၄ ရာ 2:6 - မြန်မာ့စံမီသမ္မာကျမ်း
6 တစ်ဖန် ဧလိယက ဧလိရှဲအား “ယခု ဤမြို့မှာ နေခဲ့ပါတော့။ ငါ့ကို ဂျော်ဒန်မြစ်သို့ ထာဝရဘုရား စေလွှတ်တော်မူ၏”ဟုဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့နှစ်ဦး ဆက်သွားကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
6 ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤတွင် နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယော်ဒန်မြစ်သို့စေလွှတ်တော်မူသည်'' ဟု ဆို၏။ သို့ရာတွင်ဧလိရှဲက``အကျွန်ုပ်သည်အရှင် နှင့်ခွဲခွာမည်မဟုတ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားနှင့်အရှင့်အပေါ်၌ အကျွန်ုပ် ထားရှိသည့်ကျေးဇူးသစ္စာကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုပြန်ပြောလေသည်။ သို့ဖြစ်၍ သူတို့သည်ဆက်လက်ထွက်ခွာသွားကြ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
6 ဧ လိ ယ က လည်း၊ ဤ တွင် နေ ရစ် လော့။ ငါ့ ကို ယော် ဒန် မြစ် သို့ ထာ ဝ ရ ဘုရား စေ လွှတ် တော် မူ သည် ဟု ဆို လျှင် ထာ ဝ ရ ဘု ရား အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း တ ပည့် တော် သည် ကိုယ် တော် နှင့် မ ခွဲ ပါ ဟု ပြန် ပြော လျက် နှစ် ပါး လုံး ပင် ယော် ဒန် မြစ် ရောက် သွား မြဲ သွား ၍ ရပ် နေ ကြ ရာ
အခန်းကိုကြည့်ပါ။ ကော်ပီ
6 ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော်မူသည်ဟု ဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် အတူသွားကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