Biblia Todo Logo
ကျမ်းစာ အပိုဒ်များ

- ကြော်ငြာတွေ -


အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

150 ဘုရားသခင်ကို မှီခိုရန် ကျမ်းစာအခန်းငယ်များ

150 ဘုရားသခင်ကို မှီခိုရန် ကျမ်းစာအခန်းငယ်များ


သုတ္တံကျမ်း။ 3:5-6

ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။

ဖိ​လိပ္ပိ 4:13

ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။

ဆာ​လံ 55:22

ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။

ဆာ​လံ 37:5

သင့် အ မှု ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ်၍ ကိုး စား လျှင်၊ ကိုယ် တော် သည် စီ ရင် ရာ၊

ဟေ​ရှာ​ယ 41:10

မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။

ယေ​ရ​မိ 17:7-8

အ ခြား ကို မ ဟုတ်။ ထာ ဝ ရ ဘု ရား ကို သာ၊ အား ထား ကိုး စား သူ ကား၊ မင်္ဂ လာ ရှိ ၏။ထို သူ သည် မြောင်း အ နီး စိုက်၍၊ ရေ သို့ အ မြစ် ကျ သ ဖြင့်၊ နွေ ဥ တု ကို မ ကြောက်၊ အ ရွက် စိမ်း လန်း လျက်၊ မိုး ခေါင် သော နှစ် တွင် မ စိုး ရိမ် ဘဲ၊ ဆယ့် နှစ် ရာ သီ သီး သော အ ပင် နှင့် တူ လိမ့် မည်။

ဆာ​လံ 46:10

ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။

မဿဲ 6:33

ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။

၁ ပေ 5:7

သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။

ဟေ​ရှာ​ယ 26:3-4

စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။

ဆာ​လံ 62:5-8

အ ချင်း ငါ့ အ သက် ဝိ ညာဉ်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ လော့။ ငါ စောင့် မျှော် ရာ အ ကြောင်း သည် အ ထံ တော် မှ ရောက် လာ ၏။ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ ငါ ရွေ့ ရ မည် မ ဟုတ်။ငါ ကယ် တင် ခွင့် နှင့် ဂုဏ် ရောက် ခွင့် သည် ဘု ရား သ ခင်၌ တည် လျက် ရှိ၏။ ငါ့ ကို အား ပေး သော ကျောက် တောင်၊ ငါ ခို လှုံ ရာ ကား၊ ဘုရား သ ခင်၌ တည် လျက် ရှိ ၏။အ ချင်း လူ မျိုး တော်၊ ဘု ရား သ ခင်၌ အ ခါ ခပ် သိမ်း ကိုး စား လျက်၊ ရှေ့ တော် ၌ စိတ် နှ လုံး ကို သွန် ပြ ကြ လော့။ ဘု ရား သ ခင် သည် ငါ တို့ အ ဖို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။

မဿဲ 11:28-30

ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။

ဆာ​လံ 34:8

ထာ ဝ ရ ဘု ရား ၏ ကောင်း မြတ် တော် မူ ခြင်း အ ရ သာ ကို ဝင် စား သိ မြင် ကြ လော့။ ကိုယ် တော်၌ ခို လှုံ သူ သည် မင်္ဂ လာ ရှိ ၏။

ရော​မ 8:28

၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊

ဆာ​လံ 121:1-2

ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။

ရှင်ယောဟန် 15:5

ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။

ဆာ​လံ 23:1-2

ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ ပေါ် တွင် အ ထိန်း အ ကျောင်း ဖြစ် တော် မူ ၍၊ ငါ၌ လို လေ သေး မ ရှိ ရ။စိမ်း လန်း သော စား ကျက် များ၌ ငါ့ ကို ဝပ် နေ စေ၍၊ ငြိမ် သက် ရာ မြစ် ရေ ချောင်း ရေ များ အ နီး ဆောင် သွား တော် မူ၏။

ဆာ​လံ 118:8-9

လူ ကို အား ကိုး ခြင်း ထက်၊ ထာ ဝ ရ ဘု ရား ၌ ခို လှုံ ခြင်း သည်၊ သာ ၍ ကောင်း ၏။မင်း ကို အား ကိုး ခြင်း ထက်၊ ထာ ဝ ရ ဘု ရား၌ ခို လှုံ ခြင်း သည်၊ သာ ၍ ကောင်း ၏။

ဆာ​လံ 27:14

ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။

ဟေ​ဗြဲ 4:16

က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။

ဖိ​လိပ္ပိ 4:6-7

စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။

ဟေ​ရှာ​ယ 40:31

ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။

ရော​မ 15:13

မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။

ဆာ​လံ 28:7

ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။

၁ ကော 10:13

လူ တို့ ခံ ရ သော စုံ စမ်း ခြင်း မျိုး မှ တစ် ပါး သင် တို့ မ ခံ ခဲ့ ရ။ ဘု ရား သ ခင် သည် သ စ္စာ နှင့် ပြည့် စုံ သည့် အ လျောက် သင် တို့ ခံ ရပ် နိုင် သည် ထက် စုံ စမ်း စေ ခွင့် ပြု တော် မ မူ မည့် ပြင် စုံ စမ်း ခံ ရာ တွင် ခံ ရပ် နိုင် ကြ စေ ရန် လွတ် ရာ လွတ် ကြောင်း ကို ပြု ပြင် တော် ဦး မည်။

ဆာ​လံ 40:17

အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နွမ်း ပါး လျက် ရှိ နေ ရ သော် လည်း၊ အ ရှင် ဘု ရား သ တိ ရ တော် မူ၏။ ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထောက် မ ကယ် လွှတ် သော အ ရှင် ဖြစ် တော် မူ ပါ၏။ အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ဆိုင်း လင့် တော် မ မူ ပါ နှင့်။

၂ ရာ 22:31

ဘု ရား သ ခင်၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား ၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့ ကိုယ် တော် သည် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ ၏။

ရော​မ 12:12

ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။

ဆာ​လံ 91:1-2

မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။

ဆာ​လံ 46:1

ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။

ထွက်​မြောက် 14:14

ထာ ဝ ရ ဘု ရား သည် သင် တို့ အ ဖို့ စစ် တိုက် တော် မူ မည် ဖြစ်၍ သင် တို့ ဆိတ် ဆိတ် နေ ကြ ရ မည် ဟု လူ မျိုး အား ဆို ၏။

