သခင်အိမ်သို့ပြန်ရောက်သည့်တိုင်အောင် ယောသပ်၏အဝတ်ကို မိမိအနားတွင် သိမ်းထားလေ၏။
ယေရမိ 9:3 - မြန်မာ့စံမီသမ္မာကျမ်း “သူတို့သည် မုသားလေးကို မိမိတို့လျှာပေါ် တင်ကြ၏။ တိုင်းပြည်တွင် သစ္စာတရားမလွှမ်းမိုးနိုင်။ သူတို့သည် မကောင်းမှုကိုတစ်ခုပြီးတစ်ခုပြုကြ၏။ ငါ့ကိုကား အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သူ တို့ သည် မု သာ သုံး ရန် ကိုယ့် လျှာ ကို လေး သ ဖွယ် တင် လျက်၊ နေ ပြည် တွင် သ စ္စာ မဲ့ တန် ခိုး ကြီး ကြ၏။ အ ဆိုး ထက် အ ဆိုး ကို ပြု မြဲ ပြု လျက်၊ ငါ့ ကို မ သိ မ ကျွမ်း ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသားနှင့်တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီးပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှုကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။ |
သခင်အိမ်သို့ပြန်ရောက်သည့်တိုင်အောင် ယောသပ်၏အဝတ်ကို မိမိအနားတွင် သိမ်းထားလေ၏။
ဖြောင့်မတ်သောသူတို့၏အကြံအစည်တို့သည် တရားမျှတ၏။ ဆိုးယုတ်သောသူတို့၏လမ်းညွှန်မှုတို့သည် လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။
လူတစ်ဦးကိုတစ်ဦး၊ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး ညှဉ်းဆဲကြလိမ့်မည်။ လူငယ်သည် လူကြီးကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
အကယ်စင်စစ် ဆိုးယုတ်မှုသည် မီးကဲ့သို့လောင်ကျွမ်းတတ်၏။ ချုံပင်၊ ဆူးပင်များကိုလောင်မြိုက်လျက်၊ တောအုပ်ကိုစွဲလောင်လျက် အခိုးတလူလူတက်စေတတ်၏။
သင့်ညီအစ်ကို၊ သင့်ဖခင်၏အိမ်သူအိမ်သားတို့ပင်လျှင် သင့်ကို သစ္စာဖောက်လေပြီ။ သူတို့သည် သင့်နောက်သို့လိုက်၍ ကျယ်လောင်စွာဟစ်ခေါ်လေပြီ။ သူတို့သည် သင့်အား ချိုသာစွာပြောလျှင်လည်း မယုံနှင့်။
ဆင်းရဲနွမ်းပါးသူတို့၏အမှုကို တရားသဖြင့်စီရင်သောကြောင့် ကောင်းစားခဲ့သည်မဟုတ်လော။ ဤသည်ကား ငါ့ကိုသိကျွမ်းခြင်းကြောင့်ပင်မဟုတ်လော”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
ထို့ကြောင့် ငါက “သူတို့သည် မိုက်မဲသောဆင်းရဲသားများသာဖြစ်ကြ၏။ သူတို့သည် ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏တရားစီရင်ခြင်းကို မသိကြ။
ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏စီရင်ထုံးဖွဲ့ချက်တို့ကိုသိသော လူကြီးတို့ကို ငါသွားပြောမည်”ဟု ဆို၏။ သို့သော် သူတို့သည်လည်း အတူတကွထမ်းပိုးကိုချိုး၍ အချည်အနှောင်များကိုဖြတ်ကြပြီ။
သူတို့အားလုံးသည် ကြေးနီကဲ့သို့၊ သံကဲ့သို့ ခေါင်းမာ၍ ပုန်ကန်တတ်၏။ အတင်းအဖျင်းလိုက်ပြောတတ်၏။ သူတို့အားလုံး အကျင့်ပျက်ပြားကြ၏။
