အာမဇိမင်းကြီးသည် ဧဒုံစစ်သည်အယောက်တစ်သောင်းကို ဆားချိုင့်ဝှမ်းတွင် တိုက်ခိုက်သတ်ဖြတ်ပြီး ထိုစစ်ပွဲတွင် သေလမြို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ထိုမြို့၏အမည်ကို ယောကသေလမြို့ဟု ယနေ့တိုင် ခေါ်ဆိုလျက်ရှိ၏။
၄ ရာ 14:10 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ နန်းတော်တွင်သာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။ Common Language Bible အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။ Garrad Bible အ ကြည် တော် သည် ဧ ဒုံ ပြည် ကို အောင် ခဲ့ သော ကြောင့် စိတ် နေ မြင့် လှ၏။ နန်း တော် တွင် စံ လျက် ကိုယ် ကို ဂုဏ် တင် လော့။ အ ကြည် တော် မှ စ၍ ယု ဒ အ လုံး အ ရင်း ပါ ကျ ဆုံး ရန် အ န္တ ရာယ် ကို အ ဘယ် ကြောင့် ရှာ သ နည်း ဟု ယု ဒ ဘု ရင် အာ မ ဇိ မင်း ထံ ရာ ဇ သံ ပြန် လိုက် သော် လည်း Judson Bible သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှာ အဘယ်ကြောင့် အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက်လေ၏။ |
အာမဇိမင်းကြီးသည် ဧဒုံစစ်သည်အယောက်တစ်သောင်းကို ဆားချိုင့်ဝှမ်းတွင် တိုက်ခိုက်သတ်ဖြတ်ပြီး ထိုစစ်ပွဲတွင် သေလမြို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ထိုမြို့၏အမည်ကို ယောကသေလမြို့ဟု ယနေ့တိုင် ခေါ်ဆိုလျက်ရှိ၏။
သူသည် ထိုသို့အင်အားကြီးလာသည်နှင့်အမျှ ပျက်စီးခြင်းသို့ရောက်သည်အထိဘဝင်မြင့်လာ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားအပေါ် သစ္စာမဲ့လာ၏။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်ပေါ်၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ထာဝရဘုရား၏ဗိမာန်တော်သို့ဝင်၏။
သို့သော် ဟေဇကိမင်းကြီးသည် ခံစားရသောကျေးဇူးတော်အတိုင်း မတုံ့ပြန်ဘဲ ဘဝင်မြင့်လာ၏။ ထို့ကြောင့် အမျက်တော်သည် သူ့အပေါ်သာမက ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ်သို့ ကျရောက်လေ၏။
သို့သော် နေခေါမင်းကြီးက ယောရှိမင်းကြီးထံ တမန်ကိုလွှတ်၍ “အို ယုဒဘုရင်၊ သင်နှင့် အကျွန်ုပ် မည်သို့ဆိုင်သနည်း။ ယခု သင်နှင့်စစ်တိုက်ရန် အကျွန်ုပ်ချီလာသည်မဟုတ်။ အကျွန်ုပ်နှင့်စစ်ဖြစ်နေသောလူမျိုးကိုသာတိုက်ရန် ချီလာ၏။ ဘုရားသခင်သည် အကျွန်ုပ်အား စစ်အမြန်တိုက်စေပြီဖြစ်၍ အကျွန်ုပ်နှင့်အတူရှိသောဘုရားသခင်ကို ဆန့်ကျင်၍ဆီးတားမနေပါနှင့်။ သို့မဟုတ်လျှင် သင့်ကိုဖျက်ဆီးတော်မူမည်”ဟု မှာကြားလိုက်၏။
