၂ ရာချုပ် 22:5 - မြန်မာ့စံမီသမ္မာကျမ်း
5 သူသည် ထိုသူတို့ပေးသောအကြံအတိုင်းလိုက်၍ အာဟပ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယဟောရံမင်းကြီးနှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီပြီး ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးကို တိုက်ခိုက်ရာ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့် ယောရံမင်းကြီး ဒဏ်ရာရသွား၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 သူသည်ထိုသူတို့၏အကြံပေးချက်ကို လိုက်လျှောက်ကာ ဣသရေလဘုရင်ယောရံ နှင့်ရှုရိဘုရင်ဟာဇေလတို့စစ်ဖြစ်ချိန်၌ ယောရံ၏ဘက်မှဝင်၍တိုက်၏။ ဂိလဒ်ပြည် ရာမုတ်မြို့တိုက်ပွဲတွင်ယောရံသည်ဒဏ်ရာ များရရှိသဖြင့်၊-
အခန်းကိုကြည့်ပါ။ ကော်ပီ
5 အာ ခ ဇိ မင်း သည်၊ ပေး ကြ သော အ ကြံ အ တိုင်း အာ ဟပ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယော ဟံ မင်း နှင့် အ တူ၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ ချီ၍၊ ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း ကို စစ် တိုက် ကြ ရာ၊ ရှု ရိ သူ ရဲ တို့ က၊ ယော ရံ မင်း ကို ထိ မှန် အောင် ပစ် ခတ် ကြ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 အာခဇိသည် သူတို့စကားကိုနားထောင်သဖြင့်၊ ဣသရေလရှင် ဘုရင်အာဟပ်သား ယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့စစ်ချီ၍၊ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်ရာတွင်၊ ရှုရိလူတို့သည်ယောရံကို ထိခိုက်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