ဆာ​လံ 9:10

အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။

ဆာ​လံ 56:3-4

အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။

ဟေ​ရှာ​ယ 43:2

မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။

ရှင်ယောဟန် 14:27

ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။

၁ ယော 4:4

သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။

ဟေ​ရှာ​ယ 41:13

အ သို့ ဆို သော် မ ကြောက် လင့်။ ငါ ထောက် မ မည် ဟု မိန့် ဆို သော သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သင့် ညာ လက် ကို ကိုင် ဆွဲ လိမ့် မည်။

မဿဲ 6:34

ထို့ ကြောင့် နက် ဖြန် နေ့ အ ဖို့ မ စိုး ရိမ် ကြ နှင့်။ နက် ဖြန် နေ့ က ပင် ကိုယ့် အ ဖို့ စိုး ရိမ် လိမ့် မည်။ တစ် ရက် နှင့် ဆိုင် သော ဒု က္ခ သည် ထို ရက် အ ဖို့ တော် လောက် ၏။

ဆာ​လံ 112:7-8

မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။သူ့ စိတ် နှ လုံး ခိုင် ခံ့ သည့် အ လျောက်၊ ရန် ဘက် ပြု သူ တို့ ကို စီး ကြည့် ၍ အား မ ရ မီ၊ ကြောက် ရွံ့ ခြင်း မ ရှိ ရ။

ရော​မ 8:38-39

သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။

တ​ရား​ဟော 31:6

ကြောက် ရွံ ခြင်း၊ အံ့ အား သင့် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် ကြ လော့။ အ တူ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မူ မည် မ ဟုတ် ဟု မိန့် ဆို ပြီး နောက်

ဟေ​ဗြဲ 13:5-6

လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။

ဆာ​လံ 25:4-5

အို ထာ ဝ ရ ဘု ရား၊ နည်း တော် များ ကို ညွှန် ပြ၍၊ လမ်း တော် များ ကို သွန် သင် တော် မူ ပါ။ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား သ ခင် ဖြစ် တော် မူ သည့် အ လျောက်၊ နေ့ ရှိ သ မျှ အ ကျွန်ုပ် စောင့် မျှော် သော ကြောင့်၊ သ စ္စာ တော် နှင့် ပို့ ဆောင်၍၊ သွန် သင် တော် မူ ပါ။

ဆာ​လံ 32:8

ငါ သည်၊ သင့် ကို ရှု ကြည့် လျက်၊ သွား အပ် သော လမ်း ၌ လိ မ္မာ ရန်၊ သွန် သင် ၍ အ ကြံ ပေး မည်။

ဆာ​လံ 33:20-21

ငါ တို့ အ ထောက် အ မ၊ ငါ တို့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သော ထာ ဝ ရ ဘု ရား ကို၊ စိတ် ပါ လျက် စောင့် မျှော် နေ ကြ ပြီ။သန့် ရှင်း သော နာ မ တော် ၌ ကိုး စား ကြ သော ကြောင့်၊ ကိုယ် တော် ၌ စိတ် ရွှင် လန်း ရကြ မည်။

ဧ​ဖက် 3:20

ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။

ဆာ​လံ 63:8

ကိုယ် တော် ကို အ ကျွန်ုပ်၏ အ သက် ဝိ ညာဉ် ထက် ကြပ် လိုက် ရှာ ရာ၌၊ ညာ လက် တော် ဖြင့် လှမ်း ကိုင် တော် မူ ပါ ၏။

သုတ္တံကျမ်း။ 16:3

သင့် အ မူ အ ရာ ကို၊ ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ အ ကြံ အ စည် များ သည်၊ အ ထ မြောက် လိမ့် မည်။

ဆာ​လံ 18:2

ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။

ဟေ​ရှာ​ယ 50:10

သင် တို့ အ နက် ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ ကျွန် တော် ရင်း စ ကား ကို နာ ခံ သူ မည် သူ နည်း။ အ လင်း ကင်း လျက် မှောင် မိုက်၌ သွား လာ သူ တိုင်း ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ကိုး စား၍ ကိုယ့် ဘု ရား သ ခင် ကို တံ ကဲ ပြု ပါ စေ။

ရော​မ 8:15

ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊

၂ တိ 1:7

ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။

ဆာ​လံ 57:1-2

အို ဘု ရား သ ခင်၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ သက်၍ သ နား တော် မူ ပါ။ ကိုယ် တော်၌ အ ကျွန်ုပ်၏ အ သက် ခို လှုံ ပါ၏။ ဘေး ဒု က္ခ များ လွန် သွား သည့် တိုင် အောင်၊ အ တောင် တော် အောက် ၌ အ ကျွန်ုပ် ခို လှုံ ပါ မည်။က ရု ဏာ တော် သည် မိုး ကောင်း ကင် တိုင် အောင် လည်း ကောင်း၊ သ စ္စာ တော် သည် အာ ကာ သ တိုင် အောင် လည်း ကောင်း၊ မှီ ပါ ၏။အို ဘု ရား သ ခင်၊ မိုး ကောင်း ကင် ထက်၊ ချီး မြှင့် ခြင်း ခံ လျက်၊ မြေ တစ် ပြင် လုံး ထက်၊ ဘုန်း တော် ထင် ပေါ် ပါ စေ သော။ငါ သည်၊ မြင့် မြတ် သော ဘု ရား သ ခင့် ထံ၊ ငါ့ အ မှု ထ မြောက် စေ တော် မူ သော ဘု ရား ထံ အော် ဟစ် ပါ မည်။

ဟေ​ဗြဲ 11:1

ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။

ဆာ​လံ 119:114

ကိုယ် တော် သည် အ ကျွန်ုပ် ကွယ် ကာ ရန်၊ အ ကျွန်ုပ် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သည့် အ လျောက်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် လျက် နေ ပါ၏။

ဆာ​လံ 130:5

ငါ သည် စိတ် ပါ ကိုယ် ရောက် ထာ ဝ ရ ဘု ရား ကို စောင့် မျှော် တ သ လျက်၊ က တိ တော် ကို မျှော် လင့် ပါ ၏။

၂ ကော 1:9

သေ ဒဏ် စီ ရင် ချက် ကို ခံ ရ ပြီ ဟု ထင် ရာ ရောက် ကြ သ တည်း။ သို့ မှ ကိုယ်၌ စိတ် မ ချ ရ ဘဲ ထို မျှ လောက် ကြီး သော သေ ဘေး က ကယ် နုတ် သည့် အ လျောက် ထပ် မံ ကယ် နုတ် မည့် ပြင် သူ သေ တို့ ရှင် ပြန် ထ မြောက် စေ တော် မူ သော ဘု ရား သ ခင်၌ စိတ် ချ ခွင့် ရှိ၏။ သင် တို့ လည်း အ သ နား တော် ခံ လျက် ကူ ညီ ကြ သည် နှင့် အ ညီ ကယ် နုတ် တော် မူ ဦး မည် ဟု ငါ တို့ အား ကိုး မြော် လင့် ကြ၏။ ထို သို့ အ များ တို့ ဖူး မြော် ခြင်း ကြောင့် ငါ တို့ ခံ စား ရ သော ဆု ကျေး ဇူး တော် အ တွက် အ များ တို့ သည် ဂုဏ် တော် ကို ချီး မွမ်း ကြ ရ လိမ့် မည်။

