၄ ရာ 23:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထာဝရဘုရား၏အိမ်တော်အဝင်ဝ၊ အိမ်တော်ဝင်းအတွင်း မိန်းမစိုးနာသန်မေလက်၏အခန်းနားရှိ ယုဒဘုရင်တို့ နေဘုရားအား ပူဇော်ထားသောမြင်းများကိုလည်း ဖယ်ရှားပစ်၍ နေဘုရားရထားတို့ကိုလည်း မီးရှို့ပစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible11 သူသည်နေကိုဆက်ကပ်ပူဇော်ရန်ယုဒဘုရင် တို့ပေးလှူထားသည့်မြင်းတို့ကိုဖယ်ရှား၍ ဝတ် ပြုကိုးကွယ်ရာ၌အသုံးပြုသည့်ရထားများ ကိုလည်းမီးရှို့တော်မူ၏။ (ဤအရာများကို အထက်တန်းအရာရှိတစ်ဦးဖြစ်သူနာသမ္မေ လက်၏အိမ်အနီးဗိမာန်တော်ဝင်းအဝင်ဝ တွင်ထားရှိသည်။-) အခန်းကိုကြည့်ပါ။Garrad Bible11 ဗိ မာန် တော် အ ဝင်၊ စ င်္ကြံ တန်း လျား တွင် မိန်း မ စိုး နာ သ မ္မေ လက်၏ အ ခန်း အ နီး၊ နေ မင်း အား ယု ဒ ဘု ရင် တို့ လှူ ခဲ့ သော မြင်း ရုပ် များ ကို ဖျက်၍ ဆိုင် ရာ ရ ထား ကို လည်း မီး တိုက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန်တော်ဝင်းပြင်အရာရှိ နာသမ္မေလက်အိမ်နား၊ ဝင်းတော်တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဗာလယဇ်ပလ္လင်များကိုလည်း သူ့ရှေ့၌ဖြိုဖျက်ပစ်ကြ၏။ ထိုယဇ်ပလ္လင်ပေါ်ရှိ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကိုလည်း ချိုးဖျက်ပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကိုလည်း တစ်စစီချိုးဖဲ့ဖျက်ဆီးပစ်ပြီး ယဇ်ပူဇော်သောသူတို့၏သင်္ချိုင်းဂူများပေါ်တွင် ကြဲပစ်လိုက်လေ၏။
ဂျေရုဆလင်မြို့နှင့်ယုဒမြို့ဝန်းကျင်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့တွင် နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် ယုဒဘုရင်များခန့်ထားသော ယဇ်ပုရောဟိတ်တို့ကို ဖယ်ရှားပစ်၏။ ထို့ပြင် ဗာလဘုရား၊ နေဘုရား၊ လဘုရား၊ ကြယ်နက္ခတ်ဘုရား၊ ကောင်းကင်တန်ဆာအပေါင်းတို့အား နံ့သာပေါင်းမီးရှို့ပူဇော်သူများကိုလည်း ဖယ်ရှားပစ်၏။