ယေဇကျေလ 37:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိုအခါ ကိုယ်တော်က ငါ့အား ဤအရိုးတို့ကို ပရောဖက်ပြုဟောပြောလော့။ “အို အရိုးခြောက်တို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible4 ကိုယ်တော်က``အရိုးတို့အားဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသောစကား တော်ကိုနားထောင်ကြရန်ထိုအရိုးတို့ အားပြောကြားလော့။- အခန်းကိုကြည့်ပါ။Garrad Bible4 ဤ အ ရိုး များ အား ဟော ပြော ဆင့် ဆို ရ မည် မှာ၊ အို သွေ့ ခြောက် သော အ ရိုး တို့၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible4 ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အို သွေ့ခြောက်သော အရိုးတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ အခန်းကိုကြည့်ပါ။ |
“တောင်ဝှေးကို ယူလော့။ သင်နှင့်သင်၏အစ်ကိုအာရုန်သည် အစ္စရေးလူထုကိုစုရုံး၍ သူတို့ရှေ့၌ ကျောက်တုံးကို အမိန့်ပေးလော့။ ထိုကျောက်တုံးမှ ရေထွက်လာမည်။ ဤသို့ဖြင့် သင်သည် ထိုကျောက်တုံးမှရေထွက်လာစေပြီး အစ္စရေးလူထုနှင့်သူတို့၏တိရစ္ဆာန်တို့သောက်စရာရေကို ပေးရမည်”ဟု မိန့်တော်မူ၏။
ထိုသူသည် ထာဝရဘုရားဆင့်ဆိုစေသည့်အတိုင်း ယဇ်ပလ္လင်ကိုဆန့်ကျင်လျက် “အို ယဇ်ပလ္လင် ယဇ်ပလ္လင်၊ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဒါဝိဒ်အမျိုးအနွယ်မှ ယောရှိအမည်ရှိသောသားတစ်ယောက် မွေးဖွားလိမ့်မည်။ သူသည် အထွတ်အမြတ်ထားရာကုန်းမြင့်များ၌ နံ့သာပေါင်းမီးရှို့ပူဇော်သောယဇ်ပုရောဟိတ်တို့ကို သင့်အပေါ်တွင် ပူဇော်လိမ့်မည်။ လူ၏အရိုးတို့ကို သင့်အပေါ်တွင် မီးရှို့လိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ကြွေးကြော်လေ၏။