ဆာ​လံ 27:1

ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။

ဆာ​လံ 119:105

နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။

ဟေ​ရှာ​ယ 12:2

ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊

ရှင်ယောဟန် 10:27-28

ငါ့သိုးတို့သည်ငါ့စကားသံကိုကြားနာ၍ လိုက်တတ်ကြ၏။ ငါလည်းသူတို့ကိုသိ၍ ထာဝရအသက်ပေးသဖြင့် မည်သည့်ကာလမျှ သူတို့ပျက်စီးမည်မဟုတ်။ ငါ့လက်တွင်းမှ မည်သူမျှမလုမယူရ။

ရော​မ 5:3-5

ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။

ဟေ​ရှာ​ယ 30:15

အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး ၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ သင် တို့ ပြောင်း လဲ၍ နား နေ သ ဖြင့် ဘေး လွတ် ခွင့်၊ ငြိမ် သက် စွာ စိတ် ချ သ ဖြင့် ခွန် အား ကြီး ခွင့် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ခဲ့ သော် လည်း အ လို မ ရှိ ဘဲ၊

၂ ကော 9:8

သူ သည် စွန့် ကြဲ ပြီ၊ နွမ်း ပါး သူ တို့ အား ပေး ကမ်း ပြီ၊ သူ့ ဖြောင့် မတ် ခြင်း သည် ကာ လ အ စဉ် တည်၏ ဟူ သော ကျမ်း ချက် အ ရ သင် တို့ သည် အ ခါ ခပ် သိမ်း စည်း စိမ် ချမ်း သာ လုံ လောက် သ ဖြင့် ကောင်း မှု အ မျိုး မျိုး ကို ပြု ရ စေ ခြင်း ငှာ ဆု ကျေး ဇူး အ မျိုး မျိုး နှင့် ဘု ရား သ ခင် ကြွယ် ဝ စေ တော် မူ နိုင် ၏။

ဆာ​လံ 3:5-6

ထာ ဝ ရ ဘု ရား စောင့် မ တော် မူ သော ကြောင့်၊ ငါ လှဲ၍ အိပ် ပျော် ပြီး နောက် နိုး မြဲ နိုး ရ ၏။ဝန်း ဝိုင်း လျက် နေ သူ အ ထောင် အ သောင်း ကို၊ ငါ ကြောက် ရွံ့ မည် မ ဟုတ်။

ဆာ​လံ 37:23-24

လူ့ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား တည် စေ လျက်၊ လျှောက် လိုက် ရာ လမ်း ကို နှစ် သက် ရာ၊သူ့ လက် ကို ထာ ဝ ရ ဘု ရား ကိုင် ဆွဲ တော် မူ သ ဖြင့်၊ ခ လုတ် တိုက် မိ သော် လည်း လဲ ကျ တော့ မည် မ ဟုတ်။

ဆာ​လံ 73:26

အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။

ဟေ​ရှာ​ယ 55:8-9

အ ဘယ့် ကြောင့် ဆို သော်၊ ထာ ဝ ရ ဘု ရား က၊ ငါ့ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် နှင့် လည်း‌ ကောင်း၊ ငါ၏ နည်း လမ်း လည်း သင် တို့ နည်း လမ်း နှင့်လည်း‌ ကောင်း ထူး ခြား ၍၊မြေ ကြီး ထက် မိုး ကောင်း ကင် မြင့် သည် နှင့် အ မျှ၊ ငါ၏ နည်း လမ်း သည် သင် တို့ နည်း လမ်း ထက် လည်း‌ ကောင်း၊ ငါ၏ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် ထက် လည်း‌ ကောင်း၊ မြင့် မြတ်၏။

ဆာ​လံ 84:11

ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။

ရှင်ယောဟန် 16:33

သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။

ဆာ​လံ 31:14-15

အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ကိုယ် တော်၌ ကိုး စား၍၊ အ ကျွန်ုပ်၏ ဘု ရား သ ခင် ပေ တည်း ဟု ဝန် ခံ ပါ၏။အ ကျွန်ုပ်၏ နေ့ ရက် ကာ လ များ သည်၊ လက် တော်၌ တည် ရှိ သည့် အ လျောက်၊ ရန် သူ တို့ လက် မှလည်း ကောင်း၊ ညှဉ်း ပန်း သူ တို့ ထံ မှ လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ။

ယာ​ကုပ် 1:5

သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။

ဖိ​လိပ္ပိ 4:19

သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။

ဆာ​လံ 42:11

အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။

ဆာ​လံ 119:50

ဒု က္ခ ရောက် သည့် ကာ လ၊ ချမ်း သာ ရ ရန် အ ကြောင်း မှာ၊ ဗျာ ဒိတ် တော် ကြောင့် အ သက် ရှင် ခွင့် ရ ခြင်း တည်း။

ဟေ​ဗြဲ 10:23

က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊

သုတ္တံကျမ်း။ 3:25-26

ရုတ် တ ရက် ကြောက် ရွံ့ ဖွယ် ရာ ကို လည်း‌ ကောင်း၊ လူ ဆိုး တို့၌ သင့် ရောက် သော ဘေး ကို လည်း‌ ကောင်း၊ မ စိုး ရိမ် နှင့်။အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည်​သင်၏ ကိုး စား ရာ ဖြစ်၍၊ ခြေ ကို မ ကျော့ မိ စေ ရန် စောင့် ထိန်း တော် မူ လိမ့် မည်။

ဆာ​လံ 94:19

အ တွင်း သ ဘော များ စွာ ရှုတ် ထွေး လျက် ပင်၊ ချမ်း သာ တော် အား ဖြင့် စိတ် ဧ ရ ပါ၏။

ဟေ​ရှာ​ယ 50:7

သို့ ရာ တွင် အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ့ ကို မ စ တော် မူ သော ကြောင့် အ ရှက် မ ကွဲ ချေ။ အ ကျိုး မ ယုတ် ကြောင်း ငါ သိ ၍၊ မီး ခတ် ကျောက် သ ဖွယ် မျက် နှာ ကို ထား ၏။

