၂ ကော 8:5 - မြန်မာ့စံမီသမ္မာကျမ်း5 သူတို့သည် ငါတို့မျှော်လင့်ထားသည့်အတိုင်းထက်မကပြုလျက် ဘုရားသခင်၏အလိုတော်နှင့်အညီ မိမိတို့ကိုယ်ကို သခင်ဘုရားထံတော်သို့ ဦးစွာဆက်ကပ်ပြီးနောက် ငါတို့ထံသို့လည်း ဆက်ကပ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ဤသို့ပြုခြင်းသည်ငါတို့မျှော်လင့်သည် ထက်ပိုပေသည်။ သူတို့သည်ဦးစွာပထမ မိမိတို့ကိုယ်ကိုသခင်ဘုရားအားဆက် ကပ်လှူဒါန်းကြပေသည်။ ထိုနောက်ဘုရား သခင်၏အလိုတော်နှင့်အညီငါတို့အား လည်းမိမိတို့ကိုယ်ကိုလှူဒါန်းကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ထို သို့ ပြု ကြ သည် မှာ လည်း ငါ တို့ အောက် မေ့ သည့် အ တိုင်း မ က ဘု ရား သ ခင့် အ လို တော် အ လျောက် အ ရှင် ဘု ရား နှင့် ငါ တို့ အား ကိုယ် ကို ဦး စွာ လွှဲ အပ် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုသို့ပြုကြသော်၊ ငါတို့မျှော်လင့်သည်အတိုင်းထက်မက ပြု၍၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ရှေ့ဦးစွာ သခင်ဘုရား၌လည်းကောင်း၊ ငါတို့၌လည်းကောင်း၊ မိမိတို့ကို မိမိတို့ လှူကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထိုသို့ သူတို့သည် ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ပိုပြုကြ၏။ သူတို့သည် ဦးစွာ ဘုရားသခင်ထံ မိမိကိုယ်ကိုယ် ဆက်ကပ်လှူဒါန်းပြီးနောက် ဘုရားသခင်၏ အလိုတော်အားဖြင့် ကျွန်ုပ်တို့ထံ၌လည်း ဆက်ကပ်လှူဒါန်းကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။