“အချင်းလူသား၊ ငါသည် သင့်ကို အစ္စရေးလူမျိုးတို့ကိုစောင့်ကြည့်သော ကင်းစောင့်အဖြစ် ခန့်ထားပြီ။ ငါပြောသောစကားကိုကြားတိုင်း သူတို့ကို ပြန်ပြောရမည်။
``အချင်းလူသား၊ ငါသည်ဣသရေလအမျိုး သားတို့အတွက်သင့်အားကင်းစောင့်အဖြစ်ခန့် ထားမည်။ ငါသတိပေးသည့်စကားများကို ကြားနာ၍ သင်သည်သူတို့အားဆင့်ဆိုရမည်။-
အ ချင်း လူ့ သား၊ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့၊ သင့် ကို ကင်း စောင့် သ ဖွယ် ငါ ထား ပြီ ဖြစ်၍၊ နှုတ် မြွက် သော ဗျာ ဒိတ် တော် ကို နာ ခံ လျက်၊ ထို သူ တို့ အား ဆုံး မ လော့။
အချင်းလူသား၊ သင့်ကို ဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိပေးသော စကားကိုနားထောင်၍ သူတို့အား ဆင့်ဆိုလော့။
မြို့အသီးသီးတွင်နေထိုင်ကြသော သင်တို့၏ညီအစ်ကိုတို့သည် အချင်းချင်းသတ်ဖြတ်မှု၊ ဥပဒေသ၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်စသည်တို့နှင့်ပတ်သက်သောအမှုအခင်းအလုံးစုံတို့ကို သင်တို့ထံသို့ ယူဆောင်လာလျှင် သင်တို့သည် သူတို့အား သတိပေးရမည်။ သို့မှ သူတို့သည် ထာဝရဘုရားကို မပြစ်မှားမိဘဲနေလိမ့်မည်။ သင်တို့နှင့် သင်တို့၏ညီအစ်ကိုအပေါ်အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။ သင်တို့လည်း အပြစ်မပြုမိဘဲနေလိမ့်မည်။
မြို့ထဲတွင် ကင်းလှည့်နေသူတို့သည် အကျွန်ုပ်ကိုတွေ့ကြ၏။ အကျွန်ုပ်က ‘အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို သင်တို့တွေ့မိပါသလား’ဟု မေးပါ၏။
မြို့လှည့်ကင်းစောင့်သောသူတို့သည် အကျွန်ုပ်ကိုတွေ့သောအခါ ရိုက်နှက်ကြသဖြင့် အကျွန်ုပ်ဒဏ်ရာရပါ၏။ မြို့ရိုးအစောင့်တို့သည်လည်း အကျွန်ုပ်ခြုံပဝါကို လုယူကြပါ၏။
အကြောင်းမူကား ဘုရားရှင်က “သွားလော့။ ကင်းစောင့်ကိုချထားလော့။ သူမြင်သောအရာကို ပြောစေလော့။
ကင်းစောင့်က “သခင်၊ အကျွန်ုပ်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်တွင် တစ်နေ့လုံးရပ်နေပါ၏။ ညတိုင်း အကျွန်ုပ်တာဝန်ကျရာနေရာ၌ ရပ်နေပါ၏။
သင်၏ကင်းစောင့်တို့အသံပါတကား။ သူတို့သည် အသံလွှင့်၍ အတူတကွ ရွှင်လန်းစွာသီချင်းဆိုကြ၏။ အကြောင်းမူကား သူတို့သည် ဇိအုန်မြို့သို့ထာဝရဘုရားပြန်လာတော်မူသည်ကို မျက်ဝါးထင်ထင် မြင်ကြရသောကြောင့်တည်း။
သူ၏ကင်းစောင့်တို့သည် မျက်မမြင်များဖြစ်ကြ၏။ သူတို့အားလုံးသည် မည်သည့်အရာမျှမသိကြ။ ဆွံ့အသောခွေးများဖြစ်ကြ၏။ သူတို့သည် မဟောင်နိုင်ကြ။ အိပ်လျက်၊ လဲလျောင်းလျက်၊ ငိုက်မျဉ်းခြင်းကိုတပ်မက်လျက် နေကြ၏။
ကျယ်လောင်စွာဟစ်ကြော်လော့။ ထိန်းချုပ်မထားနှင့်။ တံပိုးမှုတ်သံကဲ့သို့ သင်၏အသံကိုလွှင့်၍ ငါ့လူမျိုးတော်တို့အား သူတို့ကျူးလွန်သောအပြစ်ကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်အား သူတို့၏အပြစ်များကိုလည်းကောင်း ဖော်ပြလော့။
အို ဂျေရုဆလင်မြို့၊ ကင်းစောင့်တို့ကို သင်၏မြို့ရိုးများပေါ်တွင် ငါချထားပြီ။ သူတို့သည် နေ့နေ့ညည တိတ်တိတ်နေမည်မဟုတ်။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့၊ နှုတ်ဆိတ်မနေကြနှင့်။