ဆာ​လံ 34:4-5

ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။ကိုယ် တော် ကို မျှော် ကြည့် သူ တို့ သည်၊ မည် သည့် ကာ လ မျှ မျက် နှာ မ ပျက် ရ ဘဲ၊ ကြည် ကြည် ရွှင် ရွှင် ရှိ ရ ကြ ၏။

ဧ​ဖက် 2:8-9

သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။

၁ ယော 5:14-15

ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။ငါ တို့ တောင်း လျှောက် သ မျှ နား ညောင်း တော် မူ သည် ဟု သိ ရ သည် မှာ တောင်း လျှောက် သည့် ဆု များ ကို ရ ရှိ ပြီ ဟု သိ ရ ကြ၏။

ဆာ​လံ 116:1-2

ငါ့ အ သ နား တော် ခံ သံ ကို ကြား နာ တော် မူ သော ထာ ဝ ရ ဘု ရား အား၊ ငါ ချစ် ခင် ကြည် ညို ပါ ၏။စိတ် ဒု က္ခ ကြီး စွာ ရောက် လေ စွ ဟု ဆို သည့် ပြင်၊ လူ ခပ် သိမ်း သည် မု သာ အိုး များ ဖြစ် ကြောင်း၊အ လန့် တ ကြား ပြော မိ သော် လည်း၊သ ဒ္ဓါ ယုံ ကြည် ခြင်း ရှိ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ပြု တော် မူ သော ကျေး ဇူး ရှိ သ မျှ ကို မည် သို့ ဆပ် ရ အံ့ နည်း။ကယ် တင် ခြင်း ဆိုင် ရာ ခွက် ကို ကိုင်၍၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ပ ဌ နာ ပြု ခြင်း၊လူ မျိုး တော် အ ပေါင်း တို့ ရှေ့၊ ထာ ဝ ရ ဘု ရား အား သ စ္စာ ဝတ် များ ကို ဖြေ ခြင်း ပြု ပါ မည်။ကြည် ညို သူ တို့ သေ ဒဏ် ကို ထာ ဝ ရ ဘု ရား နှ မြော တော် မူ သည့် အ လျောက်၊ ကိုယ် တော် ၏ ကျွန်၊ကိုယ် တော့် ကျွန် မ သား ဖြစ် သူ၊ ကျွန် တော် မျိုး ၏ အ ချည် အ နှောင် များ ကို ကိုယ် တော် ဖြည် တော် မူ ပါ ပြီ။ အို ထာ ဝ ရ ဘု ရား၊ရှေ့ တော် ၌ ချီး မွမ်း ရာ သ က္ကာ ကို ပူ ဇော် လျက်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် အား ပ ဌ နာ ပြု ပါ မည်။အို ယေ ရု ရှ လင် မြို့၊ သင်၏ ဗ ဟို၊ ထာ ဝ ရ ဘု ရား ဗိ မာန် တော် တံ တိုင်း အ တွင်း၊လူ မျိုး တော် အ ပေါင်း တို့ ရှေ့၊ ထာ ဝ ရ ဘု ရား အား သ စ္စာ ဝတ် များ ကို ဖြေ ပါ မည်။ ဟာ လေ လု ယ။နား တော် ကို ညောင်း တော် မူ သော ကြောင့်၊ အ သက် ထက် ဆုံး ပ ဌ နာ ပြု ပါ မည်။

ရှင်ယောဟန် 6:35

ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။

ရော​မ 14:8

ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။

ဟေ​ရှာ​ယ 33:2

အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို စောင့် မြော် ကြ သည့် အ တိုင်း၊ အ ကျွန်ုပ် တို့ အ ပေါ် သို့ က ရု ဏာ သက် တော် မူ ပါ။ နံ နက် တိုင်း၊ လူ မျိုး တော်၏ လက် ရုံး ဖြစ် လျက်၊ ဒု က္ခ ရောက် သော အ ခါ၊ အ ကျွန်ုပ် တို့၏ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ ပါ။

ဆာ​လံ 147:11

ခန့် ညား သော သူ၊ က ရု ဏာ တော် ၌ ကိုး စား သူ တို့ ကို ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ ၏။

ဧ​ဖက် 6:10

အ ဆုံး စ ကား မှာ အ ရှင် ဘု ရား အား ဖြင့်လည်း ကောင်း၊ အ စွမ်း သ တ္တိ တော် အား ဖြင့်လည်း ကောင်း၊ ခွန် အား ကြီး လျက် မာရ် နတ် ပ ရိ ယာယ် များ ကို ရပ် ခံ နိုင် ရန်၊

ဟေ​ရှာ​ယ 32:17

ထာ ဝ ရ လုံ ခြုံ ခြင်း၊ ငြိမ် သက် ခြင်၊ စိတ် ချ ခြင်း ဖြစ် သည် နှင့်၊

ဆာ​လံ 13:5-6

အ ကျွန်ုပ် မူ ကား၊ ကိုယ် တော်၏ က ရု ဏာ တော် ၌ ကိုး စား ပါ၏။ ကယ် တင် တော် မူ ခြင်း ကြောင့် စိတ် ရွှင် လန်း ပါ မည်။ထာ ဝ ရ ဘု ရား သည် ကြွယ် ဝ စွာ သ နား တော် မူ သော ကြောင့်၊ ကိုယ် တော် အား ငါ သီ ချင်း ဖွဲ့ ဆို မည်။

ဟေ​ဗြဲ 13:8

ယေ ရှု ခ ရစ် သည် ယ မန် နေ့၊ ယ နေ့ နှင့် က မ္ဘာ အ ဆက် ဆက် မ ပြောင်း မ လဲ တည် တော် မူ ၏။

ဆာ​လံ 73:28

ငါ မူ ကား၊ ဘု ရား သ ခင့် အ ထံ တော် သို့ ချဉ်း ကပ် ၍ အ ကျိုး ရှိ ၏။ အ ရှင် ထာ ဝ ရ ဘု ရား၌ ခို လှုံ လျက် နေ ရ သ ဖြင့်၊ အ မှု တော် ရှိ သ မျှ ကို ကြား ပြော ခွင့် ရ ပါ ၏။

၂ သက် 3:3

သို့ ရာ တွင် အ ရှင် ဘု ရား သည် သ စ္စာ ရှိ တော် မူ သည့် အ လျောက် သင် တို့ ကို တည် ကြည် စေ လျက် အ ဆိုး ကို ကွယ် ကာ တော် မူ လိမ့် မည်။

