ထွက်မြောက် 8:23 - မြန်မာ့စံမီသမ္မာကျမ်း23 ငါသည် ငါ၏လူမျိုးတော်နှင့်သင်၏လူမျိုးကြားတွင် ခြားနားမှုရှိစေမည်။ ဤနိမိတ်လက္ခဏာသည် မနက်ဖြန်၌ ဖြစ်လိမ့်မည်’ဟူ၍ မိန့်ဆိုတော်မူကြောင်း ဖာရောမင်းကြီးအားဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible23 ငါသည်ငါ၏လူမျိုးတော်နှင့်သင်၏လူမျိုး ကိုခြားနား၍ထားမည်။ ဤနိမိတ်လက္ခဏာ ကိုနက်ဖြန်နေ့တွင်ငါပြမည်' ဟုထာဝရ ဘုရားမိန့်တော်မူကြောင်းပြောလော့'' ဟူ၍ မိန့်တော်မူသည်။- အခန်းကိုကြည့်ပါ။Garrad Bible23 ငါ့ လူ မျိုး တစ် ဘက်၊ သင့် လူ မျိုး တစ် ဘက်၊ ငါ ခွဲ ခြား ထား မည်။ နက် ဖြန် ပင် ထို လ က္ခ ဏာ သက် သေ ထင် ရှား လိမ့် မည် ဟူ၍ မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible23 ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနားစေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူတို့သည် သင်၏စကားကို နားထောင်ကြလိမ့်မည်။ သင်နှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည်လည်း အီဂျစ်ဘုရင်ထံသို့ဝင်၍ သူ့အား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ’ဟု လျှောက်ထားလော့။