၁ ကော 12:28 - မြန်မာ့စံမီသမ္မာကျမ်း28 ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။ Ver CapítuloCommon Language Bible28 ဘုရားသခင်သည်ပထမအနေဖြင့်တမန် တော်များ၊ ဒုတိယအနေဖြင့်ပရောဖက်များ၊ တတိယအနေဖြင့်ဆရာများကိုလည်း ကောင်း၊ ထိုနောက်နိမိတ်လက္ခဏာပြသူများ၊ အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးကိုရရှိသူများ၊ သူတစ်ပါး တို့ကိုကူညီသူများ၊ ရှေ့ဆောင်လမ်းပြ နိုင်စွမ်းရှိသူများ၊ ထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုပြောနိုင်သူများကို လည်းကောင်းအသင်းတော်တွင်ခန့်ထား တော်မူ၏။- Ver CapítuloGarrad Bible28 ပ ထ မ တ မန် တော် များ၊ ဒု တိ ယ ပ ရော ဖက် များ၊ တ တိ ယ ဆ ရာ များ မှ စ၍ အ မှု ကြီး များ ပြု ခွင့်၊ ကု သ ခွင့် ထောက် ပံ့ ခွင့်၊ အုပ် ချုပ် ခွင့်၊ ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ သူ တို့ ကို အ သင်း တော် တွင် ဘု ရား သ ခင် ထား တော် မူ ပြီ။ Ver CapítuloJudson Bible28 ဘုရားသခင်သည် ပထမအရာ၌ တမန်တော်တို့ကိုလည်းကောင်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကိုလည်းကောင်း၊ တတိယအရာ၌ ဆရာတို့ကိုလည်းကောင်း၊ ထိုနောက် တန်ခိုးပြသော သူတို့ကိုလည်းကောင်း၊ ထိုနောက် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကိုလည်းကောင်း၊ သင်းထောက်တို့ကိုလည်းကောင်း၊ စီရင်အုပ်စိုးသော သူတို့ကိုလည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားကိုပြောနိုင်သော သူတို့ကိုလည်းကောင်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း28 အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။ Ver Capítulo |
သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။
သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။