ဟေ​ရှာ​ယ 5:16

ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မှာ မူ တ ရား စီ ရင် ခြင်း အား ဖြင့် မြင့် မြတ် သည် ဟူ၍ လည်း‌ ကောင်း၊ သန့် ရှင်း တော် မူ သော ဘုရား သည် ဖြောင့် မတ် ခြင်း အား ဖြင့် သီး သန့် သည် ဟူ၍ လည်း‌ ကောင်း၊ ထင် ရှား စေ တော် မူ ၏။

လုကာ 12:24

စိုက် ပျိုး ခြင်း၊ ရိတ် သိမ်း ခြင်း ကင်း၍ ကျီ ကျ မ ရှိ သော ကျီး များ ကို ဘု ရား သ ခင် ကျွေး မွေး တော် မူ ကြောင်း စဉ်း စား ကြ လော့။ သင် တို့ သည် ငှက် များ ထက် သာ၍ မြတ် သည် တ ကား။

ဆာ​လံ 86:15

အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် သ နား သော သ ဘော၊ ကျေး ဇူး ပြု သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ နှင့် သ စ္စာ ကြွယ် ဝ သော သ ဘော ရှိ သော ဘု ရား ဖြစ် တော် မူ ပါ ၏။

ဖိ​လိပ္ပိ 3:13-14

ညီ အစ် ကို တို့၊ ငါ ကိုင် မိ ပြီ ဟု မ မှတ် သော် လည်း နောက် လွန် ခဲ့ ရာ များ ကို မ လှည့် ဘဲ ရှေ့ အ ရာ များ ကို လှမ်း လျက် ခ ရစ် တော် ယေ ရှု အား ဖြင့် ဘု ရား သ ခင် ပေး တော် မူ ရာ အ ထက် အ ဖြစ် အ နေ ဆု တော် ကို ခံ ရ ခြင်း ငှာ ပန်း တုံး တိုင် ရောက် ပြေး လိုက် ခြင်း တစ် ခု သာ ငါ ပြု ၏။

သုတ္တံကျမ်း။ 18:10

ထာ ဝ ရ ဘု ရား၏ နာ မ တော် သည်၊ ခိုင် ခံ့ သော ရဲ တိုက် သ ဖွယ် ဖြစ်၍၊ ဖြောင့် မတ် သော သူ ပြေး ဝင် လျက် လုံ ခြုံ စွာ နေ ရ ၏။

ဆာ​လံ 20:7

အ ချို့ တို့ သည် ရ ထား တပ်၌ လည်း ကောင်း၊ အ ချို့ တို့ သည် မြင်း တပ်၌လည်း ကောင်း၊ အား ကိုး ချီး မွမ်း တတ် ကြ၏။ ငါ တို့ မူ ကား၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ၌ အား ကိုး ချီး မွမ်း ကြ မည်။

၂ ကော 3:5

ထို သို့ ဆို သော် ကိုယ့် သ တ္တိ သ ဖွယ် ထင် မှတ်၍ အ မှု ကို ကိုယ် တိုင် တတ် စွမ်း သည် ဟု မ ဆို လို။ ငါ တို့ တတ် စွမ်း ခြင်း မှာ ဘု ရား သ ခင် မှ ဖြစ် ၏။

ဆာ​လံ 16:8

ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။

ဟေ​ရှာ​ယ 40:29

ပင် ပန်း သူ့ ကို အား ပေး၍ စွမ်း ရည် မဲ့ သူ ကို လည်း ခွန် အား တိုး တက် စေ တော် မူ၏။

ဆာ​လံ 139:23-24

အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို စိ စစ် လျက် စိတ် နှ လုံး ကို သိ မှတ် တော် မူ ပါ။ စစ် ဆေး လျက် အ ကြံ အ စည် များ ကို သိ မှတ် တော် မူ ပါ။ဆိုး သွမ်း သော အ လေ့ အ လာ တစ် စုံ တစ် ရာ ရှိ မ ရှိ ကို ရှု ကြည့် ၍၊ ထာ ဝ ရ လမ်း တော် ထဲ ၌ လမ်း ပြ တော် မူ ပါ။

ဆာ​လံ 25:8-9

ထာ ဝ ရ ဘု ရား သည်၊ ကောင်း မွန် ဖြောင့် မတ် တော် မူ သော ကြောင့်၊ အ ပြစ် သား တို့ ကို နည်း လမ်း တော် ၌ သွန် သင် တော် မူ လိမ့် မည်။စိတ် နှိမ့် ချ သော သူ တို့ ကို တ ရား လမ်း၌ ပို့ ဆောင်၍၊ နည်း လမ်း တော် ကို လည်း၊ သွန် သင် တော် မူ လိမ့် မည်။

ဟေ​ရှာ​ယ 58:11

ငါ ထာ ဝ ရ ဘု ရား သည် သင့် ကို အ စဉ် လမ်း ပြ ခြင်း၊ ရေ ခေါင် သော ကာ လ၊ အာ ရုံ ပြေ ခြင်း၊ အ ရိုး သန် မာ စေ ခြင်း များ ကို ပြု သ ဖြင့်၊ ရေ သွင်း သော ဥ ယျာဉ် ကဲ့ သို့ လည်း‌ ကောင်း၊ မ ကုန် မ ခန်း နိုင် သော စမ်း ရေ ကဲ့ သို့ လည်း‌ ကောင်း သင် ဖြစ် လိမ့် မည်။

ဆာ​လံ 68:19

ငါ တို့ ဝန် ကို၊ နေ့ စဉ် ထမ်း တော် မူ သော အ ရှင် ဘု ရား၊ ငါ တို့ ကို ကယ် တင် ပိုင် ရှင် ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။

သုတ္တံကျမ်း။ 19:21

လူ၏ စိတ် နှ လုံး၌ အ ကြံ အ စည် များ သော် လည်း၊ ထာ ဝ ရ ဘု ရား အ ကြံ တော် သာ လျှင် တည် လိမ့် မည်။

၁ ပေ 4:19

သို့ ဖြစ်၍ ဘု ရား သ ခင့် အ လို တော် အ တိုင်း ဒု က္ခ ခံ ရ သူ တို့ သည် သ စ္စာ တည် တော် မူ သော ဖန် ဆင်း ရှင့် ထံ ကိုယ့် နာမ် သက် ကို အ ကောင်း ပြု လျက် အပ် နှင်း ကြ စေ။

ဆာ​လံ 52:8

ငါ မူ ကား၊ ဘု ရား သ ခင့် ဗိ မာန် တော်၌၊ စိမ်း လန်း သော သံ လွင် ပင် ကဲ့ သို့ ဖြစ်၍၊ ဘု ရား သ ခင့် က ရု ဏာ တော်၌၊ ကာ လ အ စဉ် ကိုး စား ပါ၏။

ရှင်ယောဟန် 14:1

သင်တို့၌နှလုံးမသာမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်၍ ငါ့ကိုလည်းယုံကြည်ကြလော့။

ဆာ​လံ 33:18

ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် အား ခန့် ညား ၍၊ က ရု ဏာ တော် ကို စောင့် မျှော် သူ တို့ ကို မျက် မှောက် ပြု လျက်၊ သေ ဘေး မှ ကယ် လွှတ် ခြင်း၊

၁ ပေ 1:6-7

မီး ဖြင့် စံ ချ ပြီး သော ပျက် စီး တတ် သည့် ရွှေ ထက် မြတ်၍ စံ တော် မီ သင် တို့ ယုံ ကြည် ခြင်း သည် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ ချီး မွမ်း ဂုဏ် တင်၍ အ သ ရေ ပေး တော် မူ ဖွယ် ဖြစ် စေ ခြင်း ငှါ အ ထပ် ထပ် ဝမ်း နည်း ဖွယ် သော စုံ စမ်း ခြင်း ကို ယ ခု တစ် ခ ဏ မျှ ခံ သင့် သော် လည်း ထို ကာ လ ကို ထောက်၍ များ စွာ ရွှင် လန်း ကြ၏။

ဆာ​လံ 10:17

အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် စိတ် နှိမ့် ချ သူ တို့ အ လို ဆ န္ဒ ကို သိ လျက်၊ သူ တို့ စိတ် နှ လုံး ကို ပြု ပြင် လျက် နား ညောင်း တော် မူ သည့် အ လျောက်၊

၂ ကော 12:10

သို့ ဖြစ်၍ လည်း ငါ သည် ခ ရစ် တော့် အ တွက် အား နည်း ခြင်း၊ အ နာ တ ရ ပြု ခြင်း၊ ညှဉ်း ပန်း ခြင်း၊ နှိပ် စက် ခြင်း၊ ကျဉ်း ကျပ် ခြင်း များ ကို နှစ် သက် စွာ ခံ လေ၏။ ငါ သည် အား နည်း သည့် အ ခါ ခွန် အား နှင့် ပြည့်၏။

ရော​မ 11:33

ဘု ရား သ ခင်၏ ကြွယ် ဝ သော ဉာဏ် ပ ညာ နှင့် အ သိ ပ ညာ တော် သည် အ လွန် နက် နဲ လျက် စီ ရင် တော် မူ ချက် များ ကို ရှာ ဖွေ ၍ မ ရ။ နည်း လမ်း တော် များ ကို လည်း နှိုက်၍ မ မီ နိုင် ပါ တ ကား။

ဆာ​လံ 119:165

တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။

ဧ​ဖက် 1:11

ခ ရစ် တော်၌ ဦး စွာ မျှော် လင့် လျက် နေ ခဲ့ ကြ သော ငါ တို့ သည် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မွမ်း ရာ အ ကြောင်း ဖြစ် စေ ခြင်း ငှါ ကြံ ရွယ် သော သ ဘော တော် အ လိုက် အ ရာ ရာ ကို ပြု ပြင် တော် မူ သော အ ရှင်၏ အ ကြံ တော် နှင့် အ ညီ တင် ရင် မှတ် သား တော် မူ ခြင်း ခံ ပြီး လျှင် ထို အ ရှင် အား ဖြင့် ပိုင် ရာ တော် ဖြစ် ကြ လေ ပြီ။

၂ ရာ​ချုပ် 20:15

ပ ရိ သတ် အ လယ် တွင် သက် ရောက် ၍၊ ထို သူ က၊ အို ယော ရှ ဖတ် မင်း မှ စ သော ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့၊ နာ ခံ ကြ လော့။ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ထို အ လုံး အ ရင်း ကြီး ကြောင့်၊ ကြောက် ရွံ့ တုန် လှုပ် ခြင်း မ ရှိ ကြ လင့်။ ဤ စစ် မှု သည် သင် တို့ တာ မ ဟုတ်၊ ငါ ဘု ရား တာ ဖြစ် ၏။

သုတ္တံကျမ်း။ 8:17

ငါ့ အား ချစ် ခင် သူ တို့ ကို ငါ ချစ် ခင် လျက်၊ စိတ် ဇော နှင့် ရှာ ဖွေ သူ တို့ သည် ငါ့ ကို တွေ့ ရ ကြ၏။

