ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
၄ ရာ 2:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့နှစ်ဦး ဂျော်ဒန်မြစ်နားတွင် ရပ်နေကြစဉ်ပရောဖက်အဖွဲ့သား အယောက်ငါးဆယ်တို့သည် လာ၍ မျက်နှာချင်းဆိုင်ခပ်လှမ်းလှမ်းတွင် ရပ်နေကြ၏။ Common Language Bible ပရောဖက်ငါးကျိပ်တို့သည်ယော်ဒန်မြစ်အထိ လိုက်သွားကြ၏။ ဧလိယနှင့်ဧလိရှဲတို့သည် မြစ်အနီးတွင်ရပ်တန့်ကြသောအခါ ပရော ဖက်ငါးကျိပ်တို့သည်မလှမ်းမကမ်းတွင်ရပ် လျက်နေကြ၏။- Garrad Bible ပ ရော ဖက် ဂိုဏ်း သား ငါး ကျိပ် တို့ ထွက် လာ လျက် အ ဝေး က ရပ် ကြည့် နေ စဉ် Judson Bible ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှာ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။ |
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က ဩဗဒိသည် ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့၏။
ထာဝရဘုရားမိန့်တော်မူသဖြင့် ပရောဖက်အဖွဲ့သားတစ်ဦးက မိမိအဖော်အား “ငါ့ကို ရိုက်ပါ”ဟု ဆိုလျှင် သူ့အဖော်က သူ့ကိုမရိုက်ဘဲနေ၏။
တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့မှပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲကို မြင်သောအခါ “ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ် တည်လေပြီ”ဟုဆိုပြီး သူ့ကို လာရောက်တွေ့ဆုံ၍ မြေမှာပျပ်ဝပ်လျက်
“အရှင့်အစေအပါးတို့၌ သန်မာသောသူအယောက်ငါးဆယ်ရှိပါ၏။ အရှင်၏သခင်ကို သွားရှာစေပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကိုဆောင်ယူပြီး တောင်တစ်ခုခုပေါ်တွင်ဖြစ်စေ၊ ချိုင့်ဝှမ်းတစ်နေရာရာတွင်ဖြစ်စေ ချထားကောင်းချထားလိမ့်မည်”ဟု ဆိုလျှင် ဧလိရှဲက “သွားမရှာစေနှင့်”ဟု ပြန်ပြော၏။
သို့သော် သူတို့က ဧလိရှဲစိတ်အနှောင့်အယှက်ဖြစ်သည့်တိုင်အောင် တောင်းဆိုကြသဖြင့် ဧလိရှဲက “သွားရှာစေ”ဟု ဆို၏။ သူတို့သည်လည်း လူအယောက်ငါးဆယ်ကိုစေလွှတ်၍ သုံးရက်တိုင်တိုင်ရှာဖွေစေသော်လည်း ဧလိယကို မတွေ့ပေ။
ပရောဖက်အဖွဲ့သားများ၏ဇနီးသည်များထဲမှ အမျိုးသမီးတစ်ယောက်က ဧလိရှဲအား “အရှင့်အစေအပါး အကျွန်ုပ်၏ခင်ပွန်း သေဆုံးသွားပါပြီ။ အရှင့်အစေအပါးသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကြောင်းကို အရှင်သိပါ၏။ ယခုမှာ ကြွေးရှင်က အကျွန်ုပ်၏သားနှစ်ဦးကို ကျွန်အဖြစ် သိမ်းယူဖို့ လာပါပြီ”ဟု အော်ဟစ်အကူအညီတောင်းလေ၏။
သူကလည်း “အဆင်ပြေပါ၏။ အကျွန်ုပ်သခင်က ‘ယခုလေးပင် ဧဖရိမ်တောင်ပေါ်ဒေသမှ ပရောဖက်အဖွဲ့သားလူငယ်နှစ်ဦး ငါ့ထံသို့ရောက်လာသဖြင့် သူတို့အဖို့ ငွေတစ်တာလန်နှင့် အဝတ်နှစ်စုံ ပေးပါလော့’ဟု မှာလိုက်ပါ၏”ဟု ဆို၏။
ပရောဖက်အဖွဲ့သားတို့က ဧလိရှဲအား “ကြည့်ပါ။ ယခု အရှင်နှင့်အတူ အကျွန်ုပ်တို့နေသောနေရာသည် အကျွန်ုပ်တို့အတွက် အလွန်ကျဥ်းကျပ်ပါ၏။
ထိုအခါ ပရောဖက်ဧလိရှဲသည် ပရောဖက်အဖွဲ့သားထဲမှ တစ်ပါးကို ခေါ်၍ “သင်၏ခါးကိုစည်းလော့။ ဆီဘူးကိုယူပြီးလျှင် ရာမုတ်ဂိလဒ်မြို့သို့ သွားလော့။
အာမုတ်ကလည်း အာမဇိအား “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်။ ငါသည် သိုးများကို ထိန်းကျောင်းသူ၊ သင်္ဘောသဖန်းပင်များကို စိုက်ပျိုးပြုစုသူဖြစ်၏။
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။