၄ ရာ 11:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထို့နောက် ပြည်သူပြည်သားအပေါင်းတို့သည် ဗာလဘုရားဝတ်ကျောင်းသို့သွား၍ ထိုဝတ်ကျောင်းကိုဖြိုဖျက်ပစ်ပြီး ယဇ်ပလ္လင်များ၊ ရုပ်တုများကို အကုန်အစင်ချိုးဖျက်ပစ်ကြ၏။ ဗာလဘုရား၏ယဇ်ပုရောဟိတ်မဿန်ကိုလည်း ယဇ်ပလ္လင်ရှေ့တွင် ကွပ်မျက်လိုက်ကြ၏။ ယောယဒသည် ထာဝရဘုရား၏အိမ်တော်တွင် အစောင့်များကို ချထားပြီးလျှင် အခန်းကိုကြည့်ပါ။Common Language Bible18 ထိုနောက်ပြည်သူတို့သည်ဗာလဘုရားဗိမာန် ကိုဖြိုဖျက်၍ ယဇ်ပလ္လင်များနှင့်ရုပ်တုများကို ချိုးဖဲ့ပြီးလျှင် ယဇ်ပလ္လင်များ၏ရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုကွပ်မျက်ကြ၏။ ယောယဒသည်ဗိမာန်တော်တွင်အစောင့်များ ချထားပြီးနောက်၊- အခန်းကိုကြည့်ပါ။Garrad Bible18 ပ ဋိ ညာဉ် ဖွဲ့ စေ ပြီး နောက် ပြည် သူ ပြည် သား တို့ သည် ဗာ လ၏ ဗိ မာန် ကို သွား ရောက် ဖြို ဖျက် လျက် ယဇ် ပ လ္လင် များ နှင့် ရုပ် တု များ ကို ချိုး ဖဲ့ လျက် ဗာ လ၏ ပ ရော ဟိတ် မဿန် ကို ယဇ် ပ လ္လင် များ ရှေ့ ကွပ် မျက် ကြ၏။ ပ ရော ဟိတ် ယော ယ ဒ သည် ဗိ မာန် တော် မှူး များ ကို ခန့် ထား ပြီး လျှင် အခန်းကိုကြည့်ပါ။Judson Bible18 ပြည်သူပြည်သားအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကို အကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ်မဿန်ကို သတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
မီးရှို့ရာယဇ်ပူဇော်ပြီးသည်နှင့် ယေဟုက အစောင့်တပ်သားများနှင့် တပ်မှူးတို့အား “ဝင်ပြီး သတ်ကြ။ တစ်ယောက်ကိုမျှမလွတ်စေနှင့်”ဟု အမိန့်ပေးလိုက်ရာ သူတို့သည် ဓားဖြင့် ဝင်ရောက်သတ်ဖြတ်ကြ၏။ အစောင့်တပ်သားများနှင့် တပ်မှူးတို့သည် အလောင်းများကို ပစ်ထားခဲ့ပြီး ဗာလဘုရားဝတ်ကျောင်း၏အတွင်းခန်းထဲသို့ ဝင်သွားကြ၏။
သူသည် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပြီး ကျောက်တိုင်များကို ဖြိုလှဲပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို လှဲချပြီး မောရှေသွန်းလုပ်ခဲ့သောကြေးနီမြွေရုပ်ကိုလည်း ထုခွဲပစ်၏။ အကြောင်းမူကား ထိုအချိန်အထိ အစ္စရေးလူမျိုးတို့သည် ထိုမြွေရုပ်ကို နဟုတ္တန် ဟုခေါ်ဆိုပြီး နံ့သာပေါင်းကို မီးရှို့ပူဇော်တတ်ကြ၏။
ဗာလယဇ်ပလ္လင်များကိုလည်း သူ့ရှေ့၌ဖြိုဖျက်ပစ်ကြ၏။ ထိုယဇ်ပလ္လင်ပေါ်ရှိ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကိုလည်း ချိုးဖျက်ပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကိုလည်း တစ်စစီချိုးဖဲ့ဖျက်ဆီးပစ်ပြီး ယဇ်ပူဇော်သောသူတို့၏သင်္ချိုင်းဂူများပေါ်တွင် ကြဲပစ်လိုက်လေ၏။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။