ဏာ တော် ကို စောင့် မျှော် လျက် ဘု ရား သ ခင်၏ မေ တ္တာ တော်၌ ကိုယ် ကို စောင့် ထိန်း ကြ လော့။
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။
လူ ဆိုး သည်၊ ဘေး သင့် ရာ၌ ဆုံး ပါး ခြင်း ကို ခံ ရ၏။ သူ တော် ကောင်း မူ ကား၊ သေ ရာ ကာ လ တွင် ခို လှုံ ရာ ခို လှုံ ကြောင်း ရှိ၏။
ငါပေးမည့်ရေကိုသောက်သူတိုင်းမူကား ကာလအစဉ်ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်အဖို့ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု ပြန်၍မိန့်တော်မူသည့်ကာလ၊
အို ဣ သ ရေ လ လူ မျိုး၏ စောင့် မြော် ရာ စောင့် မြော် ကြောင်း၊ ဒု က္ခ ရောက် ရာ၌ ကယ် တင် တော် မူ သော အ ရှင်၊ နေ ပြည်၌ ဝင် နေ သူ၊ တည်း လို၍ လှည့် ဝင် သော ခ ရီး သွား သူ ကဲ့ သို့လည်း ကောင်း၊
အို အ ရှင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ အ ကျွန်ုပ် မျှော် လင့် ရာ၊ ငယ် ရွယ် က စ၍၊ အ ကျွန်ုပ် ကိုး စား ရာ ဖြစ် တော် မူ ပါ ၏။
အ ကျွန်ုပ် မူ ကား၊ အ စဉ် မ ပြတ် စောင့် မျှော် လျက်၊ ဂုဏ် တော် ကို ထပ် မံ ချီး မွမ်း ပါ မည်။
သို့ မှ အ ပြစ် တ ရား သည် သေ ခြင်း အ လို့ ငှါ မင်း မူ ခဲ့ သည့် နည်း တူ ပင် ကျေး ဇူး တ ရား သည် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ဖြောင့် မတ် ခြင်း ကြောင့် ထာ ဝ ရ အ သက် အ လို့ ငှါ မင်း မူ ရ လိမ့် သ တည်း။
ယ ခု မှာ မူ သင် တို့ သည် အ ပြစ် တ ရား မှ လွတ် လျက် ဘု ရား သ ခင်၏ ကျွန် အ ဖြစ် သို့ ရောက် သော ကြောင့် သန့် ရှင်း ခြင်း အ လို့ ငှါ အ ကျိုး ခံ စား ရ သည် ပြင် အ ဆုံး၌ ထာ ဝ ရ အ သက် ရ ကြ လိမ့် မည်။
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
ဤ လော က မှ စ၍ ဆိုင် ရာ တပ် မက် ခြင်း သည် ပျောက် လွင့် ဆဲ ဖြစ်၏။ ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် သူ မူ ကား ကာ လ အ စဉ် တည် နေ ၏။
မြေ မုန့်၌ အိပ် ပျော် သူ အ များ တို့ လည်း။ နိုး ထ ပြီး လျှင်။ အ ချို့ တို့ ကား၊ ထာ ဝ ရ အ သက် ရှင် ခြင်း အ ဖြစ် သို့၎င်း၊ အ ချို့ တို့ ကား၊ ထာ ဝ ရ ကဲ့ ရဲ့ ရွံ ရှာ ဘွယ် အ ဖြစ် သို့၎င်း၊ ရောက် ကြ လိမ့် မည်။
ငါ့အသားကိုစား၍ ငါ့အသွေးကိုသောက်သောသူသည် ထာဝရအသက်ကိုရပြီ။ ထိုသူ့ကိုလည်းနောက်ဆုံးနေ့တွင် ငါရှင်ပြန်ထမြောက်စေမည်။
သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။
ကိုယ့် အ သက် ကို တွေ့ သော သူ သည် အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် အ သက် ရှုံး သော သူ မူ ကား အ သက် ကို တွေ့ လိမ့် မည်။
ယေရှုက မည်သူမဆိုငါ့ကိုချစ်လျှင် ငါ့တရားကိုစောင့်ရှောက်လိမ့်မည်။ ငါ့ခမည်းတော်လည်း ထိုသူ့ကိုမေတ္တာသက်တော်မူ၍ သူ့ထံငါတို့ကြွပြီးလျှင်အတူကိန်းဝပ်မည်။
ရှိမုန်ပေတရုက အရှင်ဘုရား၊ မည်သူ့ထံသွားရပါအံ့နည်း။ ကိုယ်တော်သာလျှင်ထာဝရအသက်ဆိုင်ရာဒေသနာကို ဟောတော်မူသဖြင့်၊
