ယေရမိ 5:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏စီရင်ထုံးဖွဲ့ချက်တို့ကိုသိသော လူကြီးတို့ကို ငါသွားပြောမည်”ဟု ဆို၏။ သို့သော် သူတို့သည်လည်း အတူတကွထမ်းပိုးကိုချိုး၍ အချည်အနှောင်များကိုဖြတ်ကြပြီ။ Ver CapítuloCommon Language Bible5 ငါသည်တန်ခိုးအာဏာရှိသူတို့ထံသွား၍သူတို့အားပြောဆိုမည်။ သူတို့သည်အမှန်ပင်ထာဝရဘုရား၏အလိုတော်ကိုသိရှိကြရာ၏။ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့် စည်းမျဉ်းဥပဒေသတော်တို့ကိုသိရှိကြရာ၏'' ဟုတွေးတောမိ၏။ သို့ရာတွင်သူတို့အားလုံးပင်ထာဝရဘုရား၏ထမ်းပိုးကိုချိုးလျက် နှောင်ကြိုးများကိုလည်းဖြတ်ကြလေပြီ။ Ver CapítuloGarrad Bible5 ထာ ဝ ရ ဘု ရား ၏ နည်း လမ်း တော်၊ ကိုယ့် ဘု ရား သ ခင် ၏ တ ရား တော် ကို သိ ကျွမ်း သော လူ ကြီး တို့ ရှိ ရာ သို့ သွား ၍ နှီး နှော အံ့ ဟု အောက် မေ့ ရာ၊ ထို သူ တို့ သည် ထမ်း ပိုး ချိုး ခြင်း၊ ဖွဲ့ ကြိုး ဖြတ် ခြင်း များ ကို တစ် ပြိုင် နက် ပြု နှင့် ကြ ကြောင်း ငါ တွေ့ ၏။ Ver CapítuloJudson Bible5 လူကြီးများထံသို့ ငါသွား၍ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကိုလည်းကောင်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကိုလည်းကောင်း သိကြ၏ဟု ဆိုသော်လည်း၊ သူတို့သည် ထမ်းပိုးတော်ကို ချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ။ Ver Capítulo |
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။