သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
၃ ရာ 8:29 - မြန်မာ့စံမီသမ္မာကျမ်း ‘ဤနေရာ၌ ငါ့နာမတည်မည်’ဟု ကိုယ်တော်မိန့်မှာထားသည့်အတိုင်း ဤနေရာ၊ ဤအိမ်တော်ကို နေ့ညမပြတ်စောင့်ကြည့်တော်မူပါ။ ဤနေရာသို့မျက်နှာမူပြီးဆုတောင်းသော ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ Common Language Bible ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ်ရွေးချယ်တော်မူရာ ဗိမာန်တော်ကိုနေ့ ညမပြတ်စောင့်ထိန်းကြည့်ရှုတော်မူပါ။ ဤ ဗိမာန်တော်သို့မျက်နှာမူလျက် အကျွန်ုပ်တောင်း လျှောက်သောအခါနားညောင်းတော်မူပါ။- Garrad Bible ငါ့ နာ မ တည် မည် ဟူ၍ ရည် ရွယ် တော် မူ သော ဤ ဌာ န၊ ဤ ဗိ မာန် တော် ကို နေ့ ညဉ့် မ ဟူ မျက် မှောက် ပြု တော် မူ သည့် အ လျောက် ဤ ဌာ န သို့ မျက် နှာ မူ လျက် ကျွန် တော် မျိုး တောင်း လျှောက် ချက် ကို နား ညောင်း တော် မူ ပါ။ Judson Bible ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညမပြတ်ကြည့်ရှု၍၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ |
သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
ယုဒပြည်တွင် ရှောလမုန်မင်းကြီး၏သားတော်ရောဗောင် နန်းတက်၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသောဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ် စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။
ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ သို့သော် ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကို ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ၊ ထိုတစ်ပါးအမျိုးသားတို့ တောင်းလျှောက်သမျှကို ပြုပေးတော်မူပါ။ သို့မှ မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကဲ့သို့ ကိုယ်တော်၏နာမတော်ကို သိကျွမ်း၍ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကိုလည်း ကိုယ်တော်၏နာမတော်တည်ရာအိမ်တော်ဟု ခေါ်ဝေါ်ကြောင်း သိကြပါလိမ့်မည်။
ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ ဆုတောင်းအသနားခံသည်ကို မြင်တော်မူလှည့်ပါ။ ကိုယ်တော့်ထံ တောင်းလျှောက်သမျှကို နားညောင်းတော်မူပါ။
ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
အို ထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ အို ထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ စေတမန်ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အား ကဲ့ရဲ့ပြစ်တင်စေသောသနာခရိပ်မင်းကြီး၏စကားအလုံးစုံတို့ကို နားထောင်တော်မူပါ။
“ဂျေရုဆလင်မြို့တွင် ငါ့နာမကိုတည်စေမည်”ဟု ထာဝရဘုရား မိန့်တော်မူရာနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်တွင် ယဇ်ပလ္လင်များကို တည်၏။
မိမိကိုယ်တိုင်ထွင်းထုထားသော အာရှရနတ်ဘုရားမရုပ်တုကိုလည်း အိမ်တော်တွင် ထားရှိ၏။ ထာဝရဘုရားက ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။
ထို့ကြောင့် ထာဝရဘုရားက “အစ္စရေးလူမျိုးကို ငါဖယ်ရှားပစ်သကဲ့သို့ ယုဒလူမျိုးကိုလည်း ငါ့ရှေ့မှဖယ်ရှားပစ်မည်။ ငါရွေးချယ်ခဲ့သောဂျေရုဆလင်မြို့နှင့် ‘ထိုနေရာ၌ငါ့နာမကိုတည်စေမည်’ဟု ငါဆိုခဲ့သောအိမ်တော်ကို ငါစွန့်ပစ်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
သူတို့သည် ထိုပြည်တွင်နေထိုင်၍ ကိုယ်တော်၏နာမတော်အဖို့ သန့်ရှင်းရာဌာနတော်ကို တည်ကြပါ၏။
“ဂျေရုဆလင်မြို့တွင် ငါ့နာမကိုအစဉ်တည်စေမည်”ဟု ထာဝရဘုရား မိန့်တော်မူရာနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်တွင် ယဇ်ပလ္လင်များကို တည်၏။
မိမိကိုယ်တိုင်ထွင်းထုထားသော ရုပ်တုဆင်းတုကိုလည်း ဘုရားသခင်၏အိမ်တော်တွင် ထားရှိ၏။ ဘုရားသခင်က ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးမျိုးနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။
