Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 8:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 မောရှေ​က​လည်း ဖာရော​မင်းကြီး​အား “​ဖား​များ​ကို အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း သုတ်သင်ဖယ်ရှား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​စေရန် အရှင်​နှင့် အရှင့်​အမှုထမ်း​များ​၊ အရှင့်​ပြည်သူပြည်သား​များ​အတွက် အကျွန်ုပ်​ဆုတောင်း​ရ​မည့်​အချိန်​ကို သတ်မှတ်​ပေး​ပါ​”​ဟု လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 မော​ရှေ​က``ကိုယ်​တော်​နှင့်​ကိုယ်​တော်​၏​မှူး​မတ် ပြည်​သူ​တို့​၏​အိမ်​များ​မှ​ဖား​တို့​ကို​ဖယ်​ရှား ၍ နိုင်း​မြစ်​ထဲ​၌​သာ​ဖား​များ​နေ​စေ​ရန်​မည် သည့်​အ​ချိန်​တွင်​ဆု​တောင်း​ပေး​ရ​ပါ​မည် နည်း'' ဟု​မေး​လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 မော ရှေ က လည်း ဘု ရင် မင်း နှင့် တ ကွ ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား တို့ အ ဖို့၊ ကျွန် တော် တောင်း ပန် သ ဖြင့် ဘု ရင် မင်း နှင့် နန်း တော် ဆောင် များ မှ ဖား များ ကို ပယ် ရှား ဖျက် ဆီး လျက် မြစ်၌ သာ ကျန် ရှိ စေ ရ မည့် အ ချိန် ကို ဘုန်း တော် ကြောင့် ချိန်း ချက် တော် မူ ပါ ဟု ဖာ ရော မင်း အား လျှောက် ထား သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 မော​ရှေ​က​လည်း၊ ကိုယ်​တော်​နှင့် ကိုယ်​တော်​အိမ်​များ​မှ​ဖား​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး၍၊ မြစ်၌​သာ​နေ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​နှင့် ကိုယ်​တော်​ကျွန်​များ၊ လူ​များ​အ​ဖို့ အ​ကျွန်ုပ်​တောင်း​ပန်​ရ​သော​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပါ​ဟု လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 8:9
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဧလိယ​က ဗာလ​ဘုရား​၏​ပရောဖက်​တို့​အား “​သင်​တို့​သည် လူ​များ​သောကြောင့် သင်​တို့​အဖို့ နွား​တစ်​ကောင်​ကို​ရွေး​ပြီး အလျင်​အသင့်ပြင်​ပါ​။ ပြီးလျှင် မီး​မ​မွှေး​သေး​ဘဲ သင်​တို့​ဘုရား​၏​နာမ​ကို ခေါ်​ပါ​”​ဟု ဆို​၏​။


ထာဝရဘုရား​သည် နိုင်း​မြစ်​ကို​ဒဏ်ခတ်​သည်​မှာ ခုနစ်​ရက်​ကြာ​လေ​၏​။


ဖာရော​မင်းကြီး​က “​မနက်ဖြန်​”​ဟု ဆို​လျှင် မောရှေ​က “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့်​တူ​သော​ဘုရား​မ​ရှိ​ကြောင်း အရှင်​သိမြင်​စေရန် အရှင်​၏​စကား​အတိုင်း ဖြစ်​လိမ့်မည်​။


ဖား​များ​သည် အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း​၊ အရှင့်​အမှုထမ်း​များ​နှင့် အရှင့်​လူ​များ​ထဲမှ​လည်းကောင်း ထွက်သွား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​ကြ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။


ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို​ခေါ်​၍ “​ငါ​နှင့်​ငါ​၏​လူ​တို့​ထံမှ ဖား​များ​ကို​ဖယ်ရှား​ပေး​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​လော့​။ သို့ပြုလျှင် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် အစ္စရေး​လူ​တို့​ကို​ငါ​လွှတ်ပေး​မည်​”​ဟု ဆို​လေ​၏​။


ပုဆိန်​သည် သူ့​ကို​ကိုင်​သော​သူ​ထက် မိမိကိုယ်မိမိ​အမွှမ်းတင်​မည်လော​။ လွှ​သည် သူ့​ကို​အသုံးပြု​သော​သူ​ထက် မိမိကိုယ်မိမိ​ချီးမြှောက်​မည်လော​။ ကြိမ်လုံး​က ကိုင်မြှောက်​သော​သူ​ကို ပြန်​၍​လွှဲယမ်း​သကဲ့သို့​၊ တောင်ဝှေး​က သစ်သား​မ​ဟုတ်​သော​လူ​ကို ပြန်​၍​ကိုင်မြှောက်​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။


ထာဝရဘုရား​က​လည်း “​သင်​လျှောက်ဆို​သည့်​အတိုင်း ငါ​ခွင့်လွှတ်​ပြီ​။


ထာဝရဘုရား​က ဂိဒေါင်​အား “​သင်​နှင့်အတူ ပါလာ​သော​သင့်​လူ​တို့​သည် အလွန်များ​သောကြောင့် သူ​တို့​လက်​သို့ မိဒျန်​လူမျိုး​တို့​ကို ငါ​မ​အပ်​။ အပ်​မည်​ဆိုလျှင် အစ္စရေး​လူမျိုး​တို့​က ‘​ငါ​တို့​၏​လက်ရုံး​သည် ငါ​တို့​ကို​ကယ်တင်​ပြီ​’​ဟု ဝါကြွား​ပြောဆို​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