ကိုယ် တော် အား ဖြင့် ဘု ရား သ ခင့် ထံ ချဉ်း ကပ် သူ တို့ အ တွက် အ သ နား တော် ခံ ရန် အ စဉ် ရှင် နေ သည့် အ လျောက် ထို သူ တို့ ကို အ ဆုံး တိုင် ကယ် တင် တော် မူ နိုင်၏။
အ ခြား မည် သူ ၌ မျှ ကယ် တင် ခြင်း မ တည်၊ ကယ် တင် တော် မူ ခြင်း ကို ငါ တို့ ခံ ရ စေ ရန် ကောင်း ကင် အောက် လူ့ ဘောင် တွင် ထို နာ မ မှ တစ် ပါး အ ခြား နာ မ ကို သ နား တော် မ မူ ဟု ပြန် ဆို ၏။
ထာ ဝ ရ ဘု ရား သည်၊ တ ရား သ ဖြင့် စောင့် ခြင်း ကို၊ နှစ် သက်၍၊ ကြည် ညို သူ တို့ ကို စွန့် ထား တော် မ မူ။ ကာ လ အ စဉ် ထိန်း သိမ်း တော် မူ၏။ လူ ဆိုး၏ သား မြေး တို့ မူ ကား၊ ပယ် ရှား ခံ ရ ကြ လိမ့် မည်။
ကျမ်းစာများဖြင့် ထာဝရအသက်ကိုရသည်ဟုထင်မှတ်သောကြောင့်၊ ငါ့အကြောင်းသက်သေခံသော ထိုကျမ်းများကို ရှာဖွေတတ်ကြသော်လည်း၊
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ကိုယ် တော် က ယ နေ့ သင် သည် ငါ နှင့် အ တူ ပ ရ ဒိ သု ဘုံ တွင် ရှိ နေ ရ မည် ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။
ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။
သို့ နှင့် အ ညီ ငါ တို့ သည် တွန့် ဆုတ် ခြင်း ကင်း လျက် ဗ ဟိ ဒ္ဓ လူ ပျက် ယွင်း သော် လည်း အ ဇ္စု တ္တ လူ ကား တစ် နေ့ ထက် တစ် နေ့ ပြု ပြင် ခံ လျက် ရှိ ၏။
အ နိ စ္စ တည် လျက် မျက် မှောက် ရှိ ရာ များ ကို မ ဟုတ်။ နိ စ္စ တည် လျက် မျက် မှောက် မ ရှိ ရာ များ ကို သာ ထောက် ရှု ကြ သော ငါ တို့၌ ပေါ့ ဆ သော ဇင်္ဂ မ ဒု က္ခ သည် ကဲ လွန် ထူး မြတ် ကြီး လေး သော ထာ ဝ ရ ဘု ရား ဘုန်း အ သ ရေ အ ကျိုး ကို ဖြစ် ထွန်း စေ သ တည်း။
မ ဟာ က ရု ဏာ တော် နှင့် အ ညီ သူ သေ တို့ အ ထဲ ယေ ရှု ခ ရစ် ရှင် ပြန် ထ မြောက် ခြင်း အား ဖြင့် ရှင် သေ မျှော် လင့် ရာ ကို လည်း ကောင်း၊ ဖောက် ပြန် ညစ် ညူး ပျောက် လွင့် ခြင်း ကင်း သော ပိုင် ရာ ကို လည်း ကောင်း ခံ စား ကြ စေ ခြင်း ငှာ ငါ တို့ ကို အ သစ် ဖြစ် ပွား စေ တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ၏ ခ မည်း တော် ဘု ရား သ ခင် ၌ မင်္ဂ လာ ရှိ၏။ ထို ပိုင် ရာ ကို သင် တို့ အ ဖို့ ကောင်း ကင် ဘုံ တွင် ရန် ထား တော် မူ သည့် အ လျောက်
ငါ သည် စိတ် ပါ ကိုယ် ရောက် ထာ ဝ ရ ဘု ရား ကို စောင့် မျှော် တ သ လျက်၊ က တိ တော် ကို မျှော် လင့် ပါ ၏။
စောင့် မျှော် ရာ အ ဖြစ်၊ အ ကျွန်ုပ် နှ လုံး သွင်း သည့် အ ချက် မှာ၊
ထာ ဝ ရ ဘု ရား၏ မေ တ္တာ ကျေး ဇူး တော် နံ နက် တိုင်း ပြန် သက်၍၊ မ ဖြတ် သော က ရု ဏာ တော် ကြောင့် သာ၊ အ ကျွန်ုပ် တို့ မ ကုန် ဆုံး ဘဲ နေ ရ ကြ ပါ၏။ မ ဟာ သ စ္စာ တော် လည်း တည် မြဲ ပါ၏ ဟူ၍ တည်း။
အ ချင်း ငါ့ အ သက် ဝိ ညာဉ်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ လော့။ ငါ စောင့် မျှော် ရာ အ ကြောင်း သည် အ ထံ တော် မှ ရောက် လာ ၏။
မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် မင်း ဖြစ် ပြီး လျှင် ငါ တို့ ရှေ့ ဆောင် ဖြစ် သော ယေ ရှု ဝင် ရောက် တော် မူ နှင့် ရာ ကန့် လန့် ကာ အ တွင်း ငါ တို့ စိတ် ဝိ ညာဉ်၏ ကျောက် ဆူး အ ဖြစ် ငါ တို့ ရ ရှိ သည့် မြဲ မြံ တည် ကြည် သော ထို မျှော် လင့် ရာ လည်း ဝင် ရောက် လျက် ရှိ၏။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို အ ကျွန်ုပ် တို့ စောင့် မျှော် ကြ သည့် အ တိုင်း၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ သက် တော် မူ ပါ။
ကယ် တင် တော် မူ ခြင်း ကို မူး မော် စွာ တ သ သော အ ကျွန်ုပ် သည်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် ပါ ၏။
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
မျှော် လင့် လျက် ပင် ကယ် တင် ခြင်း သို့ ငါ တို့ ရောက် ကြ၏။ မျှော် လင့် ရာ သည် မျက် မှောက် တွင် ရှိ လျှင် မျှော် လင့် ရာ မ မည်။ မျက် မှောက် ရှိ အ ရာ ကို မည် သူ မျှော် လင့် အံ့ နည်း။
မျက် မှောက် မ ရှိ ရာ ကို ငါ တို့ မျှော် လင့် လျှင် မူ ကား တည် ကြည် စွာ စောင့် မျှော် လျက် နေ ရ ကြ ၏။
ပြေး ပွဲ မြတ်၌ ငါ့ လုံ့ လ ထုတ် ပြီ။ တာ အ ဆုံး တိုင် ရောက် ပြီ။ ယုံ ကြည် ခြင်း တ ရား ကို စောင့် ထိန်း ခဲ့ ပြီ။
ယ ခု မှ စ၍ ငါ့ အ ဖို့ ဖြောင့် မတ် ခြင်း ဆိုင် ရာ သ ရ ဖူ ရန် ထား လျက် ရှိ သ ဖြင့် ဖြောင့် မတ် သော တ ရား မင်း တည်း ဟူ သော အ ရှင် ဘု ရား သည် ထို သ ရ ဖူ ကို ငါ့ အား သာ မ ဟုတ်၊ ထင် ရှား တော် မူ ခြင်း ကို နှစ် သက် သူ ရှိ သ မျှ တို့ အား လည်း နေ့ တော် ကြီး၌ သ နား တော် မူ လိမ့် မည်။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
ငါ တို့ မူ ကား နေ့ ဆိုင် သူ များ ဖြစ် သော ကြောင့် ယုံ ကြည် ခြင်း၊ ချစ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊ ကယ် တင် ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း မောက် ရှု ကို ဆောင်း လျက်၊ သ တိ နှင့် နေ ကြ ကုန် အံ့။
နွမ်း ပါး သော သူ တို့ ကို၊ အ စဉ် မေ့ လျော့ ၍ နေ တော် မူ မည် မ ဟုတ်။ သူ ဆင်း ရဲ တို့ ၏ စောင့် မျှော် ခြင်း လည်း၊ အ စဉ် ပျက် ရ မည် မ ဟုတ်။
အ ချင်း ဣ သ ရေ လ လူ မျိုး၊ ထာ ဝ ရ ဘု ရား သည် က ရု ဏာ သက် ခွင့်၊ အ ထူး ရွေး နုတ် ခွင့် ပိုင် တော် မူ သည့် အ လျောက်၊
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
ခ ရစ် တော် မူ ကား အိမ် တော် ပေါ် တွင် သား အ ဖြစ် သ စ္စာ စောင့် တော် မူ၏။ ငါ တို့ သည် ရဲ ရင့် စွာ ဂုဏ် တင် ကြ ရာ မျှော် လင့် ခြင်း အ ကြောင်း ကို ဆုံး ခန်း တိုင် စွဲ မြဲ လျှင် ထို အိမ် တော် ပင် ဖြစ် ကြ၏။
အ ခြင်း အ ရာ ဟောင်း များ လွင့် သွား ပြီ ဖြစ် သော ကြောင့် သေ ခြင်း မှ စ၍ မြည် တမ်း ခြင်း၊ ဟစ် ကြွေး ခြင်း၊ နာ ကျင် ခြင်း ရှိ ရ တော့ မည် မ ဟုတ် ဟု မြွက် ဆို သည် ကို ငါ ကြား ရ ၏။
ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊
