သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
၄ ရာ 1:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားက ‘သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ သူ့အား မိန့်တော်မူပြီ”ဟု မိန့်ဆို၏။ ဧလိယလည်း ထွက်သွားလေ၏။ Common Language Bible မင်းကြီးအား`မိမိ၏သလွန်မှတစ်ဖန်ပြန်၍ ထနိုင်မည်မဟုတ်ကြောင်း၊ သေမည်ဖြစ်ကြောင်း ထာဝရဘုရားမိန့်တော်မူသည်ကိုသင်တို့ လျှောက်ထားကြလော့' ဟုဆင့်ဆိုရမည်'' ဟု မိန့်တော်မူသည်။ ဧလိယသည်ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းပြုသဖြင့်၊- Garrad Bible သို့ ဖြစ် ၍ သင် သည် ယ ခု နေ သော သာ လွန် ထက် မှ ဆင်း ခွင့် မ ရ။ မု ချ သေ ရ မည် ဟူ သော ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို ဆင့် ဆို လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ဧ လိ ယ သွား လေ ၏။ Judson Bible ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ယခုတက်သောသလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ၊ စင်စစ်သေရမည်ဟု သူတို့အားဆင့်ဆိုရမည်အကြောင်း မိန့်တော်မူသည်အတိုင်း၊ ဧလိယသွားလေ၏။ |
သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
ယခု သင်ထ၍ ကိုယ့်အိမ်သို့ပြန်လော့။ မြို့ထဲသို့ သင်ခြေချလိုက်သည်နှင့် သူငယ်သေလိမ့်မည်။
ထို့ကြောင့် ဧလိယသည် အာဟပ်မင်းကြီးထံ ကိုယ်တိုင်သွားလေ၏။ ထိုစဉ်က ရှမာရိပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်နေ၏။
ဧလိယက ရှင်ဘုရင်အား “ထာဝရဘုရားက ‘သင်သည် တမန်ကိုစေလွှတ်၍ ဧကြုန်ဘုရားဗာလဇေဗုပ်ကို မေးမြန်းစေသည်မှာ အစ္စရေးပြည်၌ မေးမြန်းစရာ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
တမန်တို့သည်လည်း ပြန်လှည့်လာကြသဖြင့် ရှင်ဘုရင်က “သင်တို့ အဘယ်ကြောင့် ပြန်လာကြသနည်း”ဟု မေးတော်မူ၏။
တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။
ထိုကာလတွင် ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်းဖြစ်လေ၏။ ထိုအခါ အာမုတ်၏သားပရောဖက်ဟေရှာယက သူ့ထံသို့လာ၍ “ ‘သင်သေရမည်။ သင်အသက်ရှင်ရတော့မည်မဟုတ်သောကြောင့် သင့်နန်းတွင်းရေးရာတို့ကို စီမံခဲ့လော့’ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု လျှောက်လေ၏။
ဧလိရှဲကလည်း သူ့အား “ ‘ဤဝေဒနာမှ အမှန်ပင်ပြန်ကောင်းလာလိမ့်မည်’ဟု ရှင်ဘုရင်ကို ပြန်လျှောက်လော့။ သို့သော် သူမုချသေရမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆိုလျှင်
ဖြောင့်မတ်ခြင်း၌တည်မြဲသောသူသည် အသက်ရှင်ခြင်းသို့ရောက်လိမ့်မည်။ မကောင်းမှုနောက်သို့လိုက်သောသူမူကား သေခြင်းသို့ရောက်လိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
“ထိုသူတို့သည် တောကန္တာရ၌ မုချသေရမည်”ဟု ထာဝရဘုရား မိန့်တော်မူခဲ့သောကြောင့် ထိုသူတို့တွင် ယေဖုန္နာသား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှ မကျန်ရစ်ပေ။
ထာဝရဘုရားသည် သင်နှင့်အစ္စရေးလူမျိုးတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်တော်မူမည်။ မနက်ဖြန်နေ့တွင် သင်နှင့် သင့်သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် အစ္စရေးစစ်သည်တို့ကိုလည်း ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်တော်မူမည်”ဟု သူ့အား ဆို၏။