သုတ္တံကျမ်း။ 20:11 - မြန်မာ့စံမီသမ္မာကျမ်း11 ကလေးသူငယ်ပင်လျှင် သူ၏လုပ်ဆောင်ချက်သည် သန့်ရှင်းစင်ကြယ်ခြင်းရှိ၊ မရှိ၊ ဖြောင့်မှန်ခြင်းရှိ၊ မရှိ သူ၏အပြုအမူအားဖြင့် ထင်ရှားစေတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible11 သူငယ်သော်လည်း၊ မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်း အရာအားဖြင့် ပြ၍၊ မိမိသဘောကို ထင်ရှားစေ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 သူ ငယ် သော် လည်း၊ သ ဘော စင် သည် မ စင် သည် ကိုလည်း ကောင်း၊ မှန် သည် မ မှန် သည် ကိုလည်း ကောင်း၊ အ ပြု အ မူ များ ထင် ရှား စေ တတ်၏။ အခန်းကိုကြည့်ပါ။Judson Bible11 သူငယ်သော်လည်း၊ မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်းအရာအားဖြင့်ပြ၍၊ မိမိသဘောကို ထင်ရှားစေ၏။ အခန်းကိုကြည့်ပါ။ |
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။