ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။
၄ ရာ 8:28 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အာဟပ်မင်းကြီး၏သားတော် ယောရံမင်းကြီးနှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီ၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးကို တိုက်ခိုက်ရာ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့် ယောရံမင်းကြီး ဒဏ်ရာရသွား၏။ Common Language Bible ဣသရေလဘုရင်ယောရံနှင့်ရှုရိဘုရင် ဟာဇေလတို့စစ်ဖြစ်ကြသောအခါ အာခဇိ ကယောရံ၏ဘက်မှဝင်၍တိုက်ခိုက်လေသည်။ ဂိလဒ်ပြည်ရာမုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားရာ ယောရံသည်ဒဏ်ရာများရရှိသဖြင့်၊- Garrad Bible အာ ဟပ် မင်း သား တော် ယော ရံ မင်း နှင့် အ တူ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ ချီ ၍ ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း ကို စစ် တိုက် ကြ ရာ၊ ရှု ရိ သူ ရဲ တို့ က၊ ယော ရံ မင်း ကို ထိ မှန် အောင် ပစ် ခတ် ကြ ၏။ Judson Bible အာဟပ်၏သားယောရံနှင့် ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည် ယောရံကိုထိခိုက်ကြ၏။ |
ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။
ဤသို့ဖြင့် အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီသွားကြ၏။
ဂိလဒ်ပြည်သား၊ မနာရှေ၏သားယာဣရပိုင်သောမြို့ငယ်များမှစ၍ ဗာရှန်ပြည်ရှိ အာဂေါဘနယ်၊ ခိုင်ခံ့သောမြို့ရိုးနှင့် ကြေးနီကန့်လန့်ကျင်ရှိသည့် မြို့ခြောက်ဆယ်အပါအဝင် ရာမုတ်ဂိလဒ်မြို့၏နယ်စားမင်း ဗင်ဂေဗာ၊
ထို့ပြင် ယုဒဘုရင်ယောရှဖတ်မင်းကြီးထံသို့ လူလွှတ်၍ “မောဘဘုရင်သည် အကျွန်ုပ်ကို ပုန်ကန်လေပြီ။ မောဘဘုရင်ကိုသွားတိုက်မည်ဖြစ်၍ အကျွန်ုပ်နှင့်အတူလိုက်မည်လော”ဟု မှာလိုက်၏။ ယောရှဖတ်မင်းကြီးကလည်း “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်၊ အကျွန်ုပ်၏မြင်းများသည် မင်းကြီး၏မြင်းများပင် ဖြစ်ပါ၏။
နောက်တစ်နေ့တွင် ဟာဇေလသည် အဝတ်ကိုယူ၍ ရေ၌နှစ်ပြီး ဘုရင့်မျက်နှာတော်ကို ဖိအုပ်သဖြင့် ရှင်ဘုရင်အနိစ္စရောက်လေ၏။ ထိုအခါ ဟာဇေလသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။
ထိုသို့ ယောရံမင်းကြီးသည် ရာမမြို့တွင် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့်ရသွားသောဒဏ်ရာကို ကုသရန်အတွက် ယေဇရေလမြို့သို့ ပြန်သွား၏။ ယဟောရံမင်းကြီး၏သားတော် ယုဒဘုရင်အာခဇိမင်းကြီးသည်လည်း အာဟပ်မင်းကြီး၏သားတော်ယောရံမင်းကြီးဒဏ်ရာရသည်ကိုကြည့်ရှုရန် ယေဇရေလမြို့သို့ လိုက်သွားလေ၏။
ထိုအခါ ပရောဖက်ဧလိရှဲသည် ပရောဖက်အဖွဲ့သားထဲမှ တစ်ပါးကို ခေါ်၍ “သင်၏ခါးကိုစည်းလော့။ ဆီဘူးကိုယူပြီးလျှင် ရာမုတ်ဂိလဒ်မြို့သို့ သွားလော့။
ဤသို့ဖြင့် နိမ်ရှိ၏မြေး၊ ယောရှဖတ်၏သားယေဟုသည် ယောရံမင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်လေ၏။ ထိုအချိန်တွင် ယောရံမင်းကြီးနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီး၏ရန်ကြောင့် ရာမုတ်ဂိလဒ်မြို့ကို စောင့်ကြပ်လျက်နေ၏။
သို့သော် ယဟောရံမင်းကြီးသည် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှ ဆီးရီးယားစစ်သည်တို့လက်ချက်ဖြင့် ဒဏ်ရာရသွား၍ ထိုဒဏ်ရာကိုကုသရန် ယေဇရေလမြို့သို့ ပြန်သွားနှင့်ပြီ။ ယေဟုကလည်း “ဤအမှုကို သင်တို့သဘောတူလျှင် ယေဇရေလမြို့သို့ သတင်းမပေါက်ကြားသွားစေရန် ဤမြို့ထဲမှမည်သူ့ကိုမျှ မထွက်သွားစေနှင့်”ဟု သူတို့အား ဆို၏။
ထို့နောက် ယေဟုသည် ယောရံမင်းကြီး နားနေရာယေဇရေလမြို့သို့ စစ်ရထားစီး၍သွားလေ၏။ ယုဒဘုရင်အာခဇိမင်းကြီးလည်း ယောရံမင်းကြီးကို ကြည့်ရှုရန် ရောက်နေ၏။
စစ်ရထားမှူးတို့က ယောရှဖတ်မင်းကြီးကိုမြင်လျှင် “ဤသူသည် အစ္စရေးဘုရင်ပင် ဖြစ်ရမည်”ဟု ဆိုလျက် သူ့ကိုတိုက်ခိုက်ရန် လှည့်လာကြ၏။ ထိုအခါ ယောရှဖတ်မင်းကြီးကလည်း အော်ဟစ်အကူအညီတောင်းသဖြင့် ထာဝရဘုရားသည် သူ့ကို ကူမတော်မူ၏။ ဘုရားသခင်သည် ရန်သူတို့ကို ယောရှဖတ်မင်းကြီးထံမှ လမ်းလွဲစေတော်မူ၏။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
သူသည် ထိုသူတို့ပေးသောအကြံအတိုင်းလိုက်၍ အာဟပ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယဟောရံမင်းကြီးနှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီပြီး ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးကို တိုက်ခိုက်ရာ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့် ယောရံမင်းကြီး ဒဏ်ရာရသွား၏။
ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဂျေရိခေါမြို့အရှေ့ဘက် ရုဗင်အမျိုးအနွယ်ပိုင် ကန္တာရလွင်ပြင်ရှိ ဗေဇာမြို့၊ ဂဒ်အမျိုးအနွယ်ပိုင် ဂိလဒ်ပြည်ရှိ ရာမုတ်မြို့၊ မနာရှေအမျိုးအနွယ်ပိုင် ဗာရှန်ပြည်ရှိ ဂေါလန်မြို့တို့ကို ရွေးချယ်၏။
ဂဒ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