၄ ရာ 7:16 - မြန်မာ့စံမီသမ္မာကျမ်း16 လူတို့သည် ထွက်သွား၍ ဆီးရီးယားတပ်စခန်းကို သိမ်းယူကြလေ၏။ ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သူတို့သည် မုန့်ညက်တစ်စေအာကို တစ်ရှယ်ကယ်၊ မုယောနှစ်စေအာကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ရှမာရိမြို့သားတို့သည်ပြေး၍ထွက်လာပြီး လျှင် ရှုရိတပ်စခန်းကိုလုယက်ကြကုန်၏။ ထို့ နောက်ထာဝရဘုရားမိန့်တော်မူခဲ့သည်အတိုင်း အကောင်းဆုံးဂျုံဆန်ဆယ်ပေါင်သို့မဟုတ် မုယောဆန်ပေါင်နှစ်ဆယ်ကို ငွေသားတစ်ကျပ် ဖြင့်ရောင်းချကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible16 မြို့ သူ မြို့ သား တို့ ထွက် ခွင့် ရ၍ ရှု ရိ တပ် စား ခန်း၌ ရှိ သ မျှ ကို သယ် ယူ ကြ သ ဖြင့် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ ရ ဂျုံ မုန့် ညက် တစ် စိတ် ကို ငွေ တစ် ကျပ်၊ မု ယော ဆန် တစ် ခြွ ကို ငွေ တစ် ကျပ် နှင့် ဝယ် ရ ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုအခါ မြို့သားတို့သည်ထွက်၍ ရှုရိတဲတို့ကို လုယူကြ၏။ ထာဝရဘုရား၏စကားတော်အတိုင်း၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရောင်းကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။
ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။