ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
၄ ရာ 23:10 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းရှိတောဖက်အရပ်ကိုလည်း မစင်ကြယ်အောင် လုပ်လိုက်သဖြင့် ထိုနေရာတွင် မည်သူမျှ မိမိသားသမီးကို မောလုတ်ဘုရားထံ မီးရှို့ပူဇော်၍မရတော့ချေ။ Common Language Bible နောက်တစ်ဖန်မည်သူမျှမောလုတ်ဘုရား အား သားသမီးကိုမီးဖြင့်မပူဇော်နိုင်စေရန် ယောရှိမင်းသည်ဟိန္နုံချိုင့်ဝှမ်းရှိရုပ်တုကိုး ကွယ်ရာတောဖက်ဟုခေါ်သောအရပ်ကို လည်းညစ်ညမ်းစေတော်မူ၏။- Garrad Bible နောက် တစ် ဖန် မည် သူ မျှ မော လုပ် နတ် အား သား သ မီး တို့ ကို မီး ဖြင့် ဆက် ကပ် ခွင့် မ ရ စေ ရန်၊ ဟိ န္နုံ ချိုင့် ရှိ တော ဖက် အ ရပ် ကို မ သန့် ရာ ဖြစ် စေ ပြီး လျှင် Judson Bible အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရားအား မီးဖြင့်မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညူးစေတော်မူ၏။ |
ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားကိုပင် မီးရှို့ပူဇော်ခဲ့၏။
သူတို့၏သားသမီးတို့ကို မီးရှို့ပူဇော်ကြ၏။ ဂမ္ဘီရအတတ်၊ ဟူးရားအတတ်တို့ကို ဆည်းပူးကြ၏။ မကောင်းမှုပြုရန် ကိုယ့်ကိုယ်ကိုယ်ရောင်းစားခြင်းဖြင့် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
မိမိသားကို မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကို အဆမတန်ပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
သူသည် ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် နံ့သာပေါင်းကိုမီးရှို့ပူဇော်၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားများကိုပင် မီးရှို့ပူဇော်ခဲ့၏။
ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် မိမိသားတို့ကိုလည်း မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်၊ မှော်အတတ်တို့ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
ဇာနောမြို့၊ အဒုလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ လာခိရှမြို့နှင့် လယ်ယာမြေများ၊ အဇေကာမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများစသည်ဖြင့် ဗေရရှေဘမြို့မှ ဟိန္နုံချိုင့်ဝှမ်းတိုင်အောင် နေထိုင်ကြ၏။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
ဝက်သစ်ချပင်တို့ကြား၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ရမ္မက်မီးတောက်လောင်သောသူများ၊ လျှိုမြောင်ရှိ ကျောက်တောင်အက်ကွဲကြောင်းများတွင် သားသမီးများကို သတ်ဖြတ်ပူဇော်သောသူများ ဖြစ်ကြသည်မဟုတ်လော။
အိုးခြမ်းပဲ့တံခါးနားရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းသို့သွား၍ သင့်အား ငါမိန့်မှာသောစကားတို့ကို ထိုအရပ်၌ကြွေးကြော်လော့။
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပယ်၍ ဤအရပ်ကို ညစ်ညမ်းစေပြီ။ သူတို့ကိုယ်တိုင်မသိ၊ ယုဒဘုရင်တို့လည်းမသိ၊ သူတို့၏ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြပြီ။ ဤအရပ်ကိုလည်း အပြစ်မဲ့သောသူတို့အားသတ်သောအပြစ်နှင့်ပြည့်စေပြီ။
သို့ဖြစ်၍ ထာဝရဘုရားက ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဗင်ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက် ရောက်လာလိမ့်မည်။
ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် ရွံရှာဖွယ်အမှုဖြစ်သည့် ဗင်ဟိန္နုံချိုင့်ဝှမ်း၌ ဗာလကုန်းမြင့်ကိုတည်ခြင်း၊ သူတို့၏သားသမီးများကို မောလုတ်ဘုရားအားပူဇော်ခြင်းကို ပြုကြ၏။ ဤသို့ဖြင့် ယုဒအမျိုးတို့ကို အပြစ်ဖြစ်စေကြပြီ’ဟု မိန့်တော်မူ၏။
သင်သည် ငါ့သားသမီးတို့ကိုသတ်၍ မီးရှို့ပူဇော်ရန် ရုပ်တုတို့အား ပေးအပ်လေပြီ။
သူတို့၏ပူဇော်သက္ကာဖြစ်သည့် သားဦးတိုင်းကို မီးရှို့ပူဇော်ခြင်းဖြင့် ငါသည် သူတို့ကို ညစ်ညူးစေ၍ သူတို့ကို ငါဖျက်ဆီးသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရမည်။
ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် ယနေ့တိုင်အောင် ပူဇော်သက္ကာများအဖြစ် ကိုယ့်သားတို့ကို မီးရှို့ပူဇော်လျက်၊ ရုပ်တုရှိသမျှတို့နောက်သို့လိုက်၍ ကိုယ်ကိုညစ်ညူးစေလျက်နှင့်ပင် သင်တို့မေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို ငါ့ထံမေးလျှောက်ခွင့်မပေး။
သင်၏သားမြေးတို့ကို မောလုတ်ဘုရားအားပူဇော်ရန် မပေးရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
သင်တို့တွင် သားသမီးကို မီးဖြင့်ပူဇော်သောသူ၊ ဂမ္ဘီရအတတ်ကိုသုံးသောသူ၊ ဗေဒင်အတတ်ကိုသုံးသောသူ၊ နိမိတ်ဖတ်သောသူ၊ မှော်အတတ်ကိုသုံးသောသူ၊
တစ်ဖန် နယ်နိမိတ်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းမှ ဂျေရုဆလင် ခေါ် ယေဗုသိမြို့တောင်ဘက်ရှိ တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်း၏မြောက်ဘက်အဆုံးရှိ ဟိန္နုံချိုင့်ဝှမ်း၏အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်သော တောင်ထိပ်အထိ တက်သွား၏။
ထိုနယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်းမြောက်ဘက်ရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းနှင့်မျက်နှာချင်းဆိုင် တောင်ခြေသို့ရောက်ပြီး ဟိန္နုံချိုင့်ဝှမ်းသို့ ဆင်းသွား၏။ ထိုမှ တောင်ဘက်ယေဗုသိတောင်စောင်းအတိုင်း အင်္ရောဂေလအရပ်သို့ ဆင်းသွား၏။