၂ ရာချုပ် 26:16 - မြန်မာ့စံမီသမ္မာကျမ်း16 သူသည် ထိုသို့အင်အားကြီးလာသည်နှင့်အမျှ ပျက်စီးခြင်းသို့ရောက်သည်အထိဘဝင်မြင့်လာ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားအပေါ် သစ္စာမဲ့လာ၏။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်ပေါ်၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ထာဝရဘုရား၏ဗိမာန်တော်သို့ဝင်၏။ အခန်းကိုကြည့်ပါ။Common Language Bible16 သို့သော်သြဇိမင်းသည်တန်ခိုးကြီးလာသော အခါ မာန်မာနလည်းထောင်လွှားလာသဖြင့် အကျိုးနည်းရလေသည်။ သူသည်ဗိမာန်တော် သို့ဝင်၍နံ့သာပေါင်းကို သက်ဆိုင်ရာယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ခြင်းအားဖြင့် မိမိ၏ ဘုရားသခင်ထာဝရဘုရားအားပြစ်မှား၏။- အခန်းကိုကြည့်ပါ။Garrad Bible16 ခွန် အား ဗ လ တိုး တက် သည့် အ တွက် စိတ် နေ မြင့် သော်၊ ဩ ဇိ မင်း ဖောက် ပြန်၍၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သ စ္စာ တော် ကို ဖျက် လျက်၊ နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော် ပေါ် တွင် တင် ရှို့ မည့် အ ကြံ နှင့် ဗိ မာန် တော် သို့ ဝင် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible16 ဩဇိမင်းသည် တန်ခိုးကြီးသောအခါ၊ ကိုယ်အကျိုးနည်းအောင် ထောင်လွှားသောစိတ်ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှာ၊ ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ ဝင်လေ၏။ အခန်းကိုကြည့်ပါ။ |
ဂျေရုဆလင်မြို့တွင်လည်း စက်မှုကျွမ်းကျင်သူအား မြားနှင့်လောက်လွှဲကြီးများပစ်ခတ်ရာတွင် အသုံးပြုသောစက်ကိရိယာများကို တီထွင်စေပြီးရဲတိုက်များ၊ မြို့ရိုးထောင့်များတွင် ထားရှိ၏။ ဩဇိမင်းကြီးသည် အံ့ဩဖွယ်ကူညီမစမှုကို ခံရသောကြောင့် အင်အားကြီးမားပြီး ရပ်ဝေးတိုင်အောင် နာမည်ကျော်စောလေ၏။
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