ယေရမိ 9:8 - မြန်မာ့စံမီသမ္မာကျမ်း8 သူတို့၏လျှာသည် သေစေနိုင်သောမြားဖြစ်၏။ သူ၏နှုတ်သည် လိမ်လည်လှည့်ဖြားပြောဆိုတတ်၏။ အိမ်နီးချင်းကို ချိုချိုသာသာပြောဆိုသော်လည်း စိတ်ထဲ၌ အလစ်ချောင်းလျက်နေ၏”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible8 သူတို့၏လျှာသည်အဆိပ်လူးမြားနှင့်တူ၏။ သူတို့သည်လိမ်လည်လှည့်စားသည့်စကားကို အမြဲပြောဆိုကြ၏။ လူတိုင်းပင်မိမိအိမ်နီးချင်းအားနှုတ်ချိုစွာ ပြောဆိုတတ်သော်လည်း စင်စစ်အားဖြင့်၊သူ့အတွက်ထောင်ချောက်ကို ထောင်ဖမ်းလျက်နေသည်။ Ver CapítuloGarrad Bible8 သူ တို့၏ လှည့် စား ခြင်း လျှာ သည် ထက် သော မြှား သ ဖွယ် ဖြစ်၏။ အ ပေါင်း အ ဖော် အား နှုတ် ချို စွာ ပြော တတ် သော် လည်း၊ စိတ်၌ တပ် ပုန်း သ ဖွယ် ထား ၏။ Ver CapítuloJudson Bible8 သူတို့လျှာသည် သေစေတတ်သောမြား ဖြစ်၏။ ပရိယာယ်စကားကို ပြောတတ်၏။ အပေါင်းအဖော်ချင်းတို့သည် နှုတ်ဖြင့် လောကဝတ်စကားကိုပြော၍၊ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ၏။ Ver Capítulo |