အီဂျစ်အမျိုးသမီးဟာဂရနှင့် အာဗြဟံရသောသားသည် ဣဇက်အားပြောင်လှောင်သည်ကို စာရာမြင်သောအခါ
၄ ရာ 2:23 - မြန်မာ့စံမီသမ္မာကျမ်း ဧလိရှဲသည် ထိုမြို့မှ ဗေသလမြို့သို့ တက်သွားလေ၏။ သူတက်သွားရာလမ်းတွင် လူငယ်တစ်စုက မြို့ထဲမှထွက်လာပြီး “ဟေး ထိပ်ပြောင်ကြီး တက်သွားပါ။ ဟေး ထိပ်ပြောင်ကြီး တက်သွားပါ”ဟု ပြောင်လှောင်ကြ၏။ Common Language Bible ဧလိရှဲသည်ဗေသလမြို့သို့သွားရန် ယေရိခေါ မြို့မှထွက်ခွာခဲ့၏။ လမ်းတွင်မြို့တစ်မြို့မှသူ ငယ်အချို့တို့သည်ထွက်လာပြီးလျှင် သူ့အား ပြောင်လှောင်ကြ၏။ သူတို့က``ဦးပြည်း၊ ခေါင်းတုံး ကြီး၊ ဤအရပ်မှထွက်သွားလော့'' ဟုအော်ဟစ် ကြ၏။ Garrad Bible ထို မြို့ မှ ဗေ သ လ မြို့ သို့ သွား စဉ် တွင် လု လင် ငယ် တို့ သည် မြို့ တွင်း မှ ထွက်၍ ဟေ့ ဦး ပြည်း။ သွား လော့။ Judson Bible ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်ပျိုတို့သည် မြို့ထဲကထွက်၍၊ ဟေဦးပြည်း၊ တက်ဦးလော့။ ဟေဦးပြည်း၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။ |
အီဂျစ်အမျိုးသမီးဟာဂရနှင့် အာဗြဟံရသောသားသည် ဣဇက်အားပြောင်လှောင်သည်ကို စာရာမြင်သောအခါ
ထိုသို့ စကားပြောလျက်သွားနေကြစဉ်တွင်ပင် မီးမြင်းနှင့်ကသောမီးရထားတစ်စီး ရုတ်ခြည်းပေါ်လာပြီး သူတို့နှစ်ဦးကိုခွဲပစ်ကာ ဧလိယသည် လေပွေဖြင့် ကောင်းကင်သို့ ပါသွားလေ၏။
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။
ထိုနေ့မှစ၍ ယနေ့တိုင်အောင် ထိုရေသည် ဧလိရှဲဆင့်ဆိုသည့်စကားအတိုင်း သန့်ရှင်းလေ၏။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ကလေးသူငယ်များပင်လျှင် ငါ့ကို မထီမဲ့မြင်ပြုကြ၏။ ငါမတ်တတ်ရပ်နေလျှင် ငါ့ကို သရော်ကြ၏။
ယခုမူကား ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို လှောင်ပြောင်ကြလေပြီ။ သူတို့၏ဖခင်များသည် ငါ့သိုးတို့ကိုထိန်းပေးသောခွေးများနှင့်အတူထားဖို့ပင် မတန်သောသူများဖြစ်ကြ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သည်ဖြစ်၍ အကျွန်ုပ်အရှက်မကွဲရပါစေနှင့်။ ဆိုးယုတ်သောသူတို့သည် အရှက်ကွဲလျက် မရဏာနိုင်ငံထဲ၌ တိတ်ဆိတ်စွာနေကြရပါစေသော။
ဖြောင့်မတ်သောသူတစ်ဖက်၌ မာန်မာနဖြင့်လည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းဖြင့်လည်းကောင်း မောက်မာစွာပြောဆိုတတ်သည့် မုသားနှုတ်ခမ်းသည် တိတ်ဆိတ်စွာနေရပါစေသော။
သို့သော် ငါလဲသောအခါ သူတို့သည် ဝမ်းမြောက်လျက်စုဝေးကြ၏။ ရန်ပြုရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌စုဝေးကြ၏။ ထိုသူတို့ကိုလည်း ငါမသိရ။ သူတို့သည် ငါ့ကိုမရပ်မနားဆုတ်ဖြဲကြ၏။
ကလေးသူငယ်ပင်လျှင် သူ၏လုပ်ဆောင်ချက်သည် သန့်ရှင်းစင်ကြယ်ခြင်းရှိ၊ မရှိ၊ ဖြောင့်မှန်ခြင်းရှိ၊ မရှိ သူ၏အပြုအမူအားဖြင့် ထင်ရှားစေတတ်၏။
မိုက်မဲခြင်းသည် ကလေးသူငယ်၏စိတ်နှလုံးတွင် နှောင်ဖွဲ့လျက်ရှိ၏။ သို့သော် ဆုံးမပဲ့ပြင်သောကြိမ်လုံးသည် ၎င်းကို သူနှင့်ဝေးကွာစေလိမ့်မည်။
ကလေးသူငယ်ကိုသွန်သင်၍ သူသွားရမည့်လမ်းသို့ဦးတည့်ပေးလော့။ သို့ပြုလျှင် သူသည်အသက်ကြီးသောအခါ ထိုလမ်းမှမဖယ်ခွာဘဲနေလိမ့်မည်။
သို့ဖြစ်၍ ပူဆွေးခြင်းကို သင်၏စိတ်နှလုံးထဲမှဖယ်ရှားလော့။ ဒုက္ခကိုလည်း သင်၏ကိုယ်ခန္ဓာမှပယ်ထုတ်လော့။ အကြောင်းမူကား ပျိုရွယ်ခြင်းနှင့် အရွယ်ကောင်းခြင်းတို့သည် အချည်းနှီးဖြစ်ကြ၏။