မောရှေကလည်း ဖာရောမင်းကြီးအား “ဖားများကို အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း သုတ်သင်ဖယ်ရှား၍ နိုင်းမြစ်၌သာကျန်ရှိစေရန် အရှင်နှင့် အရှင့်အမှုထမ်းများ၊ အရှင့်ပြည်သူပြည်သားများအတွက် အကျွန်ုပ်ဆုတောင်းရမည့်အချိန်ကို သတ်မှတ်ပေးပါ”ဟု လျှောက်လေ၏။
ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
ခိုက်ရန်ဖြစ်ပွားခြင်းကိုရှောင်ရှားသောသူသည် ဂုဏ်သရေရှိ၏။ ဆိုးမိုက်သောသူတိုင်းကား ခိုက်ရန်ဖြစ်တတ်ကြ၏။
အလျင်စလိုသွား၍ မတိုင်တန်းနှင့်။ နောက်ဆုံး၌ သင်၏အိမ်နီးချင်းသည် သင့်ကိုအရှက်ရစေလျှင် သင်မည်သို့ပြုမည်နည်း။
မိမိနှင့်မဆိုင်သောခိုက်ရန်ဖြစ်ပွားမှုကို ဝင်စွက်သောသူသည် ခွေးလေခွေးလွင့်၏နားရွက်ကို ဖမ်းဆွဲသောသူနှင့်တူ၏။
သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီလာစေမည့်အကြောင်း ရှေးနှစ်ပေါင်းများစွာ ပရောဖက်ပြုဟောပြောခဲ့သော ငါ့အစေအပါး အစ္စရေးလူမျိုးတို့၏ပရောဖက်များအားဖြင့် သင့်ကိုရည်မှတ်၍ ရှေးယခင်ကပင် ငါမိန့်ဆိုခဲ့သည်မဟုတ်လော’ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ မေရှက်အမျိုးသား၊ တုဗလအမျိုးသားတို့၏အကြီးအကဲခေါင်းဆောင်ဖြစ်သော မာဂေါဂဘုရင်ဂေါဂမင်းကြီးရှိရာသို့မျက်နှာမူပြီး သူ့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
သူတို့နှင့်အတူ ဒိုင်းလွှားကိုင်ဆောင်သူ၊ သံခမောက်ဆောင်းသူ ပါးရှားပြည်သား၊ အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သားတို့လည်းပါမည်။
တောင်ဘုရင်သည် ထိုစစ်သည်အလုံးအရင်းကို သိမ်းသွားနိုင်သဖြင့် ဘဝင်မြင့်လာလိမ့်မည်။ သူသည် လူထောင်ပေါင်းများစွာကို ချေမှုန်းနိုင်သော်လည်း သူ့အာဏာတည်လိမ့်မည်မဟုတ်။
ကြည့်ရှုလော့။ ဘဝင်မြင့်သောသူ၏အတွင်းစိတ်သည် ဖြောင့်မှန်လေ့မရှိ။ ဖြောင့်မတ်သောသူတို့မူကား ယုံကြည်ခြင်းကြောင့် အသက်ရှင်ရလိမ့်မည်။
စပျစ်ဝိုင်သည် သစ္စာမဲ့စေတတ်၏။ မာနကြီးသောသူနှင့်တူ၍ ငြိမ်ငြိမ်မနေတတ်။ စိတ်အလိုကို မရဏာနိုင်ငံကဲ့သို့ ကျယ်ပြန့်စေတတ်၏။ သေမင်းကဲ့သို့ပင် အလိုမပြည့်စုံတတ်။ သူ့အဖို့ လူမျိုးအပေါင်းကို စုစည်းပြီး လူအားလုံးကို သိမ်းပိုက်ထားတတ်၏။
သင်သည် မာနထောင်လွှား၍ ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင့်ကိုထုတ်ဆောင်တော်မူခဲ့သောအရှင်၊
နိမ့်ပါးသည့်အခြေအနေ၌ရှိသောညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။
သို့သော် ကိုယ်တော်သည် ပို၍ကြီးမြတ်သောကျေးဇူးတော်ကိုပေးတော်မူ၏။ သို့ဖြစ်၍ “ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။
အဘိမလက်သည်လည်း ရဲတိုက်ကို သွားရောက်တိုက်ခိုက်၏။ ရဲတိုက်ကိုမီးရှို့ရန် ရဲတိုက်တံခါးဝသို့ ချဉ်းကပ်လာသောအခါ