ယေရမိ 31:6 - မြန်မာ့စံမီသမ္မာကျမ်း6 ‘လာကြ။ ဇိအုန်တောင်သို့ သွားကြစို့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအထံတော်သို့ သွားကြစို့’ဟူ၍ ဧဖရိမ်တောင်ပေါ်မှကင်းစောင့်တို့ ကြွေးကြော်သောအချိန်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible6 `လာကြ၊ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားရှိတော်မူရာဇိအုန်တောင်တော်သို့ ငါတို့တက်ကြကုန်အံ့' ဟုဧဖရိမ်တောင် ကုန်းများမှကင်းစောင့်တို့ကြွေးကြော်ကြ မည့်နေ့ရက်ကာလသည် အမှန်ပင်ကျ ရောက်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။ Ver CapítuloJudson Bible6 ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြလော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့ သွားကြကုန်အံ့ဟု ကြွေးကြော်ရသောအချိန်ကာလသည် ရောက်လိမ့်မည်။ Ver Capítulo |
အို ဇိအုန်တောင်၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ မြင့်မားသောတောင်ပေါ်သို့ တက်လော့။ အို ဂျေရုဆလင်မြို့၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ သင့်အသံကို အစွမ်းကုန်လွှင့်လော့။ အသံကိုလွှင့်လော့။ မကြောက်နှင့်။ “ကြည့်ရှုလော့။ ဤသည်ကား သင်တို့၏ဘုရားသခင်ပေတည်း”ဟု ယုဒမြို့တို့အား ပြောကြားလော့။
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။