သို့သော် ထာဝရဘုရားက ငါ့အား “ ‘အကျွန်ုပ်သည် သူငယ်သာဖြစ်ပါသည်’ဟု မဆိုနှင့်။ သင့်ကိုငါစေလွှတ်သော လူအပေါင်းတို့ထံသို့ သင်သွားရမည်။ ငါမိန့်မှာသောစကားအလုံးစုံတို့ကို သင်ပြောကြားရမည်။
‘လာကြ။ ဇိအုန်တောင်သို့ သွားကြစို့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအထံတော်သို့ သွားကြစို့’ဟူ၍ ဧဖရိမ်တောင်ပေါ်မှကင်းစောင့်တို့ ကြွေးကြော်သောအချိန်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် အကျွန်ုပ်၏စကားကိုနားထောင်ကြမည့်အကြောင်း မည်သူ့ကိုပြောရမည်နည်း၊ မည်သူ့ကိုသတိပေးရမည်နည်း။ သူတို့၏နားသည် အရေဖျားလှီးခြင်းမခံသောနားဖြစ်၍ နားမထောင်နိုင်ကြ။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို မနှစ်သက်၊ ပြက်ရယ်ပြုကြ၏။
ငါသည် ကင်းစောင့်တို့ကိုခန့်ထား၍ ‘တံပိုးမှုတ်သံကို အာရုံစိုက်နားထောင်ကြ’ဟု ဆိုသော်လည်း သူတို့က ‘ငါတို့ နားမထောင်’ဟု ဆိုကြ၏။
ထိုအခါ ငါ့အား ထာဝရဘုရားဖော်ပြတော်မူသောအရာအလုံးစုံကို ဖမ်းခေါ်သွားခြင်းခံရသောသူတို့အား ငါပြောပြ၏။
ထို့ကြောင့် အို အချင်းလူသား၊ သူတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်တော်မူ၏။
သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ငါ့စကားကို သူတို့အား ပြောပြရမည်။
ငါသည် ကင်းတဲတွင် ရပ်နေမည်။ ခံတပ်တွင် နေရာယူမည်။ ကိုယ်တော်သည် ငါ့အား မည်သို့မိန့်တော်မူမည်ကိုလည်းကောင်း၊ ငါ့အား ဆိုဆုံးမသောအခါ မည်သို့ပြန်လျှောက်ရမည်ကိုလည်းကောင်း သိရှိနိုင်ရန် စောင့်လျက်နေမည်။
ထို့နောက် ထာဝရဘုရား၏စေတမန်ဟဂ္ဂဲက လူတို့အား “ထာဝရဘုရားက သင်တို့နှင့်အတူ ငါရှိ၏ဟူ၍ မိန့်တော်မူသည်”ဟု ထာဝရဘုရားမိန့်တော်မူသောစကားကို ဆင့်ဆို၏။
သို့သော် သူ၏ဗတ္တိဇံကိုခံရန် များစွာသောဖာရိရှဲနှင့်ဇဒ္ဒုကဲတို့လာကြသည်ကိုမြင်လျှင် ယောဟန်က “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် မည်သူက သင်တို့ကို သတိပေးခဲ့သနည်း။
ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။
ဤအရာများကို ငါရေးလိုက်ခြင်းမှာ သင်တို့အား အရှက်ရစေရန်မဟုတ်ဘဲ ငါ၏ချစ်သားသမီးများအဖြစ် သတိပေးဆုံးမရန်သာဖြစ်၏။
ထို့ကြောင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို ငါတို့သိသဖြင့် လူတို့ကိုစည်းရုံးကြ၏။ ငါတို့အကြောင်းသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှားပြီဖြစ်၍ သင်တို့၏အသိစိတ်၌လည်း ထင်ရှားပြီဟု ငါမျှော်လင့်၏။
ထိုသို့ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် တိုက်တွန်းတော်မူသည်ဖြစ်၍ ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၏။ ထို့ကြောင့် “ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ကြလော့”ဟု ခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။