၄ ရာ 8:29 - မြန်မာ့စံမီသမ္မာကျမ်း29 ထိုသို့ ယောရံမင်းကြီးသည် ရာမမြို့တွင် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့်ရသွားသောဒဏ်ရာကို ကုသရန်အတွက် ယေဇရေလမြို့သို့ ပြန်သွား၏။ ယဟောရံမင်းကြီး၏သားတော် ယုဒဘုရင်အာခဇိမင်းကြီးသည်လည်း အာဟပ်မင်းကြီး၏သားတော်ယောရံမင်းကြီးဒဏ်ရာရသည်ကိုကြည့်ရှုရန် ယေဇရေလမြို့သို့ လိုက်သွားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible29 အနာကိုကုသရန်ယေဇရေလမြို့သို့ပြန် လေ၏။ အာခဇိသည်လည်းသူ့ကိုကြည့်ရှုရန် ထိုမြို့သို့သွားလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible29 ထို မြို့၌ ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း နှင့် စစ် တိုက် ၍ ပစ် ခတ် ခံ ရ သော အ နာ ကို ကု သ ရန် ယေ ဇ ရေ လ မြို့ သို့ ယော ရံ မင်း ဆုတ် ပြန် ခဲ့ ရာ ယ ဟော ရံ မင်း သား တော် ယု ဒ ဘု ရင် အာ ခ ဇိ မင်း လည်း ယေ ဇ ရေ လ မြို့၌ မ ကျန်း ခန့် သော ထို မင်း ကို သွား ရောက် ကြည့် ရှု လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible29 ထိုသို့ ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သောအနာပျောက်စေခြင်းငှာ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသားအာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှာ ထိုမြို့သို့ ဆင်းသွားလေ၏။ အခန်းကိုကြည့်ပါ။ |
ယုဒဘုရင်အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများနှင့် ဆုံသဖြင့် ယေဟုက “သင်တို့သည် မည်သူများနည်း”ဟု မေးလျှင် သူတို့က “အကျွန်ုပ်တို့သည် အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများ ဖြစ်ပါ၏။ ရှင်ဘုရင်၏သားတော်များ၊ မယ်တော်မိဖုရား၏သားတော်များကို နှုတ်ဆက်ရန် လာကြပါသည်”ဟု ပြန်ဖြေ၏။