Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 30:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယခု​မူကား ငါ့​ထက်​အသက်ငယ်​သော​သူ​တို့​သည် ငါ့​ကို လှောင်ပြောင်​ကြ​လေ​ပြီ​။ သူ​တို့​၏​ဖခင်​များ​သည် ငါ့​သိုး​တို့​ကို​ထိန်းပေး​သော​ခွေး​များ​နှင့်အတူ​ထား​ဖို့​ပင် မတန်​သော​သူ​များ​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ယ ခု မူ ကား၊ ငါ့ သိုး ဆိတ် အုပ် ကို အ ထိန်း အ ကျောင်း ခွေး များ နှင့် အ တူ နေ ရာ မ ရ ထိုက် သော အ ဘ ရှိ သူ တို့ တည်း ဟူ သော၊ ငါ့ ထက် ငယ် ရွယ် သူ တို့ သည်၊ ငါ့ ကို ပြက် ရယ် ပြု ကြ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ယ​ခု​မူ​ကား၊ ငါ့​ထက်​အ​သက်​ငယ်​သော​သူ​တို့​သည် ငါ့​ကို ကဲ့​ရဲ့​တတ်​ကြ၏။ သူ​တို့​အ​ဘ​များ​ကို ငါ​သည်​ရွံ့​ရှာ၍၊ ငါ့​သိုး​စု​ကို​စောင့်​သော ခွေး​တို့​တွင်​မျှ နေ​ရာ​မ​ပေး။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 30:1
17 ပူးပေါင်းရင်းမြစ်များ  

ဧလိရှဲ​သည် ထို​မြို့​မှ ဗေသလ​မြို့​သို့ တက်သွား​လေ​၏​။ သူ​တက်သွား​ရာ​လမ်း​တွင် လူငယ်​တစ်စု​က မြို့​ထဲမှ​ထွက်လာ​ပြီး “​ဟေး ထိပ်ပြောင်ကြီး တက်သွား​ပါ​။ ဟေး ထိပ်ပြောင်ကြီး တက်သွား​ပါ​”​ဟု ပြောင်လှောင်​ကြ​၏​။


ယခုမှာ ငါ​သည် မိတ်ဆွေ​တို့ ပြက်ရယ်ပြုစရာ​အကြောင်း ဖြစ်​ရ​လေ​ပြီ​။ ဘုရားသခင်​ကို​ခေါ်​လျှင် ဘုရားသခင်​ထူး​သော​သူ​၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်​သော​သူ​သည် ပြက်ရယ်ပြုစရာ ဖြစ်​ရ​လေ​ပြီ​တကား​။


သူ​တို့​သည် အားယုတ်​ကြ​ပြီ​ဖြစ်၍ သူ​တို့​၏​လက်ရုံးအား​ကို ငါ​ဘာလုပ်​ရ​မည်နည်း​။


မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​လွန်စွာ​ပြက်ရယ်​ပြု​ကြ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​မှ သွေဖည်​မ​သွား​ပါ​။


မြို့​တံခါးဝ​တွင်​ထိုင်​နေ​သော​သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို တီးတိုးပြောဆို​ကြ​ပါ​၏​။ အကျွန်ုပ်​သည် သေရည်သေရက်​သောက်စား​သော သူ​တို့​၏​တေးဖွဲ့​သီဆိုစရာ​များ​ဖြစ်​ရ​ပါ​၏​။


လူ​တစ်ဦး​ကို​တစ်ဦး​၊ အိမ်နီးချင်း​တစ်ဦး​ကို​တစ်ဦး ညှဉ်းဆဲ​ကြ​လိမ့်မည်​။ လူငယ်​သည် လူကြီး​ကို​လည်းကောင်း​၊ လူယုတ်​သည် လူမြတ်​ကို​လည်းကောင်း စော်ကား​လိမ့်မည်​။


ထို့နောက် အချို့​တို့​သည် ကိုယ်တော်​ကို​တံတွေး​နှင့်​ထွေး​လျက် မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် ကိုယ်တော်​ကို​ထိုးနှက်​ကာ “ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ အစောင့်​တပ်သား​များ​သည်​လည်း ကိုယ်တော်​ကို​ခေါ်​သွား​၍ ရိုက်ပုတ်​ကြ​၏။


“သင်​တို့​သည် လူထု​ကို​မှားယွင်း​စေရန်​လှုံ့ဆော်​သူ​အဖြစ် ဤ​သူ​ကို ငါ့​ထံသို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် ကြည့်​လော့။ ငါ​သည် သင်​တို့​ရှေ့​မှာ​ပင် သူ့​ကို​စစ်ဆေး​ခဲ့​သော်လည်း ဤ​သူ​အပေါ် သင်​တို့​စွပ်စွဲ​သည့်​အပြစ်​တစ်စုံတစ်ခု​မျှ​မ​တွေ့။


သို့သော် သူ​တို့​က “ထို​သူ​ကို​သုတ်သင်​လိုက်​ပါ။ အကျွန်ုပ်​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု တစ်ပြိုင်တည်း​အော်ဟစ်​ကြ​၏။


လူ​တို့​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ အကြီးအကဲ​တို့​မူကား ကိုယ်တော်​ကို​ပြက်ရယ်ပြု​၍ “ဤ​သူ​သည် အခြား​သူ​များ​ကို​ကယ်တင်​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​ခရစ်တော်​ဖြစ်​လျှင် မိမိကိုယ်ကို​ကယ်တင်​ပါစေ”​ဟု ပြောဆို​ကြ​၏။


ဆွဲ​ထား​ခြင်း​ခံရ​သော​ရာဇဝတ်သား​တို့​ထဲမှ တစ်​ဦး​သည်​လည်း ကိုယ်တော်​ကို​စော်ကား​လျက် “သင်​သည် ခရစ်တော်​မ​ဟုတ်​လော။ သင့်ကိုယ်သင်​ကယ်တင်​၍ ငါ​တို့​ကို​လည်း​ကယ်တင်​လော့”​ဟု ဆို​၏။


သို့ရာတွင် ဂျူး​လူမျိုး​တို့​သည် မနာလို​ကြ​သောကြောင့် လူ​ဆိုး​အချို့​ကို ဈေး​အရပ်​မှ ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် မြို့​ကို​ရုတ်ရုတ်သဲသဲ​ဖြစ်​စေ​ကာ ယာသုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါလု​နှင့်​သိလ​တို့​ကို လူစုလူဝေး​ရှေ့သို့ ထုတ်ဆောင်​ရန် ရှာဖွေ​ကြ​၏။


ကရေတေ​ကျွန်းသား​များ​ထဲမှ သူ​တို့​၏​အမျိုးသား​ချင်း​ပရောဖက်​တစ်​ဦး​က “ကရေတေ​ကျွန်းသား၊ လူလိမ်​များ​ကား၊ ဆိုးသွမ်း​သားရဲ၊ မြဲ​စား​ကြူး​သူ၊ ပျင်းရိ​လူ”​ဟု စပ်ဆို​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