ဟေ​ရှာ​ယ 45:2-3

ငါ သည် ဣ သ ရေ လ အ မျိုး၏ ဘု ရား သ ခင်၊ အ မည် ဖြင့် သင့် ကို ခေါ် ခဲ့ သော ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သိ စေ ရန်၊ သင့် ရှေ့ တွင် ငါ ကြွ ချီ၍၊ မောက် ရာ များ ကို ညီ ညွတ် စေ သည့် ပြင်၊ ကြေး တံ ခါး များ ကို ဖောက် ဖျက်၍၊ သံ မင်း ထုပ် များ ကို လည်း ချိုး ဖြတ် ပြီး လျှင်၊ ကွယ် ဝှက် ရာ ဥ စ္စာ နှင့် သိုက် ဘ ဏ္ဍာ များ ကို ငါ ထုတ် ပေး မည်။လူ မျိုး ခြား တို့ အ နက် လွတ် မြောက် ခဲ့ သော သင် တို့၊ စု ရုံး လာ ရောက် ချဉ်း ကပ် ကြ လော့။ ကယ် တင် ပိုင် ခွင့် မ ရှိ သော ဘု ရား ကို ပ ဌ နာ ပြု လျက်၊ သစ် တုံး ဖြစ် သော ရုပ် ပွား ဆင်း တု ကို ပင့် ဆောင် တတ် သူ တို့ သည်၊ အ သိ ဉာဏ် မ ရှိ ကြ ချေ။နှီး နှော တိုင် ပင် ပြီး လျှင်၊ ဖော် ပြ လဲ လျှောက် ကြ စေ။ ယ မန် ရှေး ကာ လ က ပင်၊ ဤ အ မှု အ ရာ ကို ဖော် ပြ ကြား ပြော သော အ ရှင် ကား၊ မည် သူ နည်း။ ငါ ထာ ဝ ရ ဘု ရား မ ဟုတ် လော။ ငါ မှ တစ် ပါး၊ အ ခြား ဘု ရား မ ရှိ။ ငါ မှ တစ် ပါး လည်း၊ ဖြောင့် မတ် ခြင်း နှင့် ပြည့် စုံ၍ ကယ် တင် ပိုင် တော် မူ သော ဘု ရား တစ် ဆူ မျှ မ ရှိ ချေ။အို မြေ ကြီး စွန်း အ ပေါင်း တို့ ငါ သာ လျှင် ဘု ရား သ ခင် ဖြစ် တော် မူ သော ကြောင့်၊ ငါ့ ကို လှည့် ကြည့်၍ ကယ် တင် ခြင်း ကို ခံ ကြ လော့။ငါ ကိုယ် တိုင် ကို တိုင် တည်၍ သ စ္စာ ထား ချက် အ ရ၊ လူ တိုင်း ငါ့ ရှေ့ တွင် ဒူး ထောက် ခြင်း၊ နှုတ် ဖြင့် သ စ္စာ တော် ခံ ခြင်း များ ကို ပြု ရ လိမ့် မည် ဟု ဖြောင့် မှန် သော ဗျာ ဒိတ် သည် နှုတ် တော် မှ ထွက် ပြီ။ ရုပ် သိမ်း မည် မ ဟုတ်။ထာ ဝ ရ ဘု ရား ကြောင့် သာ အောင် မြင် ခွင့်၊ စွမ်း ရည် ရှိ ခွင့် ရ သည်။ ကိုယ် တော် ကို မျက် မုန်း ကြိုး သူ အ ပေါင်း တို့ ပင် အ ထံ တော် သို့ တိုး ဝင် ရ လျက် အ ရှက် ကွဲ ကြ လ တ္တံ့။ဣ သ ရေ လ အ မျိုး အ နွယ် အ ပေါင်း တို့ ကား၊ ထာ ဝ ရ ဘု ရား ကြောင့် အောင် မြင် ခွင့် ရ၍၊ ဂုဏ် ရောက် ကြ လိမ့် မည့် အ ကြောင်း၊ ဝန် ခံ လေ့ ရှိ လ တ္တံ့ ဟု မိန့် တော် မူ သ တည်း။

ဆာ​လံ 115:11

ထာ ဝ ရ ဘု ရား ကို ခန့် ညား သူ တို့၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား ကြ လော့။ ကိုယ် တော် သည် သင် တို့ အ ထောက် အ မ၊ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ ၏။

ရော​မ 15:4

ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။

ဆာ​လံ 119:68

ကိုယ် တော် သည် ကောင်း မြတ်၍၊ အ ကောင်း ပြု တော် မူ သည့် အ လျောက်၊ အ ထုံး အ ဖွဲ့ တော် များ ကို သွန် သင် တော် မူ ပါ။

မဿဲ 7:7-8

တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့၊ ပွင့် လိမ့် မည်။အ သို့ ဆို သော်၊ တောင်း သော သူ တိုင်း ရ၏။ ရှာ သော သူ လည်း တွေ့၏။ ခေါက် သော သူ့ အား ပွင့် တတ်၏။

ဂ​လာ​တိ 6:9

ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။

ဆာ​လံ 25:14

ထာ ဝ ရ ဘု ရား သည်၊ ခန့် ညား သူ တို့ အား ကိုယ် တော် နှင့် အ ကျွမ်း ဝင် ခွင့်၊ ပ ဋိ ညာဉ် တ ရား တော် ကို သိ မြင် ခွင့် ပြု တော် မူ မည်။

ယောဘဝတ္တု။ 5:8-9

အ ကျွန်ုပ် ဖြစ် မူ၊ ဘု ရား ကို ရှာ ဖွေ ၍၊ ကိုယ့် အ မူ အ ရာ ကို၊ ဘု ရား သ ခင် ထံ အပ် နှင်း တော့ မည်။ကိုယ် တော် သည်၊ စူး စမ်း၍ မ မီ နိုင် သော တန် ခိုး များ ကိုလည်း ကောင်း၊ ရေ တွက်၍ မ ကုန် နိုင် သော အံ့ ဖွယ် ရာ များ ကိုလည်း ကောင်း၊ စီ ရင် တော် မူ၏။

ဆာ​လံ 18:30

ဘု ရား သ ခင် ၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း၊ လွှား သ ဖွယ် ဖြစ် တော် မူ၏။

ဟေ​ရှာ​ယ 49:15-16

မိ ခင် သည် ရင် သွေး ဖြစ် သော နို့ စို့ သူ ငယ် ကို၊ က ရု ဏာ ကင်း သည့် တိုင် အောင်၊ အ မှတ် မ ရ ဘဲ နေ နိုင် သ လော။ အ မှတ် မ ရ ဘဲ နေ နိုင် စေ ကာ မူ၊ ငါ ကား သင့် ကို အ မှတ် မ ရ ဘဲ မ နေ နိုင်။ကိုယ့် လက် ဝါး ပြင် ဝယ် မြို့ ပုံ ကို ရေး သား လျက်၊ မြို့ ရိုး ကို လည်း အ စဉ် မျက် မှောက် ပြု၏။

ဖိ​လိပ္ပိ 1:21

ငါ အ သက် ရှင် သည့် အ ရာ မှာ ခ ရစ် တော် ဖြစ်၏။ သေ သည့် အ ရာ မှာ အ မြတ် အ စွန်း ဖြစ် ၏။

သုတ္တံကျမ်း။ 16:9

လူ သည်၊ ကိုယ့် အ လေ့ အ လာ များ ကို ကြံ စည် ရ သော် လည်း၊ ခြေ လှမ်း များ ကို၊ ထာ ဝ ရ ဘု ရား စီ စဉ် တော် မူ၏။

ဆာ​လံ 73:23-24

အ ပါး တော် တွင် အ စဉ် မ ပြတ် နေ သော၊ အ ကျွန်ုပ် ၏ ညာ လက် ကို ကိုင် စွဲ တော် မူ သည့် ပြင်၊အ ကြံ ပေး ၍ လမ်း ပြ ပြီး နောက်၊ ဘုန်း တော် ကို ဝင် စား ရန် လက် ခံ တော် မူ လိမ့် မည်။

ရှင်ယောဟန် 8:12

တစ်ဖန်တုံ၊ လူပရိသတ်အားယေရှုက ငါသည်ဤလောက၏အလင်းဖြစ်၏၊ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌သွားလာရမည်မဟုတ်။ အသက်အလင်းကို ရလိမ့်မည်ဟုမိန့်တော်မူ၏။