သို့သော် သူတို့သည် ငါ့စကားကို နားမထောင်ကြ၊ ဂရုမစိုက်ကြ၊ ခေါင်းမာကြ၏။ သူတို့၏ဘိုးဘေးတို့ထက် သာ၍ဆိုးညစ်ကြ၏။
လူတိုင်း မိမိအိမ်နီးချင်းကိုလှည့်စားကြ၏။ မှန်မှန်ကန်ကန်မပြောဆိုကြ။ သူတို့၏လျှာကို မုသားပြောဆိုရန် လေ့ကျင့်ထားကြပြီ။ ဒုစရိုက်ကိုပြုခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ပင်ပန်းစေကြ၏။
သူတို့၏လျှာသည် သေစေနိုင်သောမြားဖြစ်၏။ သူ၏နှုတ်သည် လိမ်လည်လှည့်ဖြားပြောဆိုတတ်၏။ အိမ်နီးချင်းကို ချိုချိုသာသာပြောဆိုသော်လည်း စိတ်ထဲ၌ အလစ်ချောင်းလျက်နေ၏”ဟု မိန့်တော်မူ၏။
တစ်ဖန် ငါ့အား “ဆက်သွားပါ။ ထို့ထက်ပိုဆိုးသော စက်ဆုပ်ရွံရှာဖွယ်များ ပြုနေသည်ကို သင်ထပ်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။
ထိုဘုရင်နှစ်ပါးစလုံးသည် မကောင်းမှုကိုပြုလိုသောစိတ်ရှိကြ၏။ သူတို့သည် စားပွဲတစ်ခုတည်းတွင် အတူထိုင်၍ မုသားစကားပြောဆိုကြလိမ့်မည်။ သို့သော် အဆုံးအတွက် သတ်မှတ်ထားသောအချိန်မရောက်သေးသောကြောင့် အောင်မြင်လိမ့်မည်မဟုတ်။
အကြောင်းမူကား ဖောက်ပြန်၍ အပြစ်နှင့်ပြည့်နေသော ဤခေတ်ကာလ၌ မည်သူမဆို ငါနှင့်ငါ့စကားအတွက်ရှက်လျှင် လူ့သားသည်လည်း သန့်ရှင်းသောကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
ဂျူးလူမျိုးတို့ကလည်း ဤအကြောင်းအရာများမှန်ကန်ပါသည်ဟုဆိုလျက် ဝိုင်းဝန်းထောက်ခံကြ၏။
ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။
သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်ကြ၏။ သူတို့သည် မိမိတို့လျှာဖြင့် လိမ်လည်ပြောဆိုတတ်ကြ၏။ သူတို့၏နှုတ်ခမ်းအောက်၌ မြွေဆိုး၏အဆိပ်အတောက်ရှိ၏။
အမြင်မှန်ရကြလော့။ အပြစ်ကိုမပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သင်တို့ကိုအရှက်ရစေရန် ဤသို့ငါပြော၏။
ထိုသို့ကြောက်ရွံ့ခြင်းမရှိခြင်းသည် သူတို့အတွက် ပျက်စီးခြင်း၏လက္ခဏာဖြစ်၏။ သင်တို့အတွက်မူကား ကယ်တင်ခြင်း၏လက္ခဏာဖြစ်ပြီး ၎င်းသည် ဘုရားသခင်ထံမှလာ၏။
ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။
ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။
သူ၏မယားသည် ပွဲကျင်းပသည့်ခုနစ်ရက်နေ့ နောက်ဆုံးအချိန်အထိ ခင်ပွန်းရှေ့၌ငိုပြ၍ ပူဆာသောကြောင့် ထိုခုနစ်ရက်မြောက်သောနေ့၌ သူ့အားပြောပြလိုက်လေ၏။ သူသည်လည်း မိမိ၏အမျိုးသားချင်းတို့အား စကားထာအဖြေကို ပြောပြလိုက်လေ၏။
ယောရှုလက်ထက်မျိုးဆက်တစ်ဆက်လုံး သေဆုံး၍ဘိုးဘေးတို့စုစည်းရာသို့ ရောက်လေ၏။ ထိုမျိုးဆက်ပြီးမှ ထာဝရဘုရားကို မသိသော၊ အစ္စရေးအမျိုးသားတို့အဖို့ ထာဝရဘုရားပြုတော်မူသောအမှုကိုမသိသော နောက်မျိုးဆက်တစ်ဆက် ပေါ်လာ၏။