အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၄ ရာ 11:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် ယောယဒ​သည် ရှင်ဘုရင်​နှင့် ပြည်သူပြည်သား​တို့​ကို ထာဝရဘုရား​၏​လူမျိုး​တော်​အဖြစ် တည်​နေ​စေရန် သူ​တို့​ကို ထာဝရဘုရား​နှင့် ပဋိညာဉ်​ဖွဲ့​စေ​၏​။ ထို့အတူ ရှင်ဘုရင်​နှင့်​ပြည်သူပြည်သား​တို့​ကို​လည်း အချင်းချင်း​ကတိသစ္စာ​ပြု​စေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန်​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ် ဖွဲ့​စေ​လေ​သည်။ မင်း​ကြီး​နှင့်​ပြည်​သူ​တို့​ကို လည်း​အ​ပြန်​အ​လှန်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ယော ယ ဒ လည်း၊ ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ဖြစ် စေ ရန် ဘု ရင် မင်း မှ စ သော လူ ပ ရိ သတ် နှင့် ထာ ဝ ရ ဘု ရား ကြား တွင် လည်း ကောင်း၊ လူ ပ ရိ သတ် နှင့် ဘု ရင် မင်း ကြား တွင် လည်း ကောင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

ယော​ယ​ဒ​သည်​လည်း ရှင်​ဘု​ရင်​နှင့်​လူ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။ တစ်​ဖန် ရှင်​ဘု​ရင်​နှင့်​လူ​များ​တို့​ကို တစ်​ဦး​နှင့်​တစ်​ဦး ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။

အခန်းကိုကြည့်ပါ။



၄ ရာ 11:17
19 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် သူ​တို့​သည်​လည်း ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။


ခုနစ်​နှစ်​မြောက်​တွင် ယောယဒ​သည် ကိုယ်ရံတော်​တပ်​နှင့် အစောင့်တပ်​တို့​၏​ရာ​တပ်မှူး​များ​ကို လူ​လွှတ်​ခေါ်​၍ သူ​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ ရောက်လာ​လျှင် ထာဝရဘုရား​၏​အိမ်​တော်​တွင်ပင် သူ​တို့​နှင့် ကတိသစ္စာ​ပြု​၍ ကျိန်ဆို​စေ​ပြီးမှ ဘုရင့်​သား​တော်​ကို ထုတ်ပြ​၏​။


ရှင်ဘုရင်​သည် တိုင်​နားတွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​လျှင် လူ​အပေါင်း​တို့​က​လည်း ကတိသစ္စာ​ပြု​ကြ​၏​။


အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့​ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် ရှမွေလ​မှတစ်ဆင့် ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​သည် ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။


ထို့နောက် ယောယဒ​သည် မိမိ​အပါအဝင် ရှင်ဘုရင်​နှင့်​ပြည်သူပြည်သား​အားလုံး ထာဝရဘုရား​၏​လူမျိုး​တော်​များ​အဖြစ်​တည်​နေ​စေရန် ကတိသစ္စာ​ပြု​ကြ​၏​။


ယခုမှာ ပြင်းထန်​သော​အမျက်​တော်​ကို ငါ​တို့​ထံမှ လွှဲသွား​စေရန် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် ပဋိညာဉ်​ဖွဲ့​မည်​ဟု ငါ​စိတ်​ဆုံးဖြတ်​ပြီ​။


ရှင်ဘုရင်​သည် မိမိ​နေရာ​တွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​၏​။


ယခု အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​နှင့် ပဋိညာဉ်​ပြု​ကြ​ကုန်​စို့​။ အကျွန်ုပ်​၏​အရှင်သခင်​နှင့် အကျွန်ုပ်​တို့​ဘုရားသခင်​၏​ပညတ်တော်​ကို ရိုသေခန့်ညား​သော​သူ​တို့​၏​အကြံပေးချက်​အတိုင်း အကျွန်ုပ်​တို့​သည် ထို​မိန်းမ​များ​နှင့်တကွ သူ​တို့​နှင့်​ရ​သော​ကလေး​များ​ကို စွန့်​၍ ပညတ်တရားတော်​နှင့်အညီ ပြုကျင့်​ကြ​ပါ​မည်​။


ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကြောင့် ငါ​တို့​သည် ပဋိညာဉ်​ကို​ရေးဆွဲ​၍ ဝန်ခံ​ကတိပြု​ကြ​၏​။ ငါ​တို့​၏​အကြီးအကဲ​များ​၊ လေဝိ​သား​များ​၊ ယဇ်ပုရောဟိတ်​များ​သည်​လည်း တံဆိပ်ခတ်​ကြ​၏​။


ဇေဒကိ​မင်းကြီး​က ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​ပြီး ကျွန်ဘဝ​မှ​လွတ်မြောက်​ပြီ​ဟု ကြေညာ​ပြီးနောက်မှ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံ ရောက်လာ​ပြန်​၏​။


သူ​တို့​သည် ငါ​တို့​မျှော်လင့်​ထား​သည့်​အတိုင်း​ထက်​မက​ပြု​လျက် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ မိမိတို့ကိုယ်ကို သခင်​ဘုရား​ထံ​တော်​သို့ ဦးစွာ​ဆက်ကပ်​ပြီးနောက် ငါ​တို့​ထံသို့​လည်း ဆက်ကပ်​ကြ​၏။


ထို​နေ့​တွင် ယောရှု​သည် လူ​တို့​နှင့် ပဋိညာဉ်​ဖွဲ့​ပြီး ရှေခင်​မြို့​၌ သူ​တို့​အဖို့ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို ချမှတ်​ပေး​လေ​၏​။


ထို့နောက် ရှမွေလ​က ဘုရင်​နှင့်ဆိုင်သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို လူ​တို့​အား ပြောပြ​ပြီး စာလိပ်​၌​ရေးထား​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထား​လေ​၏​။ ထို့နောက် ရှမွေလ​သည် လူ​အပေါင်း​တို့​ကို မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်​စေ​၏​။