ဟေ​ရှာ​ယ 42:16

မျက် မ မြင် တို့ ကို၊ မ သိ မ ကျွမ်း ကြ သော လမ်း ခ ရီး တွင် လမ်း ပြ ပို့ ဆောင် လျက်၊ ၎င်း တို့ ရှေ့ အမှောင် ကို အ လင်း၊ မောက် ရာ ကို လွင် ပြင် ဖြစ် စေ လိမ့် မည်။ ထို အ မှု အ ရေး များ ကို အ ကြံ မ လျော့ ဘဲ၊ ငါ စီ ရင် လိမ့် မည် ဟူ၍ တည်း။

ရော​မ 8:16-17

ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။

ဖိ​လိပ္ပိ 2:13

သ ဘော ပေါက်၍ ဆောင် ရွက် ကြ စေ ခြင်း ငှါ သင် တို့ စိတ် ထဲ၌ စေ တ နာ တော် အ လျောက် ပြု ပြင် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။

ဟေ​ရှာ​ယ 41:18

ငါ ထာ ဝ ရ ဘု ရား သ နား ၍ တောင် ထိပ် ပေါ် တွင် မြစ် ကိုလည်း‌ ကောင်း၊ ချိုင့် တွင် စမ်း ကိုလည်း‌ ကောင်း၊ ပေါက် စေ သည့် ပြင်၊ သဲ ကန္တာ ရ အ ရပ် ကို ရေ အိုင်၊ သွေ့ ခြောက် ရာ အ ရပ် ကို စမ်း ပေါက် ဖြစ် စေ လိမ့် မည်။

ဆာ​လံ 63:1-3

အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် ဖြစ် သော ကိုယ် တော် ကို စိတ် ဇော နှင့် ရှာ ဖွေ ပါ မည်။ ရေ မဲ့၍ သွေ့ ခြောက် နွမ်း ရိ သော ပြည် တွင်၊ အ သက် ဝိ ညာဉ် သည် ကိုယ် တော် ကို ငတ် မွတ် လျက်၊ ကိုယ် ခ န္ဓာ လည်း မော ဟိုက် တ သ သည် နှင့် အ ညီ၊ဓား ဘေး သင့် ၍ တော ခွေး စာ ဖြစ် ရ ကြ လိမ့် မည်။ဘု ရင် မင်း သည်၊ ဘု ရား သ ခင် ကြောင့် ရွှင် လန်း ခွင့်၊ သ စ္စာ တော် ခံ သူ အ ပေါင်း တို့ လည်း၊ ဂုဏ် ရောက် ခွင့် ရ ကြ လိမ့် မည်။ မု သာ သုံး သူ တို့ နှုတ် မှာ မူ၊ ပိတ် လျက် နေ ရ ကြ လ တ္တံ့။ဘုန်း တန် ခိုး တော် ကို ရှု မြင် ရန်၊ သန့် ရှင်း ရာ ဌာ န တော် တွင် ဖူး မျှော် ပါ ၏။အ သက် ရှင် ခြင်း ထက်၊ မေ တ္တာ ကျေး ဇူး တော် ကောင်း မြတ် သည့် အ တွက်၊ ကိုယ် တော် ကို နှုတ် မြွက် ချီး မွမ်း သည် နှင့် အ ညီ၊

မဿဲ 21:22

ယုံ ကြည် လျက် လျှောက် တောင်း သ မျှ ကို လည်း ရ ကြ လိမ့် မည် ဟု မိန့် တော် မူ၏။

ရော​မ 8:5-6

ရုပ် ခ န္ဓာ အောက် နေ သူ တို့ သည် ရုပ် ခ န္ဓာ ဆိုင် ရာ များ ကို စွဲ လမ်း ကြ သည့် နည်း တူ နာမ် ခ န္ဓာ အောက် နေ သူ တို့ သည် နာမ် ခ န္ဓာ ဆိုင် ရာ များ ကို စွဲ လမ်း ကြ၏။ရုပ် ခ န္ဓာ ကို စွဲ လမ်း ခြင်း လည်း သေ ခြင်း ဖြစ် သည့် နည်း တူ နာမ် ခ န္ဓာ ကို စွဲ လမ်း ခြင်း သည် အ သက် ရှင် ခြင်း နှင့် ငြိမ် သက် ခြင်း ဖြစ်၏။

ဆာ​လံ 37:4

ထာ ဝ ရ ဘု ရား၌ မွေ့ လျော် လျှင်၊ စိတ် လို ဖတ် ရှိ ရာ များ ကို သ နား တော် မူ လိမ့် မည်။

၂ တိ 2:1

သို့ ဖြစ်၍ ငါ့ သား၊ ခ ရစ် တော် ယေ ရှု၌ ရှိ သော ကျေး ဇူး တော် အား ဖြင့်၊

ဟေ​ရှာ​ယ 51:12-13

ငါ သာ လျှင် သင် တို့ ကို နှစ် သိမ့် စေ သော အ ရှင် ပေ တည်း။ မိုး ကောင်း ကင် ကို ကြက် လျက်၊ မြေ ပ ထ ဝီ ကို တည် ထောင်၍၊ သင့် ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား ကို သ တိ မ ရ ဘဲ၊ သေ တတ် သော လူ၊ မြက် ပင် အ ဖြစ် ရောက် တတ် သော လူ့ သား တို့ ကို ကြောက် ရွံ့ ခြင်း၊ ဖျက် ဆီး ရန် လေး တင် လျက် နှိပ် စက် သူ တို့ ၏ ဒေါ သ ကြောင့် အ စဉ် မ ပြတ် တုန် လှုပ် ခြင်း ရှိ သော သင် သည်၊ မည် သို့ သော သူ ဖြစ် သ နည်း။ နှိပ် စက် သူ တို့ ဒေါ သ အ ဘယ် မှာ နည်း။

လုကာ 18:27

လူ မ တတ် နိုင် သော အ ရာ များ ကို ဘု ရား သ ခင် တတ် နိုင် တော် မူ သည် ဟု ဖြေ ဆို တော် မူ ၏။

ဆာ​လံ 16:11

အ သက် လမ်း ကို အ ကျွန်ုပ် အား၊ ကိုယ် တော် သိ ကျွမ်း စေ တော် မူ မည်။ ရှေ့ တော်၌ တင်း တိမ် ဖွယ် အား ရ ခွင့်၊ ညာ ဘက် တော်၌ ကာ လ အ စဉ် ပျော် မွေ့ ခွင့် တည် ရှိ လှ ပေ ၏။

ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