၃ ရာ 20:35 - မြန်မာ့စံမီသမ္မာကျမ်း35 ထာဝရဘုရားမိန့်တော်မူသဖြင့် ပရောဖက်အဖွဲ့သားတစ်ဦးက မိမိအဖော်အား “ငါ့ကို ရိုက်ပါ”ဟု ဆိုလျှင် သူ့အဖော်က သူ့ကိုမရိုက်ဘဲနေ၏။ အခန်းကိုကြည့်ပါ။Common Language Bible35 ပရောဖက်တစ်ပါးသည် ထာဝရဘုရား၏အမိန့် တော်အရအခြားပရောဖက်တစ်ပါးအား``ငါ့ ကိုရိုက်လော့'' ဟုဆို၏။ သို့သော်လည်းပရောဖက် ကငြင်းဆန်သဖြင့်၊- အခန်းကိုကြည့်ပါ။Garrad Bible35 ပ ရော ဖက် ဂိုဏ်း သား တစ် ပါး က၊ ငါ့ ကို ရိုက် နှက် ပါ လော့ ဟု ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ တိုင်း အ ပေါင်း အ ဖော် အား ဆို သော် အခန်းကိုကြည့်ပါ။Judson Bible35 ပရောဖက်အမျိုးသားတစ်ယောက်က၊ ငါ့ကို ရိုက်ပါလော့ဟု ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း အိမ်နီးချင်းအားဆို၏။ ထိုသူက ငါမရိုက်ပါဟု ငြင်းပယ်၏။ အခန်းကိုကြည့်ပါ။ |
ပရောဖက်အဖွဲ့သားများ၏ဇနီးသည်များထဲမှ အမျိုးသမီးတစ်ယောက်က ဧလိရှဲအား “အရှင့်အစေအပါး အကျွန်ုပ်၏ခင်ပွန်း သေဆုံးသွားပါပြီ။ အရှင့်အစေအပါးသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကြောင်းကို အရှင်သိပါ၏။ ယခုမှာ ကြွေးရှင်က အကျွန်ုပ်၏သားနှစ်ဦးကို ကျွန်အဖြစ် သိမ်းယူဖို့ လာပါပြီ”ဟု အော်ဟစ်အကူအညီတောင်းလေ၏။