အပြစ်ပြုသောလူမျိုး၊ အပြစ်ကြီးလေးသောလူစု၊ ဆိုးညစ်သောသူတို့၏အမျိုးအနွယ်၊ ဖောက်ပြန်သောသားသမီးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ထာဝရဘုရားကိုစွန့်ပယ်သွားကြပြီ။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကို မထီလေးစားပြု၍ ကျောခိုင်းသွားကြပြီ။
လူတစ်ဦးကိုတစ်ဦး၊ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး ညှဉ်းဆဲကြလိမ့်မည်။ လူငယ်သည် လူကြီးကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူပြီ။ အကျွန်ုပ် သွေးဆောင်ခံရပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက် ခွန်အားကြီးသဖြင့် နိုင်တော်မူပြီ။ အကျွန်ုပ်သည် နေ့စဉ် လှောင်ပြောင်ခြင်းခံရပါ၏။ လူတိုင်း အကျွန်ုပ်ကို ပြက်ရယ်ပြုကြပါ၏။
အကျွန်ုပ်ဟောပြောလေရာရာ၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးခြင်းအကြောင်းများကိုသာ အော်ဟစ်ကြွေးကြော်ရပါ၏။ အကြောင်းမူကား ထာဝရဘုရား၏စကားတော်သည် အကျွန်ုပ်၌ နေ့စဉ် ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်စေပါ၏။
ကောင်းကင်မိဖုရားထံ မုန့်ပူဇော်ရန် သားသမီးတို့က ထင်းကောက်ကြ၏။ ဖခင်တို့က မီးမွှေးကြ၏။ မိခင်တို့က မုန့်နယ်ကြ၏။ သူတို့သည် အခြားသောဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့်လည်း ငါ့ကိုအမျက်ထွက်စေကြ၏။
အို ဗေသလမြို့၊ သင်တို့ပြုခဲ့သောမကောင်းမှုဒုစရိုက်များကြောင့် သင်တို့၌ ထိုသို့ဖြစ်လိမ့်မည်။ အရုဏ်ဦး၌ပင် အစ္စရေးဘုရင်သည် ရှင်းရှင်းဖျက်ဆီးခြင်းခံရမည်။
ရှမာရိမြို့သားတို့သည် ဗေသဝင်နွားမတမ်းရုပ်တုကြောင့် ကြောက်ရွံ့နေကြ၏။ ထိုရုပ်တု၏ဘုန်းအသရေကွယ်ပျောက်သွားပြီဖြစ်၍ ရှမာရိမြို့သားများသည် ငိုကြွေး၍ ထိုရုပ်တု၌မွေ့လျော်သောယဇ်ပုရောဟိတ်များသည် မြည်တမ်းကြလိမ့်မည်။
အို အစ္စရေး၊ သင်သည် ပြည့်တန်ဆာလုပ်ရာတွင် ယုဒအပေါ် အပြစ်မသက်ရောက်စေနှင့်။ ဂိလဂါလမြို့သို့ မသွားနှင့်။ ဗေသဝင်မြို့သို့ တက်မသွားနှင့်။ ‘ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ’ဟု မကျိန်ဆိုနှင့်။
“စင်စစ် အစ္စရေးလူမျိုးတို့ကျူးလွန်သောအပြစ်များကို စီရင်သောနေ့တွင် ဗေသလယဇ်ပလ္လင်တို့ကို ငါစီရင်မည်။ ယဇ်ပလ္လင်ချိုတို့ကိုချိုးပစ်သဖြင့် မြေပေါ်သို့ကျကြလိမ့်မည်။
“ဗေသလမြို့သို့သွားပြီး အပြစ်ပြုကြ။ ဂိလဂါလမြို့သို့သွားပြီး အပြစ်များစွာပြုကြ။ သင်တို့၏ပူဇော်သက္ကာကို နံနက်တိုင်းယူလာကြ။ ဆယ်ဖို့တစ်ဖို့ကို သုံးရက်တစ်ကြိမ် ယူလာကြ။
ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မသွားကြနှင့်။ ဗေရရှေဘမြို့သို့ ဖြတ်သန်းသွားလာခြင်း မပြုကြနှင့်။ အကြောင်းမူကား ဂိလဂါလမြို့သည် အမှန်ပင် သိမ်းပိုက်ခံရမည်။ ဗေသလမြို့သည် ဘာမျှမဟုတ်သောမြို့ဖြစ်မည်။
ဗေသလမြို့တွင် ပရောဖက်မပြုတော့နှင့်။ အကြောင်းမူကား ဤမြို့သည် ရှင်ဘုရင်၏သန့်ရှင်းရာမြို့၊ မင်းနေပြည်တော်မြို့ဖြစ်၏”ဟု ဆို၏။
သို့သော် ထိုစဉ်က သွေးသားဇာတိအရမွေးဖွားသောသားသည် ဝိညာဉ်တော်အရမွေးဖွားသောသားကို ညှဉ်းဆဲသကဲ့သို့ ယခုလည်း ထိုနည်းတူဖြစ်၏။
အချို့သောသူတို့မူကား ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းတို့ကိုခံရသည်သာမက ထောင်ထဲ၌ချုပ်နှောင်ထားခြင်းကိုလည်းခံခဲ့ကြရ၏။