အာဟပ်မင်းကြီးလည်း တက်သွား၍စားသောက်လေ၏။ ဧလိယမူကား ကရမေလတောင်ထိပ်သို့ တက်သွားပြီး မြေပေါ်၌ဒူးထောက်လျက် ဒူးနှစ်လုံးကြား၌ မျက်နှာကိုအပ်ထားလေ၏။
၄ ရာ 2:25 - မြန်မာ့စံမီသမ္မာကျမ်း ဧလိရှဲသည် ထိုမြို့မှ ကရမေလတောင်ပေါ်သို့ တက်သွားပြီး ထိုနေရာမှ ရှမာရိမြို့သို့ ပြန်လာ၏။ Common Language Bible ဧလိရှဲသည်ကရမေလတောင်သို့သွားပြီး နောက် ရှမာရိမြို့သို့ပြန်လာလေသည်။ Garrad Bible ဧ လိ ရှဲ သည် ထို မြို့ မှ က ရ မေ လ တောင် သို့ သွား ပြီး လျှင် ရှ မာ ရိ မြို့ ရောက် ပြန် သွား လေ၏။ Judson Bible ထိုမြို့မှ ကရမေလတောင်သို့လည်းကောင်း၊ ထိုတောင်မှ ရှမာရိမြို့သို့လည်းကောင်း အစဉ်အတိုင်းသွား၏။ |
အာဟပ်မင်းကြီးလည်း တက်သွား၍စားသောက်လေ၏။ ဧလိယမူကား ကရမေလတောင်ထိပ်သို့ တက်သွားပြီး မြေပေါ်၌ဒူးထောက်လျက် ဒူးနှစ်လုံးကြား၌ မျက်နှာကိုအပ်ထားလေ၏။
ထို့နောက် ရှင်ဘုရင်က တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို ဧလိယထံသို့ စေလွှတ်၏။ တပ်မှူးက ဧလိယနေထိုင်ရာ တောင်ထိပ်သို့ တက်သွားပြီး “အို ဘုရားသခင်၏လူ၊ ‘ဆင်းလာပါ’ဟူ၍ ရှင်ဘုရင်မိန့်မှာလိုက်ပါ၏”ဟု ဆို၏။
ထိုအခါ ယောရှဖတ်မင်းကြီးက “ထာဝရဘုရားအား မေးလျှောက်ရန် ဤအရပ်တွင် ထာဝရဘုရား၏ပရောဖက်တစ်ပါးမျှမရှိသလော”ဟု မေးလျှင် အစ္စရေးဘုရင်၏အမှုထမ်းများထဲမှတစ်ဦးက “ရှာဖတ်၏သား ဧလိရှဲ ရှိပါ၏။ သူသည် ဧလိယ၏လက်ထောက်ဖြစ်ပါ၏”ဟု လျှောက်လျှင်
ထိုသို့ သူထွက်သွား၍ ဘုရားသခင်၏လူရှိရာ ကရမေလတောင်ပေါ်သို့ ရောက်လာ၏။ ဘုရားသခင်၏လူသည် သူ့ကို အဝေးမှမြင်လျှင် ငယ်သားဂေဟာဇိအား “ကြည့်ပါ။ ရှုနင်မြို့သူ လာနေပါသည်တကား။
အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ တို့ပါဝင်၏။ ထိုနယ်နိမိတ်သည် အနောက်ဘက် ကရမေလတောင်မှ ရှိဟောရလိဗနချောင်းအထိ ဖြစ်၏။