ဖြောင့် မတ် တော် မူ ခြင်း ကို၊ စိတ် နှ လုံး အ တွင်း ကွယ် ဝှက် ခြင်း၊ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် ကို၊ ပ ရိ သတ် တော် ကြီး ထံ မှ ထိမ် ချန် ခြင်း မ ပြု ဘဲ၊ သ စ္စာ တော် နှင့် ကယ် တင် တော် မူ ခြင်း အ ကြောင်း ကို ဖော် ပြ ခဲ့ ပါ ပြီ။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် လည်း၊ က ရု ဏာ တော် များ ကို၊ အ ကျွန်ုပ် ထံ မှ ချုပ် ချယ်၍ ထား တော် မူ မည် မ ဟုတ် ပါ။ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် သည်၊ အ စဉ် ထိမ်း သိမ်း ပါ လိမ့် မည်။
မ ရေ မ တွက် နိုင် သော ဘေး ဥ ပဒ် များ သည်၊ အ ကျွန်ုပ် ကို ဝန်း ရံ လျက်၊ အ ကျွန်ုပ်၏ ဒု စ ရိုက် များ သည်၊ ကိုယ် ကို အုပ် မိ သ ဖြင့် မျှော် ၍ မျှ မ ကြည့် နိုင် ပါ။ အ ကျွန်ုပ် ဆံ ပင် ထက် များ ပြား၍၊ စိတ် ပျက် လျက် ရှိ နေ ပါ၏။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို သ နား၍ ကယ် လွှတ် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ မြန် ကြွ၍ မ စ တော် မူ ပါ။
အ ကျွန်ုပ် အ သက် ကို ဖျက် ဆီး ရန် ရှာ ကြံ သူ တို့ သည်၊ တစ် လုံး တည်း အ ရှက် ကွဲ၍၊ ကျိုး ယုတ် ကြ ပါ စေ သော။ ဘေး အ န္တ ရာယ် ကို ရှာ ကြံ သူ တို့ လန်၍၊ အ သ ရေ ပျက် ကြ ပါ စေ သော။
ဟေ့ ဟေ့ ဟု ဆို တတ် သူ တို့ သည်၊ အ ရှက် ကွဲ၍ ထိတ် လန့် ကြ ပါ စေ သော။
ကိုယ် တော် ကို လိုက် ရှာ သူ ရှိ သ မျှ တို့ မှာ၊ ကိုယ် တော်၌ ရွှင် လန်း ဝမ်း မြောက် လျက်၊ ကယ် တင် ရာ အ ကြောင်း ကို နှစ် သက် သ မျှ သူ တို့ လည်း၊ ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။
အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နွမ်း ပါး လျက် ရှိ နေ ရ သော် လည်း၊ အ ရှင် ဘု ရား သ တိ ရ တော် မူ၏။ ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထောက် မ ကယ် လွှတ် သော အ ရှင် ဖြစ် တော် မူ ပါ၏။ အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ဆိုင်း လင့် တော် မ မူ ပါ နှင့်။
ရွှံ့ နွံ နှင့် ကြောက် မက် ဖွယ် ဗွက် ထဲ မှ ဆယ် ယူ ပြီး လျှင်၊ ကျောက် တောင် ပေါ်၌ ရပ် စေ၍၊ ခြေ ရာ များ ကို မြဲ စေ တော် မူ၏။
ငါ၏ နှုတ် တွင်း သို့ လည်း၊ ငါ တို့ ဘု ရား သ ခင်၏ ဂုဏ် တော် ချီး မွမ်း ရာ သီ ချင်း သစ် ကို သွင်း တော် မူ၏။ အ များ သိ မြင် ခန့် ညား၍၊ ထာ ဝ ရ ဘု ရား၌ ကိုး စား ကြ လိမ့် မည်။
အ ဆိုး ပြု ကျင့် သူ တို့ သည်၊ ပယ် ရှား ရာ ခံ ကြ ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် သူ တို့ မူ ကား၊ နေ ပြည် ကို အ ပိုင် ရ ကြ လ တ္တံ့။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား သ ခင် ဖြစ် တော် မူ သည့် အ လျောက်၊ နေ့ ရှိ သ မျှ အ ကျွန်ုပ် စောင့် မျှော် သော ကြောင့်၊ သ စ္စာ တော် နှင့် ပို့ ဆောင်၍၊ သွန် သင် တော် မူ ပါ။