၂ ကော 5:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထို့ကြောင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို ငါတို့သိသဖြင့် လူတို့ကိုစည်းရုံးကြ၏။ ငါတို့အကြောင်းသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှားပြီဖြစ်၍ သင်တို့၏အသိစိတ်၌လည်း ထင်ရှားပြီဟု ငါမျှော်လင့်၏။ Ver CapítuloCommon Language Bible11 ငါတို့သည်အဘယ်ကြောင့်သခင်ဘုရားအား ကြောက်ရွံ့ရကြောင်းကိုသိသဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်၏။ ငါတို့၏အကြောင်းကို ဘုရားသခင်အကြွင်းမဲ့သိတော်မူ၏။ သင် တို့သည်လည်းစိတ်နှလုံးထဲကငါ့အကြောင်း ကိုလည်း ကောင်းစွာသိကြလိမ့်မည်ဟုငါ မျှော်လင့်၏။- Ver CapítuloGarrad Bible11 ထို သို့ အ ရှင် ဘု ရား အား ကြောက် ရွံ့ ဖွယ် ရာ ကို ထောက် ရှု လျက် လူ တို့ ကို သ ဘော ကျ စေ ကြ သော ငါ တို့ သည် ဘု ရား သ ခင့် ရှေ့ ထင် ရှား ပြီး ဖြစ် သည့် အ လျောက် သင် တို့ သြ တ္တ ပ္ပ စိတ် ရှေ့ လည်း ထင် ရှား ကြ ပြီ ဟု ငါ အောက် မေ့ ၏။ Ver CapítuloJudson Bible11 သို့ဖြစ်၍ သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင်၊ လူများကို နှိုးဆော်သွေးဆောင်ရသည်ဖြစ်၍၊ ဘုရားသခင့်ရှေ့တော်၌ ထင်ရှားကြ၏။ သင်တို့၏စိတ်ရှေ့၌လည်း ထင်ရှားကြသည်ဟု ငါထင်မှတ်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်ဘုရားကို ကြောက်ရွံ့ရကြောင်းကို သိသဖြင့် အခြားသူများအား ဘုရားသခင်ထံတော်သို့ လှည့်ပြန်ရန် တိုက်တွန်းစည်းရုံးကြ၏။ ကျွန်ုပ်တို့အကြောင်းကိုမူ ဘုရားသခင်အကြွင်းမဲ့သိတော်မူ၍ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သင်တို့၏ စိတ်ထဲက အကြွင်းမဲ့သိကြမည်ဟု မျှော်လင့်၏။ Ver Capítulo |
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။