“ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။
၄ ရာ 2:24 - မြန်မာ့စံမီသမ္မာကျမ်း ဧလိရှဲက သူတို့ကိုလှည့်ကြည့်ပြီး ထာဝရဘုရား၏နာမ၌ ကျိန်ဆဲသဖြင့် တောထဲမှဝံမနှစ်ကောင်ထွက်လာ၍ လူငယ်လေးဆယ့်နှစ်ယောက်ကို ကိုက်ဖြတ်လေ၏။ Common Language Bible ဧလိရှဲသည်လှည့်၍သူတို့အားစိမ်းစိမ်းကြည့် ပြီးလျှင် ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ကျိန်ဆဲလေသည်။ ထိုအခါတောအုပ်ထဲ မှဝက်ဝံမနှစ်ကောင်ထွက်လာကာ ထိုသူငယ် လေးဆယ့်နှစ်ယောက်တို့အားအပိုင်းပိုင်းကိုက် ဖြတ်ကြ၏။ Garrad Bible ဟေ့ ဦး ပြည်း။ သွား လော့ ဟု ပြောင် လှောင် ကြ ရာ ဧ လိ ရှဲ လှည့် ကြည့် လျက် ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို တိုင် တည်၍ ဓိ ဌာန် လျှင် တော နက် မှ ဝံ မ နှစ် ကောင် ထွက် လာ သ ဖြင့်၊ လု လင် လေး ကျိပ် နှစ် ယောက် တို့ ကို ဆွဲ ဖြတ် လေ၏။ Judson Bible ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။ |
“ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။
ထို့ပြင် ဟုရှဲက “အရှင့်ခမည်းတော်နှင့် သူ့အမှုထမ်းတို့သည် စစ်သူရဲများ ဖြစ်ကြသည်သာမက တောထဲ၌သားပျောက်သောဝံမကဲ့သို့ စိတ်နှလုံးခက်ထန်နေမည်ကို အရှင်သိပါ၏။ ထို့ပြင် အရှင့်ခမည်းတော်သည် သူရဲကောင်းဖြစ်သည်နှင့်အညီ လူအများနှင့်အတူ ညအိပ်မည်မဟုတ်ပါ။
သူပြန်သွားရာ လမ်းတွင် ခြင်္သေ့နှင့်တိုး၍ သူ့ကိုကိုက်သတ်သဖြင့် သူ၏အလောင်းသည် လမ်းပေါ်တွင်လဲနေ၏။ အလောင်းဘေးတွင် မြည်းနှင့်ခြင်္သေ့တို့ ရပ်နေကြ၏။
ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။
ထို့ကြောင့် ပရောဖက်က “သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့် ငါ့ထံမှပြန်သွားလျှင် ခြင်္သေ့သည် သင့်ကို ကိုက်သတ်လိမ့်မည်”ဟု ဆို၏။ ဆိုသည့်အတိုင်းပင် ထိုသူထွက်သွား၍ ခြင်္သေ့နှင့်တိုးသဖြင့် သူ့ကို ကိုက်သတ်လေ၏။
ဧလိရှဲသည် ထိုမြို့မှ ကရမေလတောင်ပေါ်သို့ တက်သွားပြီး ထိုနေရာမှ ရှမာရိမြို့သို့ ပြန်လာ၏။
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
မိုက်မဲစိတ်မွှန်နေသော လူမိုက်နှင့်တွေ့ရခြင်းထက် သားငယ်ဆုံးရှုံးသောဝက်ဝံမနှင့်တွေ့ရခြင်းသည် ပို၍ကောင်း၏။
ပြက်ရယ်ပြုတတ်သောသူတို့အတွက် အပြစ်ဒဏ်သည်လည်းကောင်း၊ မိုက်မဲသောသူတို့၏ကျောကုန်းအတွက် ကြိမ်ဒဏ်သည်လည်းကောင်း အဆင်သင့်ရှိ၏။
