Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ရ​မိ 5:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို့ကြောင့် ငါ​က “သူ​တို့​သည် မိုက်မဲ​သော​ဆင်းရဲသား​များ​သာ​ဖြစ်​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​တရားလမ်း​၊ ဘုရားသခင်​၏​တရားစီရင်​ခြင်း​ကို မ​သိ​ကြ​။

Ver Capítulo Copiar

Common Language Bible

4 ထို​နောက်​ငါ​က​ဤ​သူ​တို့​ကား​ဆင်း​ရဲ​သူ​များ​ဖြစ်​၏။ မ​သိ​နား​မ​လည်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို​သော်​လည်း​ကောင်း မ​သိ​ကြ​သ​ဖြင့်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။

Ver Capítulo Copiar

Garrad Bible

4 သို့ ဖြစ်၍ ငါ က၊ ဤ သူ တို့ သည် မိုက် မဲ သော ဆင်း ရဲ သား မျှ သာ ဖြစ် ကြ ပါ ၏။ ထာ ဝ ရ ဘု ရား နည်း လမ်း တော်၊ ကိုယ့် ဘု ရား သ ခင် ၏ တ ရား တော် ကို မ သိ ကြ လေ စွ။

Ver Capítulo Copiar

Judson Bible

4 ငါ​က​လည်း၊ အ​ကယ်​စင်​စစ် ဤ​သူ​တို့​သည် ဆင်း​ရဲ​သား​ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို​လည်း​ကောင်း၊ မ​သိ​သော​ကြောင့် မိုက်​ကြ၏။

Ver Capítulo Copiar




ယေ​ရ​မိ 5:4
11 Referencias Cruzadas  

အကိုင်းအခက်​တို့​သည် ခြောက်သွေ့​လျှင် ချိုး​ပစ်​ခြင်း​ခံရ​လိမ့်မည်​။ မိန်းမ​တို့​သည် လာ​၍ ချိုးယူ​မီးဆိုက်​ကြ​လိမ့်မည်​။ ဤ​လူမျိုး​သည် အသိဉာဏ်​မ​ရှိ​သောကြောင့် သူ့​ကို​ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​သနား​တော်မူ​မည်​မ​ဟုတ်​။ သူ့​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​မျက်နှာသာပေး​တော်မူ​မည်​မ​ဟုတ်​။


ထို​စာလိပ်​ကို စာ​မ​ဖတ်တတ်​သော​သူ​အား​ပေး​၍ “​ဤ​စာ​ကို ဖတ်​ပါ​လော့​”​ဟု ဆို​လျှင် ထို​သူ​က “​ငါ စာ​မ​ဖတ်တတ်​ပါ​”​ဟု ပြန်ပြော​လိမ့်မည်​။


ထို​သူ​အပေါင်း​တို့​သည် အသိတရား​မ​ရှိ​၊ မိုက်မဲ​ကြ​၏​။ အချည်းနှီး​သော​အရာ​ကို​သွန်သင်​ပေး​သူ​မှာ သစ်သား​ဖြစ်​၏​။


“ငါ့​လူမျိုး​တော်​တို့​သည် ဆိုးမိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ ငါ့​ကို​မ​သိ​ကြ​။ မိုက်မဲ​သော​သားသမီး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​ကြ​။ ဆိုးညစ်​သော​အမှု​ကို​ပြု​ရာ​၌ ကျွမ်းကျင်​၍ ကောင်း​သော​အမှု​ကို​မ​ပြု​ကြ​။”


“ကြည့်ရှု​လော့​။ သင်​တို့​သည် အကျိုး​မ​ရှိ​သော မုသား​စကား​ကို ယုံ​ကြ​၏​။


“မိုးကောင်းကင်​၌​ပျံဝဲ​သော​ငှက်ကျား​ပင်လျှင် ရာသီ​အချိန်​ကို​သိ​၏​။ ချိုးငှက်​၊ ကြိုးကြာ​၊ ပျံလွှား​တို့​သည်​လည်း သွားလာ​ရ​မည့်​အချိန်​ကို မှတ်​တတ်​ကြ​၏​။ ငါ့​လူမျိုး​တော်​မူကား ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​ကို မ​သိ​ကြ​။


“သူ​တို့​သည် မုသား​လေး​ကို မိမိ​တို့​လျှာ​ပေါ် တင်​ကြ​၏​။ တိုင်းပြည်​တွင် သစ္စာတရား​မ​လွှမ်းမိုး​နိုင်​။ သူ​တို့​သည် မကောင်းမှု​ကို​တစ်​ခု​ပြီး​တစ်​ခု​ပြု​ကြ​၏​။ ငါ့​ကို​ကား အသိအမှတ်​မ​ပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ငါ့​လူမျိုး​တော်​သည် အသိပညာ​မဲ့​သောကြောင့် ပျက်စီး​ရ​လေ​ပြီ​။ သင်​သည် အသိပညာ​ကို ငြင်းပယ်​သောကြောင့် သင့်​ကို ယဇ်ပုရောဟိတ်​အဖြစ်​မှ ငါ​စွန့်ပယ်​မည်​။ သင်​သည် ဘုရားသခင်​၏​ပညတ်တရားတော်​ကို မေ့လျော့​သောကြောင့် သင့်​သားသမီး​တို့​ကို ငါ​မေ့လျော့​မည်​။


မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ကြား​ရ​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos