ဝတ်ပြု 18:21 - မြန်မာ့စံမီသမ္မာကျမ်း21 သင်၏သားမြေးတို့ကို မောလုတ်ဘုရားအားပူဇော်ရန် မပေးရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible21 သင်၏သားသမီးတို့ကိုမောလုတ်ဘုရားအား မီးရှို့ပူဇော်ရန်မအပ်နှင့်။ ထိုသို့ပြုခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏နာမ တော်ကိုမရှုတ်ချရ။- အခန်းကိုကြည့်ပါ။Garrad Bible21 သင့် အ မျိုး အ နွယ် အ နက် မည် သူ့ ကို မျှ မော လုတ် နတ် အား ဆက် ကပ်၍ သင်၏ ဘု ရား သ ခင့် နာ မ ကို မ ညှိုး မ ပုပ် စေ ရ။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ အခန်းကိုကြည့်ပါ။Judson Bible21 သင်၏သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့်မပူဇော်ရ။ သင်၏ဘုရားသခင်နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် ယနေ့တိုင်အောင် ပူဇော်သက္ကာများအဖြစ် ကိုယ့်သားတို့ကို မီးရှို့ပူဇော်လျက်၊ ရုပ်တုရှိသမျှတို့နောက်သို့လိုက်၍ ကိုယ်ကိုညစ်ညူးစေလျက်နှင့်ပင် သင်တို့မေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို ငါ့ထံမေးလျှောက်ခွင့်မပေး။