ဒံယေလ 11:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထိုဘုရင်နှစ်ပါးစလုံးသည် မကောင်းမှုကိုပြုလိုသောစိတ်ရှိကြ၏။ သူတို့သည် စားပွဲတစ်ခုတည်းတွင် အတူထိုင်၍ မုသားစကားပြောဆိုကြလိမ့်မည်။ သို့သော် အဆုံးအတွက် သတ်မှတ်ထားသောအချိန်မရောက်သေးသောကြောင့် အောင်မြင်လိမ့်မည်မဟုတ်။ Ver CapítuloCommon Language Bible27 ထိုနောက်ဘုရင်နှစ်ပါးသည်စားပွဲတစ်ခု တည်းတွင်ထိုင်၍ ပွဲတော်ခေါ်ကြလိမ့်မည်။ သို့ ရာတွင်သူတို့၏ရည်ရွယ်ချက်များသည်ဆိုး ညစ်သဖြင့် တစ်ဦးကိုတစ်ဦးလိမ်လည်ပြော ဆိုကြလိမ့်မည်။ သို့သော်အချိန်မတန်သေး သဖြင့် သူတို့၏လိုလားချက်များကိုရရှိ ကြလိမ့်မည်မဟုတ်။- Ver CapítuloGarrad Bible27 ထို ဘု ရင် နှစ် ပါး တို့ ကား အ ဆိုး ကို ကြံ စည် လျက် ပွဲ တော် တည် ကြ စဉ် တွင် မု သာ သုံး ၍ ကြံ စည် သော် လည်း အ ထ မ မြောက် ရာ၊ ချိန်း ချက် တော် မူ သော ကာ လ၌ ပင် ကုန် ဆုံး လိမ့် မည်။ Ver CapítuloJudson Bible27 ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ၍၊ တစ်ခုသောစားပွဲ၌ မုသားစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန်ကာလ၌ အဆုံးဖြစ်ရလိမ့်မည်။ Ver Capítulo |
ဘုရားရှင်ထာဝရဘုရားက ထိုအပင် ရှင်သန်နိုင်မည်လော။ အမြစ်ကိုဆွဲနုတ်ပစ်၍ အသီးများကို ခြွေချပစ်သောအခါ အပင်ညှိုးနွမ်းသွားမည်မဟုတ်လော။ အသစ်ပေါက်သောအပင်ရှိသမျှသည်လည်း ညှိုးနွမ်းသွားမည်မဟုတ်လော။ အမြစ်ကိုဆွဲနုတ်ရန် အားကောင်းမောင်းသန်ဖြစ်စရာမလို၊ လူအမြောက်အမြားလည်း မလိုပေ။