မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
၄ ရာ 7:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားက ‘မနက်ဖြန် ဤသို့သောအချိန်တွင် ရှမာရိမြို့တံခါး၌ မုန့်ညက်တစ်စေအာကို တစ်ရှယ်ကယ်၊ မုယောနှစ်စေအာကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူတို့အား ဆို၏။ Common Language Bible ဧလိရှဲက``ထာဝရဘုရားမိန့်တော်မူသော စကားကိုနားထောင်တော်မူပါ။ နက်ဖြန်ဤ အချိန်ရောက်သော် ရှမာရိမြို့စျေးထဲတွင် အကောင်းဆုံးဂျုံဆန်ဆယ်ပေါင် သို့မဟုတ် မုရောဆန်ပေါင်နှစ်ဆယ်ကိုငွေသားတစ်ကျပ် ဖြင့်ဝယ်ယူနိုင်လိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။ Garrad Bible ဧ လိ ရှဲ က၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။ နက် ဖြန် ယ ခု အ ချိန်၊ ဂျုံ မုန့် ညက် တစ် စိတ် ကို ငွေ တစ် ကျပ်၊ မု ယော ဆန် တစ် ခြွ ကို ငွေ တစ် ကျပ် နှင့် ရှ မာ ရိ မြို့ တံ ခါး ဝ တွင် ဝယ် ရ လိမ့် မည် ဟူ၍ ထာ ဝ ရ ဘုရား မိန့် တော် မူ ကြောင်း ဆင့် ဆို လေ၏။ Judson Bible ဧလိရှဲက၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ နက်ဖြန်နေ့ ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏။ |
မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
ထိုအခါ ဟေရှာယက ဟေဇကိမင်းကြီးအား “ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။
ထို့နောက် ဗာလရှလိရှမြို့မှလူတစ်ဦးသည် မုယောအသီးဦးဖြင့်လုပ်ထားသောမုယောမုန့်အလုံးနှစ်ဆယ်နှင့် အသီးအနှံတို့ကို အိတ်ထဲထည့်၍ ဘုရားသခင်၏လူထံ ယူဆောင်လာ၏။ ဧလိရှဲကလည်း “လူတို့စားဖို့ ပေးလော့”ဟု ဆို၏။
ထိုသို့ မြို့ကိုဝိုင်းထားချိန်ကြာလာသောအခါ ရှမာရိမြို့တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်ပြီး မြည်းခေါင်းတစ်ခေါင်းကို ငွေစရှစ်ဆယ်ရှယ်ကယ်၊ ခိုချေးတစ်ကက်၏လေးပုံတစ်ပုံကို ငွေစငါးရှယ်ကယ် ဖြစ်သွားလေ၏။
ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။
လူတို့သည် ထွက်သွား၍ ဆီးရီးယားတပ်စခန်းကို သိမ်းယူကြလေ၏။ ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သူတို့သည် မုန့်ညက်တစ်စေအာကို တစ်ရှယ်ကယ်၊ မုယောနှစ်စေအာကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလေ၏။
ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။ နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။
မောရှေကလည်း “မကြောက်ကြနှင့်။ ယနေ့ သင်တို့အတွက် ပြုတော်မူမည့် ထာဝရဘုရား၏ကယ်တင်ခြင်းကို ရပ်၍ကြည့်ကြလော့။ ယနေ့ သင်တို့မြင်နေရသောအီဂျစ်လူမျိုးတို့ကို မည်သည့်အခါမျှ မြင်ရတော့မည်မဟုတ်။
“အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါကြားပြီ။ သူတို့အား ‘သင်တို့သည် နေဝင်ချိန်၌ အသားကိုစားရ၍ နံနက်အချိန်၌ မုန့်ဖြင့်ဝလင်ကြလိမ့်မည်။ ထိုအခါ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ငါသည် ငါ၏လူမျိုးတော်နှင့်သင်၏လူမျိုးကြားတွင် ခြားနားမှုရှိစေမည်။ ဤနိမိတ်လက္ခဏာသည် မနက်ဖြန်၌ ဖြစ်လိမ့်မည်’ဟူ၍ မိန့်ဆိုတော်မူကြောင်း ဖာရောမင်းကြီးအားဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သောဒုံမြို့ကိုအုပ်ချုပ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏ပညတ်တရားကို စူးစိုက်နားထောင်ကြလော့။
ထိုအခါ ကိုယ်တော်က ငါ့အား ဤအရိုးတို့ကို ပရောဖက်ပြုဟောပြောလော့။ “အို အရိုးခြောက်တို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
“ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။
ထို့နောက် ယောရှုက လူအပေါင်းတို့အား “သင်တို့သည် မိမိကိုယ်မိမိသန့်ရှင်းစေကြလော့။ ထာဝရဘုရားသည် မနက်ဖြန် သင်တို့အလယ်၌ အံ့ဖွယ်အမှုကိုပြုတော်မူမည်”ဟု မှာကြားလေ၏။
ထို့နောက် သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာသော စကားသံနှင့်တူသည့်အသံက “ဂျုံဆန်တစ်ခွက်လျှင် ဒေနာရိတစ်ပြား၊ မုယောဆန်သုံးခွက်လျှင်လည်း ဒေနာရိတစ်ပြားဖြစ်၏။ ဆီနှင့်စပျစ်ဝိုင်ကို မပျက်စေနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။
သူတို့သည် ရောက်လာသောတမန်တို့အား “ ‘မနက်ဖြန် နေမြင့်ချိန်၌ သင်တို့ကို လာကယ်တင်မည်’ဟု ယာဗက်ဂိလဒ်မြို့သားတို့အား ပြန်ပြောလော့”ဟု မှာလိုက်၏။ တမန်တို့သည်လည်း ပြန်လည်ပြောပြကြရာ ယာဗက်မြို့သားတို့သည် အလွန်ဝမ်းမြောက်ကြ၏။
ထို့နောက်မှ ရှမွေလက ရှောလုမင်းကြီးအား “ထာဝရဘုရားသည် မိမိလူမျိုးတော်အစ္စရေးတို့၏ဘုရင်အဖြစ် သင့်ကို ဘိသိက်ပေးရန် ငါ့အား စေလွှတ်တော်မူခဲ့၏။ ယခု ထာဝရဘုရား၏အမိန့်စကားကို နားထောင်လော့။