ဆင်းရဲသောပြည်သူပြည်သားတို့ကို အုပ်စိုးသည့်ဆိုးယုတ်သောမင်းသည် ဟောက်သောခြင်္သေ့၊ သို့မဟုတ် တစ်ဟုန်ထိုးတိုက်ခိုက်သောဝက်ဝံနှင့်တူ၏။
ထို့ကြောင့် ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင်သည် ထာဝရဘုရားအား ပုန်ကန်ပြောဆိုသည်ဖြစ်၍ သင့်ကို ကမ္ဘာမြေပေါ်မှ ထွက်သွားစေမည်။ ဤနှစ်တွင် သင်သေရမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။
သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူပါ။ ကျိန်ခြင်းအမင်္ဂလာသည် သူတို့အပေါ်သက်ရောက်ပါစေ။
ငါသည် သားငယ်ဆုံးရှုံးသောဝက်ဝံမကဲ့သို့ သူတို့ကိုတိုက်ခိုက်မည်။ သူတို့ရင်ဘတ်ကို ဆွဲဆုတ်မည်။ သူတို့ကို ခြင်္သေ့ကဲ့သို့ကိုက်စားဝါးမျိုမည်။ တောရိုင်းတိရစ္ဆာန်ကဲ့သို့ ဆွဲဖြဲမည်။
ငါသည် သင်တို့ထဲသို့ တောရိုင်းတိရစ္ဆာန်ကို ဝင်ရောက်စေသဖြင့် ထိုတိရစ္ဆာန်သည် သင်တို့၏သားသမီးကို ကိုက်သတ်၍ သင်တို့၏တိရစ္ဆာန်ကို ဖျက်ဆီးလိမ့်မည်။ သင်တို့ကို လျော့နည်းစေ၍ သင်တို့၏လမ်းများသည် လူသူကင်းမဲ့လိမ့်မည်။
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။
ထိုအခါ ထိုအပင်အား“သင့်ထံမှအသီးကို ယခုမှစ၍ ကာလအစဉ်အဆက် မည်သူမျှ မစားရပါစေနှင့်”ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်းကြားကြ၏။
ထိုအခါ ပေတရုသည် သတိရ၍ “ရဗ္ဗိ၊ ကြည့်ပါ။ ကိုယ်တော်ကျိန်တော်မူသောသဖန်းပင်သည် ညှိုးနွမ်းခြောက်သွေ့ပါပြီ”ဟု လျှောက်လေ၏။
အာနနိသည် ထိုစကားတို့ကိုကြားလျှင် လဲ၍သေဆုံးလေ၏။ ထိုအခြင်းအရာကို ကြားရသောသူအားလုံးတို့သည် အလွန်ကြောက်ရွံ့သွားကြ၏။
ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
ထိုအခါ ပေတရုက “သင်သည် ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကို ငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့် သင်၏ငွေသည် သင်နှင့်အတူပျက်စီးပါစေ။
သင်တို့သည် နာခံမှုနှင့်ပြည့်စုံသောအခါ မနာခံမှုရှိသမျှတို့ကို တရားသဖြင့်စီရင်ရန် ငါတို့အသင့်ရှိကြ၏။
သို့မဟုတ်လျှင် အဘိမလက်ထဲမှ မီးထွက်၍ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ကို လောင်ကျွမ်းပါစေ။ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ထဲမှလည်း မီးထွက်၍ အဘိမလက်ကို လောင်ကျွမ်းပါစေ”ဟု ကျယ်လောင်စွာအော်ဟစ်ပြီးလျှင်
ဘုရားသခင်သည် ရှေခင်အမျိုးသားတို့ပြုခဲ့သောမကောင်းမှုအလုံးစုံတို့ကို သူတို့၏ခေါင်းပေါ်သို့ ပြန်ကျစေတော်မူ၏။ ယေရုဗ္ဗာလ၏သားယောသံ၏ကျိန်ခြင်းသည် သူတို့အပေါ် ကျရောက်လေ၏။