‘ဤနေရာ၌ ငါ့နာမတည်မည်’ဟု ကိုယ်တော်မိန့်မှာထားသည့်အတိုင်း ဤနေရာ၊ ဤအိမ်တော်ကို နေ့ညမပြတ်စောင့်ကြည့်တော်မူပါ။ ဤနေရာသို့မျက်နှာမူပြီးဆုတောင်းသော ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။
အို အကျွန်ုပ်၏ဘုရားသခင်၊ ယခု မြင်တော်မူလှည့်ပါ။ ဤနေရာတွင် ဆုတောင်းသောအသံကို နားစွင့်တော်မူပါ။
မျက်စိကိုဖွင့်၊ နားကိုစွင့်တော်မူ၍ ကိုယ်တော်၏အစေအပါးအစ္စရေးလူမျိုးတို့အတွက် ရှေ့တော်၌ နေ့ညမပြတ်ဆုတောင်းပေးသောကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ အစ္စရေးလူမျိုးတို့ ကျူးလွန်မိသောအပြစ်၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ဘိုးဘေးအမျိုးအနွယ်တို့ ကျူးလွန်မိသောအပြစ်တို့ကို ဝန်ချတောင်းပန်ပါ၏။
သို့သော် သင်တို့သည် ငါ့ထံပြန်လာ၍ ငါ့ပညတ်တို့ကို လိုက်နာစောင့်ထိန်းမည်ဆိုလျှင် မိုးကောင်းကင်အစွန်းသို့ နှင်ထုတ်ခြင်းခံရသော်လည်း ထိုအရပ်မှပြန်လည်စုစည်း၍ ငါ့နာမတည်စေရန် ငါရွေးချယ်ထားသောအရပ်သို့ ပြန်လည်ခေါ်ဆောင်လာမည်’ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်ကို သတိရတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏သန့်ရှင်းသော ဗိမာန်တော်သို့မျက်နှာမူ၍ ရှိခိုးကိုးကွယ်ပါမည်။ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်သမ္မာတရားအတွက် နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား ကိုယ်တော်သည် နာမတော်နှင့်ကတိတော်တို့ကို အရာခပ်သိမ်းတို့ထက် ချီးမြှောက်တော်မူပြီ။
ထာဝရဘုရား၏မျက်စိတော်သည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှု၍ ကိုယ်တော်၏နားတော်သည် သူတို့၏အော်ဟစ်သံကိုနားထောင်တော်မူ၏။
သင်တို့သည် ငါ့အတွက် မြေယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များအဖြစ် သင်တို့၏သိုးများ၊ နွားများကို ယဇ်ပူဇော်ရမည်။ ထိုသို့ ငါ၏နာမတော်ကိုအောက်မေ့ရာအရပ်ရပ်ရှိ သင်တို့ထံသို့ ငါကြွလာ၍ သင်တို့ကိုကောင်းချီးပေးမည်။
ထိုအမိန့်စာကို ဒါရိမင်းကြီးလက်မှတ်ရေးထိုးကြောင်း ဒံယေလကြားသိသော်လည်း သူသည် အိမ်သို့ပြန်၍အပေါ်ထပ် မိမိအခန်းသို့ဝင်ကာ ဂျေရုဆလင်မြို့ဘက်သို့မျက်နှာမူထားသော ပြတင်းပေါက်ကိုဖွင့်ပြီး ဘုရားသခင်ရှေ့တော်တွင် ယခင်ကတစ်နေ့သုံးကြိမ်ဒူးထောက်ဆုတောင်းခဲ့သည့်အတိုင်း ဆုတောင်းလျက်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ့်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။
ထာဝရဘုရားက “ထိုနေ့ရက်တွင် ငါသည် စစ်မြင်းရှိသမျှကို ယောက်ယက်ခတ်စေ၍ မြင်းစီးသူရဲတို့ကို ရူးသွပ်သွားအောင် ဒဏ်ခတ်မည်။ ယုဒအမျိုးအနွယ်ကို ကြည့်ရှုစောင့်ရှောက်မည်။ လူမျိုးတကာတို့၏စစ်မြင်းရှိသမျှကို မျက်စိကွယ်သွားအောင် ဒဏ်ခတ်မည်။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
မျိုးနွယ်တစ်နွယ်ထဲရှိ ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ ထိုနေရာ၌ ငါမှာကြားထားသမျှကို သင်ပြုရမည်။
နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။
နာမတော်ကိန်းဝပ်ရာအဖြစ် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သိုး၊ နွား တို့ကို ပသခါယဇ်အဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားထံ ပူဇော်ရမည်။
ထိုပသခါယဇ်ကို အီဂျစ်ပြည်မှသင်ထွက်လာသောအချိန်ဖြစ်သည့် ညနေနေဝင်ချိန်မျိုးတွင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌သာ ပူဇော်ရမည်။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်မှထွက်ရှိသည့် မြေအသီးအနှံအားလုံး၏အသီးဦးအချို့ကိုယူ၍ တောင်းထဲထည့်ပြီးလျှင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။